Monday, February 27, 2017

သူငယ်ချင်းအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါ လင်းဇော်ထွန်း

သူငယ်ချင်းအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါ လင်းဇော်ထွန်း
********************************

လင်းဇော်ထွန်းနဲ့ တစ်ခါတွေ့ဖူးပါတယ်။
အင်းစိန်ရွာမမှာပါ။
သူက မဘသ ( ဗဟို ) နဲ့ မန်း မဘသအတွက် သိန်း၂၀၀ ကျပ်စီလှူတဲ့ပွဲပါ။

အဲဒီတုန်းက ရေတွေကြီးနေလို့ စာရေးသူက လူ/ကယ် အဖွဲ့ အသုံးမကျကြောင်း၊သဘာဝဘေးအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ထားသင့်ကြောင်း၊
ရဟတ်ယာဉ်နှစ်စင်းလောက်နဲ့ အလုပ်မဖြစ်ကြောင်း၊
ပုဂ္ဂလိကလေကြောင်းလိုင်းတွေကလည်း အားမကိုးရကြောင်း ပြောဖြစ်တာပါ။

အဲဒီတုန်းက သူဟာ အမတ်လောင်းမဟုတ်သေးပါ။
အဲဒီနောက်ပိုင်းလည်း အဆက်အသွယ်မရှိပါ။

သူငယ်ချင်းနှစ်ယောက်က လူသတ်မှုကျူး လွန်တာနဲ့ သူပါ အမှုတွဲခံနေရတာတွေ့ရပါတယ်။

ကလော NLD စည်းကမ်းထိန်း တော်မီအောင် မုဒိမ်းမှုကျူးလွန်တော့
NLD မဟုတ်ပါဘူးလို့ ငြင်းကြတယ်။
ဖြု တ်ထုတ်လိုက်ပါပြီလို့လည်း ဆိုကြတယ်။
စာနယ်ဇင်းတွေကလည်း လုံးဝ မရေးကြဘူး။

ဒကာ လင်းဇော်ထွန်းရေ အဲဒီနှစ်ကောင်ကို သူငယ်ချင်းအဖြစ်မှ အမွေပြတ်စွန့်လွှတ်ပြီးကြောင်း ကြေညာလိုက်ဗျာ။

အဲဒါ မွတ်နည်းနဲ့ ငှက်နည်းပဲဗျ။
------------------------=----------------------------

"ကျွန်တော့်အနေနဲ့ လွှတ်တော်အမတ်အနေနဲ့ မပြောနဲ့ သာမန်လူတစ်ယောက်အနေနဲ့တောင် ဒီလိုမျိုး လုပ်ဖို့ တွေးတောင်မတွေးမိပါဘူး

မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးလင်းဇော်ထွန်းနဲ့ တွေ့ဆုံခြင်း။
=============================================

ရွှေတြိဂံဒေသ သတင်းဌာန အနေနဲ့ ဆရာဦးကိုနီနှင့် နောက်ဆုံး အင်တာဗျုးလုပ်ခဲ့ပြီး၊ ဆရာဦးကိုနီ အမှုနောက်ဆက်တွဲကိုလည်း မျက်ခြေမပြတ်ရေးသားတင်ပြခဲ့ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲနောက်ပိုင်းက ကောလာဟလနဲ့ပတ်သက်ပြီး စာဖတ်သူ/ပြည်သူတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာများအား မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို ရွှေတြိဂံဒေသ သတင်းဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ရပါတယ်။

မေး။ ။ ဦးလင်းဇော်ထွန်းပါလား ခင်ဗျာ။ ကျွန်တော်က ရွှေတြိဂံဒေသ သတင်းဌာနက အယ်ဒီတာချုပ် ကိုထွန်း(မိုင်းဖြတ်)ပါ ခင်ဗျာ။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းချင်တယ်။

ဖြေ။ ။ ဟုတ်ကဲ့ မေးပါ ခင်ဗျာ။

မေး။ ။ ဆရာဦးကိုနီ အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယရှိနေတဲ့ ကိုအောင်ဝင်းခိုင် နဲ့ ဦးလင်းဇော်ထွန်းတို့ ပတ်သက်မှုတွေ ရှိတယ်လို့ သိရတယ်။ ဘယ်လို ပတ်သက်မှုမျိုးရှိတာပါလဲ ခင်ဗျ။

ဖြေ။ ။ ကိုအောင်ဝင်းခိုင်နဲ့က တစ်ပတ်စဉ်တည်း။ မိခင်တပ်ရင်း တစ်ရင်းထဲ တာဝန်ကျဖူးတဲ့ သူငယ်ချင်းပါ။

မေး။ ။ အဆက်အသွယ်ရော ဘယ်တုန်းက နောက်ဆုံးရှိခဲ့တာလဲ။ ခုရက်ပိုင်းမှာ ဦးလင်းဇော်ထွန်းနဲ့ တွဲရိုက်ထားတဲ့ပုံတွေ လူမှုကွန်ရက်မှာဘာလို့ ပျံနှံလာတာလဲ။

ဖြေ။ ။ဟောင်ကောင်ကို မိသားစုနဲ့ ပညာရေးကိစ္စသွားတာပါ။ သူတို့နဲ့ ဟောင်ကောင်လေဆိပ်မှာ Flight Cancel ဖြစ်လို့ မပြန်ဖြစ်သေးဘဲ တွေ့တာ။ သူတို့ အလုပ်ကိစ္စနဲ့ သူတို့ရောက်နေတာ။ အဲ့လိုတွေ့တာနဲ့ ဓါတ်ပုံရိုက်တာပါ။ ကျွန်တော့်မိတ်ဆွေတွေကတောင် အောင်ဝင်းခိုင်ပုံတွေ ဖျက်ဖို့ပြောကြပါသေးတယ်။ ကျွန်တော့်ဘာသာ ရိုးရိုးသားသားတင်ထားလို့ မဖျက်တာပါ။

မေး။ ။ဦးအောင်ဝင်းခိုင်က ဘယ်လိုပုံစံ ဘယ်လိုအကျင့်တွေရှိလဲဗျ။

ဖြေ။ ။ ကိုအောင်ဝင်းခိုင်ကတော့ ကျောင်းကတည်းက ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ သူများကိုလည်း ကူညီတယ်။ အခုသူ တပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အချိန် ပြန်တွေ့တာပါ။ BBC က မေးလို့တောင် ကျွန်တော်ကတော့ သူဒီလိုမျိုး လုပ်မယ်မထင်ဘူးလို့ ပြောလိုက်တယ်။

မေး။ ။ ဦးလင်းဇော်ထွန်းနဲ့တွေ့ရင် ဘာတွေ အများဆုံးပြောဖြစ်လဲ။ ဘယ်အကြောင်းအရာတွေလဲပေါ့။

ဖြေ။ ။ကျွန်တော်ကလည်း သိပ်အားတာ မဟုတ်ပါဘူး။ စနေ၊တနင်္ဂနွေအားတဲ့ရက် ကျောင်းက တက်ရသေးတယ်။ အဲဒီမှာ အချိန်ရရင် သူတို့နဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင် ဟိုအကြောင်းဒီအကြာင်းပြောကြတာပေါ့။ အဲဒီမှာထိုင်ရင် သူတို့နှစ်ယောက်တည်းနဲ့မဟုတ်ပါဘူး။ တခြားနိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေလည်းပါပါတယ်။ ပြောဖြစ်တာက စစ်ရေးအကြောင်းလည်းပါတယ်။ လွှတ်တော်အကြောင်းလည်းပါတယ်။ စီးပွားရေးအကြောင်း ပြောဖြစ်ကြတာပါ။

မေး။ ။ကိုအောင်ဝင်းခိုင်အနေနဲ့ အရင်က မဲဆွယ်တုန်းက ပါဝင်ပတ်သက်ဖူးတယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။မဲဆွယ်တုန်းကလည်း မပတ်သက်ခဲ့ပါဘူး။ ကျွန်တော့်ကိုယ်စားလှယ်ကလည်း မိုင်းဖြတ်ကပါ။ ကော်မရှင်မှာလည်း တရာဝင်မှတ်တမ်းရှိပါတယ်။ BBC က မေးလို့ အခုလို ကျွန်တော့်အကြောင်း လူမှုကွန်ရက်မှာ ပျံ့တာပါ။ သူမေးတာကလည်း တစ်ပတ်စဉ်ထဲလား။ ဘာကြောင့်တပ်ကထွက်တာလဲ မေးတာပါ။ မေးတာမှ နှစ်ကြိမ်တောင်ဗျာ။ ဒုတိယအကြိမ်ဆို နဲနဲတောင် စိတ်မရှည်ချင်တော့ဘူးဖြစ်သွားတယ်ဗျ။ ထုတ်လွှင့်တဲ့အခါကျမှ အရင်တပ်ကတည်းက တာဝန်ထမ်းဆောင်မှုနဲ့ ယခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို high light လုပ်ပြီးဖော်ပြသွားတာပါ။

မေး။ ။ခုလိုကောလာဟလတွေ ထွက်နေတဲ့အပေါ် ဘာပြောချင်ပါသလဲ။သက်ဆိုင်ရာက ဦးလင်းဇော်ထွန်းကို စစ်ဆေးမေးမြန်းတာတွေ ရှိသလား။

ဖြေ။ ။အခု ကောလဟလတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးကလည်း ခေါ်မေးပြီးပါပြီ။ ဒီဖြစ်စဉ်နဲ့က ကျွန်တော်နဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးဆိုတာ တွေ့ရလို့ ပတ်သက်မှုမရှိကြောင်းလည်း ပြောသွားတာပေါ့။ မေးတာတွေကတော့ သူတို့နဲ့ ပတ်သတ်မှု ဘယ်လိုရှိလဲ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘာတွေပြောကြလဲ။ ဟောင်ကောင်မှာ သွားတဲ့ အခြေအနေတွေမေးတာပါ။

မေး။ ။ ဦးလင်းဇော်ထွန်းက တပ်မတော်ကနေ ဘာလို့အနားယူလိုက်တာလဲဗျ။

ဖြေ။ ။တပ်မတော်က အနားယူတာကတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရွေးချယ်ခံချင်လို့ သတင်းပို့ပြီး အနားယူတာပါ။ ကျွန်တော်က ရှမ်းအရှေ့မှာ အကြာကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီတုန်းက ဒေသအကျိုး ပြည်သူ့အကျိုး အများကြီး ကူညီခဲ့ဖူးပါတယ်။ သေချာပေါက်လည်း နိုင်နိုင်တယ်ဆိုပြီး အရွေးခံဖို့ တပ်ကအနားယူပြီး ပါတီထဲ ၀င်ခဲ့တာပါ။ ပါတီထဲရောက်မှ ကျိုင်းတုံက အရွေးခံခွင့်မပေးဘဲ မိုင်းဖြတ်က ပြည်သူ့လွှတ်တော်နေရာ အရွေးခံဖို့ တာဝန်ပေးတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရတာပါ။

မေး။ ။ဦးကိုနီ သေဆုံးမှုနဲ့ ပတ်သတ်ပြီး ဦးလင်းဇော်ထွန်း အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ဦးကိုနီ က လူတော်တစ်ယောက်ပါ။ သူက ဥပဒေရေးရာနဲ့ ပတ်သက်ပြီး တော်တော်ကို နှံနှံစပ်စပ်ရှိတဲ့သူတစ်ယောက်ပါ။ ဦးကိုနီသေဆုံးမှုနဲ့ ပတ်သက်ပြီး လူတစ်ယောက် အခုလိုဖြစ်သွားတာကို လုံးဝ စိတ်မကောင်းပါဘူး။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ကျွန်တော်ကို ကောလာဟလ ထုတ်ပြီး ကျန်တဲ့ အဖွဲ့အစည်းတွေကိုပါ သိက္ခာကျအောင် လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ရှေ့ဆက်ပြီးလုပ်လာရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဥပဒေအတိုင်း ဆက်လုပ်သွားဖို့ရှိပါတယ်။

မေး။ ။သတင်းစာရှင်းလင်းပွဲမှာ လူငယ်သဘာဝ စိတ်လိုက်မာန်ပါ ဖြစ်မှုနဲ့ အစွန်းရောက်မျိုးချစ်စိတ် ကို ပြောသွားပါတယ်။ ကိုဇေယျာဖြိုး၊ ကိုအောင်ဝင်းခိုင်တို့ အပြင် ဦးလင်းဇော်ထွန်းလည်း ပါဝင်ဆွေးနွေးကြတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ ကျန် နှစ်ယောက်ကတော့ လက်တွေ့ ကျူးလွန်ခဲ့တယ်။ ဦးလင်းဇော်ထွန်းကတော့ အမတ်တယောက်အနေနဲ့အပြင် လက်ရှိနေရာအရ ဒါမျိုးကျူးလွန်မှာ မဟုတ်ဘူးလို့ ဆိုတယ်။ ဆိုတော့ တကယ်ပဲ အမုန်းစကားတွေ ပြောခဲ့လား၊ အစွန်းရောက် မျိုးချစ်စိတ်နဲ့ ပြစ်မှုကျူးလွန်ရလောက်အောင် ပြောခဲ့ဆိုခဲ့ကြသလား သိချင်ပါတယ်။

ဖြေ။ ။ကျွန်တော်တို့ ပြောကြဆိုကြတာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ စစ်ရေး၊ လွှတ်တော်အကြောင်း၊ အစိုးရအကြောင်း၊ ပါတီတွေအကြောင်းပါ။ အကြောင်းအရာအစုံပါပဲ။ ကျွန်တော့်အနေနဲ့ လွှတ်တော်အမတ်အနေနဲ့ မပြောနဲ့ သာမန်လူတစ်ယောက်အနေနဲ့တောင် ဒီလိုမျိုး လုပ်ဖို့ တွေးတောင်မတွေးမိပါဘူး။ ကျွန်တော်တို့ ပြောကြဆိုကြတာလည်း အစွန်းရောက်တဲ့ အနေအထားမျိုးလည်း မရှိပါဘူး။ သူတို့ စိတ်ထဲမှာ ဘယ်လိုရှိမယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ သေချာတာ တစ်ခုကတော့ ဒီလိုကိစ္စမျိုး တခါမှ သူတို့မပြောဖူးဘူး။

မေး။ ။ ဒီနိုင်ငံမှာ ဘာသာရေးလူနည်းစု မူဆလင်တွေအပေါ်၊ မူဆလင်တွေရဲ့ အကျိုးစီးပွားကို ဥပဒေဘောင်တွင်းက ထုတ်ဖော်ပြောဆို ကာကွယ်သူတွေ ရှိနေကြတယ်။ ဒါက ဒီမိုကရေစီ စနစ်မှာ ဖြစ်ရိုးဖြစ်စဉ်၊ လူနည်းစုရဲ့ ကိုယ်စားပြုခွင့်ကို ဥပဒေဘောင်တွင်းက ဖြစ်နိုင်သရွေ့  အားပေးရမယ့် ကိစ္စလို့ထင်ပါတယ်။ သိချင်တာက ဦးလင်းဇော်ထွန်းအနေနဲ့ ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့  ဒီလို ဥပဒေဘောင်တွင်းက ကိုယ်စားပြုမှုမျိုးကို သဘောမတူနိုင်တဲ့ အမြင်မျိုး ရှိပါသလားခင်ဗျ။

ဖြေ။ ။ ဒီနိုင်ငံမှာဘာသာရေး လူနည်းစု အပေါ်နှိပ်ကွပ်တာမရှိပါဘူး။ ဥပဒေဘောင်ထဲက နိုင်ငံသားဆိုရင် ဥပဒေက အားလုံးကို ကာကွယ်ပေးတာပဲ။ အခြားဘာသာကို နှိပ်ကွပ်မယ်ဆိုတဲ့ စိတ်မျိုးလည်းမရှိပါကြဘူး။ ကျွန်တော့်မှာ ခရစ်ယာန်ရော အစ္စလာမ်ဘာသာဝင် မိတ်ဆွေအပေါင်းအသင်းတွေအများကြီးပါ။ လွှတ်တော်ထဲမှာ ဆွေးနွေးကျရင်လည်း ကိုယ်အမြင်မတူတာတွေကို ဆွေးနွေးပြောဆိုခွင့်ရနေတာပဲ။ ကျွန်တော်အမြင်မတူတာရှိရင်လည်း မတူတာကို ဆွေးနွေးသွားမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။


ဖြေ။ ။ ကျေးဇူးတင်ပါတယ်။




No comments:

Post a Comment