"မန္တလေး
မဟာအောင်မြေမြို့နယ် လန်ဒန်ဝင်းရပ် တရားပွဲ"
=================================
တပို့တွဲလပြည့်ကျော် ၃ ရက်၊ 14.2.2017 ည ၈း၀၀ နာရီ၊ မန္တလေး၊
မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့၊ အကွက် (၄၁၅)၊ လန်ဒန်ဝင်းရပ်၊ ပုညဝဍ္ဎနသုခကာရီ
ဓမ္မာရုံ၊ လပြည့်နေ့တိုင်း စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ (၁၄)နှစ်ပြည့်အောင်ပွဲ ဓမ္မသဘင်။
တရားပွဲက ကိုးညပါ။
စာရေးသူက
လေးညမြောက်ပါ။
တရားပွဲဦးဆောင်ကျင်းပသူက
စာရေးသူရဲ့ ဆွမ်းဒကာ ဒကာမ၊ တရားပွဲကျင်းပရာရပ်ကွက်က ဆွမ်းချိုင့်အိမ် ဓမ္မမိတ်ဆွေရပ်ကွက်ပါ။
ထိုင်းနိုင်ငံသာသနာတော်အကြောင်း
အဓိကထား ဟောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ
မကြာခင် တောင်ပိုင်းက မွတ်စလင်နိုင်ငံတစ်ခု ဖြစ်လာနိုင်ပြီး တစ်နိုင်ငံလုံးအနေနဲ့တော့
အင်ဒိုနီးရှားမှာ သာသနာကွယ်သလို ဗုဒ္ဓဘာသာပြည်သူတွေ သန်းချီ အသတ်ခံရမယ့် အနေအထားလည်း
တွေ့မြင်နေရပါတယ်။
ဒါကြောင့်
မြန်မာပြည် ထိုင်းလိုမဖြစ်ရအောင် ကာကွယ်ရေးဗျူဟာ ၅ ပါး ဟောကြားခဲ့ပါတယ်။
တရားတော်ရဲ့အမည်ကတော့
'တန်ဖိုးရှိလို့ ကာကွယ်သည်'တရားတော်ပါ။
No comments:
Post a Comment