“ပါဠိဆရာတော်ကြီး မွေးနေ့အလှူပွဲ”
=========================
နတ်တော်လဆန်း ၁ ရက် 30.11.2016 မနက် ၅း၃၀ နာရီ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်
မစိုးရိမ်တိုက်ကြီး ပါဠိနယူပဒေသကျောင်းမှာ
ကျင်းပပါတယ်။
ပါဠိနယူပဒေသကျောင်း
နာယကဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
သက်တော် ၇၁ နှစ်
မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူတာပါ။
ပင့်သံဃာများအား
ပါဠိကျောင်းမှာ ဆက်ကပ်ပြီး ကျောင်းတိုက်သံဃာများအား သီးခြားဆက်ကပ်ပါတယ်။
မစိုးရိမ်တိုက်ကြီးနှစ်တိုက်မှ
နာယကဆရာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။
နာယကဆရာတော်များအား
စာအုပ်တစ်အုပ်စီနှင့် အလှူငွေ ငါးထောင်ကျပ်စီ လှူဒါန်းပါတယ်။
မွေးနေ့ရှင် ပါဠိဆရာတော်ကြီးနှင့်အတူ ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်
ကျန်းမာချမ်းသာ
ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ။








No comments:
Post a Comment