"စဥ့်ကိုင်မြို့နယ်
ကံသာအေးကျေးရွာ တရားပွဲ"
==========================
တပို့တွဲလဆုတ်
၆ ရက်၊ (17.2.2017) ည ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ အင်္လျှားအရှေ့/အနောက်
ကံသာအေးရွာ၊ သောကြာလူငယ် ဘုံဆွမ်းလောင်းအဖွဲ့ စတုတ္ထအကြိမ် အထူးဓမ္မသဘင်။
တရားမဟောခင်
အင်္လျှားအနောက်ရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခဏနားပါတယ်။
စဥ့်ကိုင်မြို့နယ်
သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး၊ ရပ်/ကျေး သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အင်္လျှားအနောက်ကျောင်းဆရာတော်
ဦးစန္ဒိမာတို့အား ဖူးမြော်ပူဇော်ပြီး စာအုပ်စာစောင်များ လှူဒါန်းပါတယ်။
မြို့နယ်သံဃနာယကဥက္ကဋ္ဌ
ဆရာတော်ကြီးက တဘက်စွဲရွာတရားပွဲတုန်းက ညစဉ် လာရောက်စောင့်ရှောက်တဲ့ ဆရာတော်ကြီးပါ။
ရွာသူရွာသားများနှင့်
ယခင်တစ်ကြိမ်လည်း ဆုံခဲ့ဖူးတာကြောင့် သုတ္တန်သက်သက်ပဲ ဟောကြားခဲ့ပါတယ်။
တရားတော်ရဲ့အမည်က
နမောတဿတန်ဖိုး တရားတော်ပါ။
No comments:
Post a Comment