Wednesday, November 30, 2016

“သမိုင်းကပေးတဲ့သင်ခန်းစာ စာအုပ်အညွှန်း (၁၈)”

“သမိုင်းကပေးတဲ့သင်ခန်းစာ စာအုပ်အညွှန်း (၁၈)”
==========================

ဒီစာအုပ်လေး လက်ဆောင်ရထားပါတယ်။
ရည်ရွယ်တာက တိုင်းရင်းသားတွေအတွက်ပါ။
ရေးသားသူက အနော်ရထာ ပါ။
ဆရာကြီးဦးအောင်သင်းနှင့် ဆရာကြီး ဒေါက်တာသန်းထွန်းတို့ အဆိုအမိန့်တွေကိုလည်း မျက်နှာဖုံးနှင့် ကျောဖုန်းမှာ ဖော်ညွှန်းထားပါတယ်။
တစ်ခြား စုစည်းထားသမျှ အမျိုးသားရေးရာ စာတိုပေစများလည်း ပါပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တို့ရဲ့ အဆိုအမိန့်တွေလည်း ပါပါတယ်။
အခန်းဆက် နေ့စဉ် တင်ပြသွားပါမယ်။
ဝီရသူ (မစိုးရိမ်)
8.11.2016
---------------------------------------------------------------------

“တိုင်းရင်းသားများအတွက် သမိုင်းကပေးတဲ့ သင်္ခန်းစာ”
အပိုင်း (၂)

အိန္ဒိယပြည်နယ်နဲ့ အစ္စလာမ်ဘာသာ
အိန္ဒိယပြည် တစ်ဝန်းလုံးကို စုပေါင်းအုပ်ချုပ်နိုင်တဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်ကြီးများဖြစ်ကြသော စန္ဒဂုတ္တ မောရိယ၊ သီရိဓမ္မာသောက၊ ဟရ်သျှ၊ သမုဒြဂုတ္တကဲ့သို့သော ဘုရင်ကြီးများဟာ ၇-ရာစုမှ ၁၃-ရာစုတိုင်အောင် အိန္ဒိယနိုင်ငံမှာ မပေါ်ပေါက်ခဲ့သေးပါ။
          ထိုကဲ့သို့ ဘုန်းတန်ခိုးအင်အားချို့တဲ့နေစဉ် ကာလများမှာ အစ္စလာမ်ဘာသာဝင် အာရပ်၊ အာဖဂန်နှင့် မဂိုဘုရင်များတို့က ၄င်းတို့ရဲ့ တန်ခိုးအာဏာတိုးချဲ့လို၍လည်းကောင်း၊ အစ္စလာမ်ဘာသာ ပြန့်ပွားလို၍လည်းကောင်း တစ်သုတ်ပြီးတစ်သုတ် ဖော်ပြပါ ရာစုများအတွင်းမှာ အိန္ဒိယနိုင်ငံကြီးသို့ အနောက်မြောက်ဘက်အရပ်မှ ၀င်ရောက်၍ သိမ်းပိုက်ခဲ့ကြပါတယ်။
          အိန္ဒိယတိုက်ငယ်ဆင့်(ဒ်)ပြည်နယ်ကို ပထမဦးစွာ အောင်နိုင်သိမ်းပိုက်ခဲ့သူ မူဆလင်စစ်သူကြီးအမည်မှာ မဟာမ္မဒ်ဘိန်ကာဆင် ဖြစ်ပါတယ်။ ပန်ဂျတ်ပြည်နယ်၊ ဆင်းပြည်နယ်စသည်ဖြင့် အိန္ဒုမြစ်ဝှမ်းဒေသတွင် အထူးသဖြင့် ခြေကုတ်ယူ၍ ဓားမိုးအုပ်ချုပ် မင်းလုပ်ခဲ့တယ်။
          ပထမဦးစွာ အာရပ်တို့ကလည်းကောင်း၊ နောင်အာရပ်တို့ တန်ခိုးမှိန်သောအခါ အာဖဂန်တို့ကလည်းကောင်း၊ နောက်ပိုင်း မဂိုတို့ကလည်းကောင်း၊ အစ္စလာမ်ပြန့်ပွားရေးကို လူသာလဲပြီး မူမလဲသောဝါဒဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြလို့ ယနေ့တွင် အိန္ဒိယတိုက်ငယ်၌ ဘင်္ဂလားဒေ့ရှ် ၈၅ သန်းခန့် ပါကစ္စတန် သန်း ၈၀ ခန့်နှင့် အိန္ဒိယပြည်ထဲမှာပင် ယနေ့သန်းပေါင်း ၁၀၀ (၁၀)ကုဋေခန့် ထိအောင် လူဦးရေများပြားစေခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းအခြေပြစာအုပ်တွင် အစ္စလာမ်ဘာသာပြန့်ပွားရေးကို လက်နက်အားကိုးဖြင့် ဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြပါရှိပါတယ်။
          မူဆလင်တွေဟာ အာရေဗျကျွန်းစွယ်ကနေ တစ်နိုင်ငံပြီး တစ်နိုင်ငံ ဘာသာရေးကိုသိမ်းသွင်းပြီး ၀ါးမျိုလာခဲ့ရာမှာ နိုင်ငံငယ်များဖြစ်ပြီး လူဦးရေနည်းပါတဲ့ ဆီးရီးယား၊ အီရတ်၊ အီရန်၊ အာဖဂန်စတဲ့ နိုင်ငံငယ်များကို ၀ါးမျိုရတဲ့အချိန်ဟာ သိပ်မကြာလှပေမယ့် အိန္ဒိယတိုက်ငယ်ကျတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာတို့က မူဆလင်တို့အရင် ရာစုနှစ်ပေါင်းများစွာကြာပြီး အရိုးစွဲနေကြပြန်၊ လူဦးရေကလည်း ထူထပ်များပြားပြန်ဆိုတော့ ရုတ်တရက်မ၀ါးမျိုနိုင်ဘဲ ဆင်ခေါင်းခွေးချီသလို ရာစုနှစ်အတော်များများ ကြိုးစားအားထုတ်ကြရပါတယ်။ ဒါကြောင့်လည်း အိန္ဒိယပြည်ကြီး ဗြိတိသျှထံမှ လွတ်လပ်ရေးရယူတဲ့အခါ မူဆလင်ဘာသာဝင်များပြားတဲ့ ယခုပါကစ္စတန်ခေါ်တဲ့ အရပ်ဒေသနဲ့ ဘာင်္ဂလားဒေ့ရှ်ခေါ်တဲ့ အရပ်ဒေသတွေကို နိုင်ငံသီးခြားဖဲ့ပေးလိုက်ရပါတယ်။ ဒီလို မူဆလင်များရာ အရပ်ဒေသတွေကို ဖဲ့ပေးပြီးတာတောင် ယနေ့ကမ္ဘာမှာ မူဆလင်အများဆုံး မှီတင်းနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံကလွဲရင် အိန္ဒိယပြည်ထဲရှိ မူဆလင်တွေက ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။  ကမ္ဘာမှာ တတိယနဲ့ စတုတ္ထ မူဆလင်အများဆုံး နိုင်ငံတွေဟာလည်း အိန္ဒိယတိုက်ငယ်ထဲက စောစောကတင်ပြခဲ့တဲ့ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ပဲဖြစ်ပါတယ်။ အိန္ဒိယပြည်မှာခံရတာ ဟိန္ဒူဘာသာဝင်တွေသာ မကပါဘူး။ ဗုဒ္ဓဘာသာတွေကျတော့ အမြစ်ပါမကျန် ကျွတ်ကုန်ပါတော့တယ်။
          ဗုဒ္ဓမြတ်စွာဘုရားပွင့်ပြီးနောက် နှစ်ပေါင်း (၃၀၀)ခန့်အကြာ ဗုဒ္ဓဘာသာကို သူ့အလိုအလျောက် သက်ဝင်ယုံကြည် ကြည်ညိုပြီး ကူးပြောင်းလာခဲ့တဲ့ သီရိဓမ္မာသောကမင်းကြီးဟာ အများသိတော်မူတဲ့အတိုင်း ကိုးတိုင်းကိုးဌာန သာသနာပြုစေလွတ်ရုံနဲ့ အားမရသေးဘဲ သားတော်သမီးတော်တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ချင်းပြုခဲ့ပါတယ်။ နောင် ဗုဒ္ဓဘာသာဝင်မင်းများကလည်း သာသနာတော်ကို ဆက်လက်၍ အားပေးကြပါတယ်။ အိန္ဒိယပြည် နာလန္ဒဗုဒ္ဓတက္ကသိုလ်ကြီးကို ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ လာရောက်၍ ပညာဆည်းပူးနိုင်ရန် သာသနာသက္ကရာဇ် (၁၀၀၀)ခန့်တွင် ကုမ္မာရဂုတ္တမင်းတည်ထောင်ခဲ့ပါတယ်။ တခြားဗုဒ္ဓဘာသာဝင်မင်းတို့ကလည်း ၀ိက္ကမသီလာတက္ကသိုလ်၊ လေဘီတက္ကသိုလ်၊ သြဒန္တပူရီတက္ကသိုလ်၊ သောမရူပမတက္ကသိုလ်၊  ဇဂန္ဓလတက္ကသိုလ်အစရှိတဲ့ ဗုဒ္ဓတက္ကသိုလ်ကြီးများကို တည်ဆောက်ခဲ့ပြီး စာသင်သားရဟန်းတော်ပေါင်း ထောင်သောင်းချီ၍ ရှိခဲ့ပါတယ်။ အရှေ့ဖျားဗုဒ္ဓဘာသာဝင်နိုင်ငံကြီးများဖြစ်ကြတဲ့ တရုတ်ပြည်၊ ဂျပန်ပြည်၊ အင်ဒိုနီးရှား၊ ကျွန်းစုများ (ထိုစဉ်က သီရိဝိဇယသုဝဏ္ဏဘူမိနိုင်ငံတော်)စသည်တို့မှ စာသင်သားရဟန်းတော်များ၏ ဗုဒ္ဓစာပေပညာဆည်းပူးရာ တက္ကသိုလ်ကြီးများဖြစ်ခဲ့ကြပါတယ်။
          ယင်းတက္ကသိုလ်ကြီးများအား မူဆလင် အာရပ်တို့သည်လည်းကောင်း၊ အာဖဂန်မူဆလင်တို့သည်လည်းကောင်း၊ တူရကီမူဆလင်တို့သည်လည်းကောင်း ခေတ်အဆက်ဆက်ဆိုသလို မီးတိုက်ဖျက်ဆီးခြင်း၊ စာသင်သားရဟန်းတော်များကို သတ်ဖြတ်ခြင်းစသည့်ဖြင့် အပြီးတိုင်ချေမှုန်းခြင်းခံရ၍ အိန္ဒိယမှာ ဗုဒ္ဓဘာသာတို့ နာလန်မထူနိုင်အောင် ဖြစ်သွားကြပါတယ်။
          မူဆလင်သမိုင်းသုတေသီ ဆရာမိန်ဟဇက်က -
          “မူဆလင် မြင်းစစ်သည်တော်တွေဟာ နာလန္ဒတက္ကသိုလ်ကြီးကို မီးတိုက်ဖျက်ဆီးပြီး ရဟန်းတော်ပေါင်း သောင်းနှင့်ချီ၍ သိတ်ဖြတ်ပါတယ်။ ရက်ရက်စက်စက် အရှင်လတ်လတ် မီးတိုက်ပြီးသတ်ဖြတ်ပါတယ်။ စာပေပိဋကတ်တော်ကြီးများကို မီးတိုက်ချက်ဆီးကြရာမှာ ခနဲ့ချီပြီး မီးလောင်နေတယ်”လို့ မှတ်တမ်းတင်ထားပါတယ်။
          အိန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ပရခြင်း အကြောင်းတစ်ရပ်မှာ ဟိန္ဒူတို့၏ ပယောဂနဲ့ ရက်စက်မှုတို့ ပါဝင်သော်လည်း အပြီးတိုင်အမြစ်ပါမကျန် သုတ်သင်ခံရခြင်းမှာ မူဆလင်တို့ကြောင့်ဖြစ်ပါတယ်။
          ဤကဲ့သို့များပြားလှသော ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာတက္ကသိုလ်ကျောင်းတော်ကြီးများကို အလွယ်တကူဖျက်ဆီးနိုင်ရခြင်းအကြောင်းကတော့-
          ဗုဒ္ဓရဟန်းတော်များအနေဖြင့် တုတ်၊ ဓား၊ လက်နက်ဆိုလျှင် လုံးဝမကိုင်ရလေတော့ မြင်းစစ်သည်တစ်ထောင် မပြာနဲ့ လက်နက်ဆိုလျှင် လုံးဝမကိုင်ရလေတော့ လက်နက်ကိုင်စစ်သည် အနည်းငယ်ခန့်ဆိုရင် ခံရမှာပါပဲ။ လက်နက်ရှိနဲ့ လက်နက်မဲ့တို့ရဲ့ ဓမ္မတာပါပဲ။
          ဗုဒ္ဓဘာသာရဟန်းတော်တို့က ၀ိနည်းတော်နဲ့အညီ ကျောင်းသီးခြား ၀တ်ရုံသင်္ကန်း သီးခြားဆိုတော့ ရှာဖွေသုတ်သင်ပစ်ဖို့လွယ်ပေမဲ့ ဟိန္ဒူဘာသာကို ဦးဆောင်ကြတဲ့ ဟိန္ဒူဗြဟ္မဏတွေကျတော့ ဃရာဝါသနယ်ထဲမှာ ရှာဖွေရတာ သိပ်မလွယ်ဘူး။ သူတို့ခန္ဓာကိုယ်ထဲမှသာ ၀ှက်ထားတဲ့စလွယ်ကို အဓိကထားရှာဖွေပြီးမှ သတ်ဖြတ်ရပါတယ်။
          ဒါဟာလည်း ဟိန္ဒူဘာသာတို့ ဂျိန်းဘာသာတို့ဟာ အိန္ဒိယမှာ ကြွင်းကျန်ခဲ့တဲ့ ရပ်တည်နိုင်ခဲ့တဲ့အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ မဂိုဘုရင် အော်ရန်ဇစ် လက်ထက်မှာ ဟိန္ဒူတို့ရဲ့ ဘာသာရေးဦးစီးဦးဆောင် ဗြဟ္မဏများကို ရှာဖွေ၍ သတ်ဖြတ်ခဲ့ကြပါတယ်။ ဟိန္ဒူဗြဟ္မတွေဟာ လူတွေနဲ့ရောနှောပြီး ရုတ်တရက် ရှာဖွေရမလွယ်ပေမဲ့ မဂိုဘုရင် အော်ရန်ဇစ်ဟာ တစ်နေ့တစ်နေ့ ဟိန္ဒူဗြဟ္မဏစလွယ် (၅)ပိဿာရမှ မျက်နှာကြည်ပြီး ပွဲတော်တည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ဟိန္ဒူဗြဟ္မဏစလွယ် (၅)ပိဿာရအောင် မူဆလင်စစ်သားတွေက ရှာဖွေကြရပါတယ်။ သူတို့ရှာဖွေကြပုံက ဘယ်လိုလဲဆို သူတို့ရှာဖွေစုံစမ်းလို့ ဟိန္ဒူဗြဟ္မဏတစ်ယောက်ယောက်ကို ဖမ်းမိလျှင် ဒီစလွယ်ကို မလွယ်ရဘူး၊ နောက်တစ်ခါ ထပ်ပြီးတွေ့ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး စလွယ်ကို ဓားဖြင့် ဖြတ်ယူပါတယ်။ ဒါကြောင့် အမေးခံရသူက အယူပြင်းထန်လို့ “ကျွန်တော် ဟိန္ဒူဘာသာ”လို့ဖြေခဲ့လျှင် ဦးခေါင်းကို ဖြတ်ပြီး ဒီစလွယ်ကို ဖြုတ်ယူပါတယ်။ အော်ရန်ဇက်ရက်စက်မှုကြောင့် သူလည်းသေရော ဟိန္ဒူမဟာရတ်သာတို့ ဂုဂျရတ်တို့ဆစ်(ခ)တို့ အားလုံးက တော်လှန် ပုန်ကန်ကြပါတယ်။
          ဗုဒ္ဓဘာသာတွေမှာတော့ ရဟန်းတော်တွေ ဆိတ်သုဉ်းသွားပြီမို့ နာလန်မထူနိုင်တော့ဘဲ နောင်နှစ်တော်တော်ကြာတော့ အပြီးအပိုင် အိန္ဒိယနိုင်ငံမှ ပျောက်ကွယ်သွားရပါတယ်။
          အထက်က တင်ပြခဲ့တာတွေဟာ အိန္ဒိယတိုက်နယ်မှာ ဘာသာရေးနယ်ချဲ့ အဓမ္မခံရပုံ သမိုင်းကြောင်းအကျဉ်းပါပဲ။
          အိန္ဒိယပြည်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်လို နောက်ဆုံး ၁၉၄၉-ခု အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရယူတဲ့ အချိန်မှာ ၄င်းပိုင်နယ်မြေထဲက မူဆလင်အများစုနယ်မြေကို မချိတင်ကဲဖဲ့ပေးလိုက်ပါတယ်။ အဲဒီတုန်းက အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ မဟတ္တမဂန္ဓီတို့၊ နေရူးတို့က မူဆလင်တွေ သီးခြားခွဲမထွက်စေချင်ဘူး။ သူတို့ကို အထူးဦးစားပေပြီး နေစေချင်ပါတယ်။ ဒါပေမဲ့ မူဆလင်ထုကြီးနဲ့ သူတို့ခေါင်းဆောင် ဒေါက်တာဂျင်းနားတို့က ဖိအားပေးပြီး ခွဲထွက်ဖို့ဆောင်ရွက်ကြပါတယ်။
          ဟိန္ဒူတွေက ဘုရားလိုကြည်ညိုတဲ့ မဟတ္ထမဂန္ဓီကလည်း မူဆလင်တွေ ဘယ်လိုရန်စစ ရန်စွာစွာသည်းခံဖို့ အလျှော့ပေးပြီး ပေါင်းဖို့ဆောင်ရွက်နေတော့ သီခြားနိုင်ငံခွဲထွက်လိုတဲ့ မူဆလင်တွေရော ခံနေရတဲ့ ဟိန္ဒူတွေကပါ အခက်တွေ့နေကြပါတယ်။ ဒီလိုနဲပ ၁၉၄၇ ခုနှစ် ရက်တစ်ရက်မှာ လက်တွေ့အကောင်အထည်ဖော်ရမယ့်နေ့လို့ သတ်မှတ်ပြီး မူဆလင်တွေဟာ အချိန်းအချက်ပြုပြီး ဂျလီဝါနာဘတ်(ဂ်)ခေါ်တဲ့ ခရိုင်အတွင်းမှာ ဟိန္ဒူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။
          နောက်ပြီးတော့လည်း စစ်တကောင်း၊ န၀ခါလီခရိုင် ဟိန္ဒူရာဂျာ မိသားစုမှအစ ဟိန္ဒူထောင်ပေါင်းများစွာကို သွေးအေးအေးနဲ့ ဆိတ်များ၊ သိုးများ သတ်သလို ၀ိုင်းဝန်းပြီးတော့ သတ်ဖြတ်ခဲ့ကြပါတယ်။ မူဆလင်တွေက လက်ဦးမှုရတော့ ဟိန္ဒူတွေခံလိုက်ရပါတယ်။ ဒါပေမယ့် သူတို့က ပါးကြလျင်ကြတယ်။ သတ်လို့ပြီးတော့ အိန္ဒိယပြည်မှ ခွဲထွက်ရေးကို မလိုလားတဲ့ ဟိန္ဒူတို့ ဘုရားလိုကိုးကွယ်တဲ့ မဟတ္ထမဂန္ဓီကြီးထံ ချဉ်းကပ်ကြပါတယ်။ “ပြီးတာတော့ ပြီးခဲ့ပါပြီ” နောက်ထပ် ဟိန္ဒူမူဆလင်မကွဲရအောင်ဆိုပြီး “လိမ္မာပါးနပ်တယ်ခေါ်မလား၊ ကောက်ကျစ်ယုတ်မာတယ်”ခေါ်မလား ချဉ်းကပ်တော့ မဟတ္ထမဂန္ဓီကလည်း ခန္တီပါရမီဦးထိပ်ထားသူပီပီ ဟိန္ဒူများတဲ့ဒေသတွေမှာ ပြန်ပြီး လက်စားမချေဖို့ သူ့စကားနားမထောင်လျှင် သူအစာငတ်ခံသေမယ်လို့ အားလုံးကို ခြိမ်းခြောက်ပါတယ်။
          ဟိန္ဒူခေါင်းဆောင်တွေကလည်း အာခံရခက်၊ အနေရခက်နဲ့ အခက်တွေ့နေဆဲမှာ ဟိန္ဒူအယူသည်း အဖွဲ့အစည်းထဲက ဂေါ့(ဒ်)ဆေး အမည်ရှိသူတစ်ဦးက နာကျည်းပြီးတော့ မဟတ္ထမဂန္ဓီကို သတ်လိုက်ပါတယ်။ ဒါနဲ့ ဟိန္ဒူတွေလည်း မိအေးနှစ်ခါနာလိုက်ရပါတယ်။  မြွေပါလည်းဆုံး သားလည်းဆုံးဆိုသလိုပေါ့။
          ဒါနဲ့ အိန္ဒိယတိုက်ငယ်ရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ ခေါင်းမြီးခြုံဓလေ့ဟာ မူလက အိန္ဒိယမှာမရှိပါ။ မူဆလင်ဘုရင်အသီးသီးတို့ အိန္ဒိယနိုင်ငံအတွင်း ၀င်ရောက်၍ နယ်မချဲ့မီက ဟိန္ဒူမိန်းမတွေဟာ လွတ်လပ်လပ် သွားလာခဲ့ကြပါတယ်။ မူဆလင်တွေဝင်ရောက်ပြီးမှ ဟိန္ဒူအမျိုးသမီးတွေက မူဆလင်များနည်းတူ အိမ်တွင်းပုန်းဓလေ့ကို လိုက်နာကြပြီး နောင်အခါမှ ထုံးစံတစ်ရပ်ဖြစ်လာပါတယ်။
          နောက်ပြီး ဘာသာရပ်စကားအသစ်ဖြစ်တဲ့ အူရဒူ ဘာသာစကားရပ်ရယ်လို့ ပါရှင်း၊ အာရပ်၊ ဟင်ဒီ ဘာသာစကားသုံးစုရောနှောပြီး ပေါ်ပေါက်လာပါတယ်။
          ကျွဲနွားများကို ဟိန္ဒူဘာသာဝင်တွေဟာ လူတို့ရဲ့အသက် ဆန်စပါး စိုက်ပျိုးရာတွင်လည်းကောင်း၊ နို့၊ ဒိန်ခဲ၊ ထောပတ်အစရှိသော အာဟာရကိုလည်းကောင်း ရရှိကြလို့ အလွန်ချစ်မြတ်နိုးကြပါတယ်။ ဒါပေမယ့် မူဆလင်တွေကျတော့ နှစ်စဉ်ကွန်ဘာနီအစ်နေ့များမှာ နွား၏လည်မျိုကို ဓားဖြင့် လှီးဖြတ်၍ သတ်စားခြင်းအားဖြင့် ဘာသာရေးအထိန်းအမှတ်ပြုကြလို့ အိန္ဒိယနိုင်ငံမှာ ပင်ရင်းဒေသခံ ဟိန္ဒူတွေအတွက် ကြိမ်မီးအုံးသကဲ့သို့ နှစ်စဉ်ခံစားကြရပါတယ်။
          ဤမျှနဲ့ပဲ အိန္ဒိယတိုက်ငယ်နှင့် အစ္စလာမ်ဘာသာရေးအကြောင်းကို အကျဉ်းရုန်းပြီး တင်ပြလိုက်ရပါတယ်။
အကွက်မှားက ရတက်ပွားရ
          ရှေးတုန်းက အိန္ဒိယနိုင်ငံဟာ ဒီနေ့မြန်မာနိုင်ငံထက် ဗုဒ္ဓသာသနာရောင်ဝါ ပိုမိုထွန်းကားခဲ့တာကို လေ့လာသိရှိရပါတယ်။ ဘယ်လောက်ထွန်းကားသလဲဆိုတော့ -
၁။ ဒီနေ့ မြန်မာနိုင်ငံမှာ ရဟန်းတော်တွေ သုံးသိန်းသာရှိပေမယ့် အိန္ဒိယမှာတော့ ဆယ်သန်းကျော် အောင်ခဲ့ခြင်း။
၂။ ဒီနေ့ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး ပရိယတ္တိတက္ကသိုလ်ကြီးတွေ နှစ်ခုသာရှိပေမယ့် အိန္ဒိယမှာ (၁၀)ခုအထိရှိခြင်း။
၃။ မြန်မာနိုင်ငံ တက္ကသိုလ်တစ်ခုတစ်ခုမှာ စာသင်သား(၄၀၀)ကျော်သာရှိပေမယ့် အိန္ဒိယတက္ကသိုလ်တိုင်းမှာ နှစ်သောင်းကျော်ကျော် ရှိခဲ့ခြင်း စတဲ့ အချက်သုံးချက်ကိုကြည့်ရင် သိနိုင်ပါတယ်။
          သို့သော်လည်း ဒီနေ့ ဒီအချိန်ခါမှာ အိန္ဒိယကိုရောက်ရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်တွေ့ဖို့ရာ ရေဒါတို့ ကွန်ပျူတာတို့နဲ့ ရှာတောင် တွေ့ဖို့ခဲရင်းတဲ့ အခြေအနေကို ဆိုက်ရောက်နေပါပြီ။ ဒါကြောင့် တို့နိုင်ငံကိုတော့ မ၀ါးမျိုနိုင်ပါဘူးလို့ ကိုယ့်ဟာကိုအထင်မှားပြီး အတွက်မှားလို့ကတော့ ရတက်ပွားပါလိမ့်မယ်။
          ယခုလည်း မြန်မာတိုင်းရင်းသူတွေ တစတစ ၀ါမျိုခံနေတာတွေ့ကြရမှာပါ။


(ဆက်လက်ဖော်ပြပါမည်) 


No comments:

Post a Comment