Thursday, February 23, 2017

"မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲကျင်းပပြီးပါပြီ"

"မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲကျင်းပပြီးပါပြီ"
===================================

ဒီနေ့ 23.2.2017 ညနေ ၃း၃၀ နာရီမှာ မဟာမြတ်မုနိဘုရားဝင်း နာရီစင်နားမှာ စုဝေးကြပြီး မဟာမြတ်မုနိရုပ်ပွားတော်ကြီးမှာ ပရိတ်ရွတ်ကြပါတယ်။

ထိုင်းပြည်သူတွေနှင့် ထိုင်းသံဃာတော်တွေကို ရည်ရွယ်၍ အန္တရာယ်ကင်းအောင် မေတ္တာသုတ်၊ မင်းဘေးမှလွတ်မြောက်အောင် မောရသုတ်၊ ကျန်းမာရေးကောင်းအောင် ဗောဇ္ဈင်သုတ် သုံးခေါက်စီ ရွတ်ဆိုခဲ့ကြပါတယ်။
၎င်းနောက် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်ပူဇော်၍ အရှေ့စောင်းတန်းမှထွက်ကာ လမ်းမကြီးအတိုင်း တောင်ဘက်မုခ် အနောက်ဘက်မုခ် မြောက်ဘက်မုခ်မှ နာရီစင်မှာ လူစုခွဲခဲ့ကြပါတယ်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စုစုပေါင်းအင်အား ၂၀၀ ကျော်တက်ရောက်ကြပါတယ်။


ဓမ္မကာယဆရာတော်ကြီးနှင့်တကွ သံဃာတော်များ ပြည်သူများ မင်းဘေးမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။


























No comments:

Post a Comment