Wednesday, January 6, 2016

“ရေတိုက်စားလို့ ကမ်းပါးပြို လူဝါးမျိုတဲ့ ဇာတ်လမ်းတစ်ပုဒ်”


(၁)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် နောင်တာလော အမည်ရှိ ကျေးရွာတစ်ခု ရှိပါသည်။ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြားတွင် တည်ရှိ၍ ၃၈၅၄ ဧက ကျယ်ဝန်းကာ အိမ်ခြေ (၃၄၃)၊ လူဦးရေ (၁ဝဝ၇)ဦး ရှိပါသည်။
ရှမ်းမျိုးနွယ်စု တိုင်းလိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ရှမ်းရွာကြီးဖြစ်၍ ကချင် တိုင်းရင်းသား အနည်းငယ်နှင့် ဂေါ်ရခါး လူမျိုး၊ ကုလားလူမျိုးတို့လည်း ရှိပါသည်။
အိမ်ခြေ (၃၄၃)အိမ်အနက် မူဆလင်အိမ်ခြေ (၄၈)အိမ်ရှိ၍၊ လူဦးရေ (၁ဝဝ၇)ဦးအနက် မူဆလင် (၂၄၁)ဦး ရှိပါသည်။

နောင်တာလောရွာသည် ရွာတန်းရှည် ရွာကြီးဖြစ်ကာ ရွာရိုးတစ်လျောက်တွင် စေတီငယ် (၆) ဆူ ရှိပါသည်။ ရွာအဝင်တွင် တိလောကမုနိ စေတီတော်တစ်ဆူရှိ၍ သာသနရက္ခိတ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပါသည်။ အစ္စလာမ်ဘာသာဝင် မူဆလင်များ၏ ဗလီဝတ်ကျောင်းတစ်ခုလည်း ရှိပါသည်။
မူလနောင်တာလောရွာ၌ အင်္ဂလိပ်ခေတ်က မူဆလင်လေးဦးသာ ရှိပါသည်။ ၎င်းတို့မှာ ဦးနော်စီ၊ ဦးအဒူလမန်၊ ဦးဟာမက်၊ ဦးဟာမန်း တို့ဖြစ်ပြီး ဦးဟာမန်း တစ်ယောက်သာ အသက်အရွယ်အရ အိမ်ထောင်မပြုတော့ဘဲ ကျန်သုံးဦးက ရှမ်းတိုင်းရင်းသူများနှင့် အိမ်ထောင်ပြုကြပါသည်။ ၎င်းတို့သည် တောင်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းဖြင့် ရပ်တည် လာခဲ့ကြကာ ဂျပန်ခေတ်၌ သင်္ဘောသား (တက်မကိုင်သူ) ဦးစလင်းကြီး၊ စက်ဆရာ ဦးစများဆလင်၊ ဦးလေပန်း၊ ဦးပန်ရှာပီတို့ ထပ်မံရောက်ရှိလာကာ ဗလီဆောက်လုပ်နိုင်ခဲ့ ကြပါသည်။

မူဆလင်လေးဦးမှ အစပြုကာ ရွာလူ ဦးရေ၏ ငါးပုံတစ်ပုံကျော်သည်အထိ လူဦးရေ တိုးပွားလာခြင်းမှာ ရွာခံတွေကများပြီးအခြား မြို့နယ်မှရွာသို့ အခြေချလာသူမှာအနည်း ငယ်သာရှိပါသည်။ တိုင်းရင်းသူ တိုင်းရင်း သားများက အရိုးခံစိတ်ရင်းဖြင့် ပေါင်းသင်း ကြသော်လည်း မူဆလင်များက အကြံ သမားဖြစ်၍ ရွာသူရွာသားများသည် မူဆလင် နှင့်ညားသည့်အခါ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အစ္စလာမ်ဘာသာထဲ ဝင်လိုက်ရသည်သာ ဖြစ်ပါသည်။

နှစ်ပေါင်းတစ်ရာနီးပါးမှာ မူဆလင်လေးဦးမှ နှစ်ရာကျော်အထိသာ တိုးပွားနိုင်သည်မှာ တိုင်းအရင်းသူ တိုင်းရင်းသားများကလည်း မွေးဖွားနှုန်း မြင့်မားသောကြောင့်သာ ဖြစ်ပါသည်။ ယခုနောက်ပိုင်းမှာမူ တိုင်းရင်းသူများက အထိန်းအကွပ်နှင့် ကလေးယူလာကြသော ကြောင့် နောင်တစ်ချိန်ဆိုလျှင် မွေးဖွားနှုန်း နိမ့်ကာ ယခုထက်ပင် အချိုးအစားကွာဟမှု နည်းပါးလာနိုင်ပေသည်။ မူဆလင်များ ပြောကြသည်မှာ ''ငါတို့က ကလေးထပ် မွေးဦးမှာ၊ ကန့်သတ်တာ မကောင်းပါဘူး။ သဘာဝအတိုင်းပဲ သွားပါစေ'' ဟူ၍ပင် ဖြစ်ပါသည်။
ယခင်က မွေးဖွားမှုနှုန်း တစ်ပြေးညီရှိ၍ မူဆလင်ဦးရေ တိုးပွားနှုန်း မသိသာလှ သော်လည်း ယခုအခါ တိုင်းရင်းသူများဘက်မှ မွေးဖွားနှုန်း နိမ့်ပါးလာသောကြောင့် မူဆလင် လူဦးရေတိုးပွားနှုန်း သိသာလာတော့မည် ဖြစ်သည်။

နောင်တာလောရွာသည် ဧရာဝတီမြစ် အလယ်ကောင်တွင် တည်ရှိသော ကျွန်းကြီး ပေါ်မှာ တည်ထားသော ရွာဖြစ်ပါသည်။ ၎င်းရွာဟောင်းသည် ၁၉၇၉ ခုနှစ် ရေကြီးစဉ် ပျက်စီးသွားခဲ့ပြီး ယခုတည်ရှိနေသော နောင်တာလောရွာသည် ရွာသစ်ဖြစ်ပါသည်။ ရွာသစ်တည်ပြီး၍ လေးငါးနှစ်ခန့်ကြာသော ၁၉၈၃/၈၄ ခုနှစ်၊ ရွာသူကြီး ဦးသန်းလက်ထက်၌ ဗလီသစ် ပြန်ဆောက်ခြင်း ဖြစ်ပါသည်။
ဝိုင်းမော်တစ်မြို့နယ်လုံး၌ နောင်တာလော တစ်ရွာတည်းမှာသာ ဗလီရှိသောကြောင့် ဝိုင်းမော်တစ်နယ်လုံးရှိ မူဆလင်များသည် နောင်တာလောရွာသို့ လာရောက်ဝတ်တက်လေ့ ရှိပါသည်။ ၎င်းတို့သည် ဆိုင်ကယ်များဖြင့် လာလေ့ရှိပြီး တစ်စီးစ နှစ်စီးစမှ ငါးစီးအထိ တစ်ဖွဲဖွဲ ရောက်လာတတ်ကြပါသည်။

နောင်တာလောရွာ မူဆလင်များသည် တိုင်းရင်းသူ၊ တိုင်းရင်းသားများနှင့် သွေး နှောထားသော ကပြားမူဆလင်များ ဖြစ်ကြ သောကြောင့် ဘာသာ သာသနာကို စော်ကား ခြင်းမျိုး၊ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းမျိုး၊ အင်အားသုံး တိုက်ခိုက်ခြင်းမျိုး မရှိသလောက် နည်းပါးပါသည်။ မလွှဲသာမရှောင်သာအရ မုဒိမ်းကျင့်မှု ကျူးလွန်ခြင်းမျိုးကို နောင်တာလောမှာ မတွေ့ရသေးသော်လည်း ဝူယံ(ဝေယံ)ရွာမှာ တွေ့ခဲ့ရပါသည်။

လွန်ခဲ့သော တစ်လကျော် နှစ်လခန့်ကပင် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသူ မိန်းကလေး တစ်ယောက် မုဒိမ်းကျင့် ခံခဲ့ရပါသည်။ (၁၄)နှစ်အရွယ် နွားကျောင်းသူမလေးကို အခြားရွာမှ ငါးဖမ်းကုလားသုံးယောက်က မုဒိမ်းကျင့်ခြင်း ဖြစ်ပြီး မုဒိမ်းကုလားနှစ်ယောက်ကို ဖမ်းမိထားကာ တစ်ယောက်ကို တရားခံပြေး အဖြစ် ကြေညာထားကြောင်း သိရပါသည်။

နောင်တာလောရွာ သာသနရက္ခိတကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက အစ္စလာမ်ဘာသာဝင်များ အမြဲပြောလေ့ရှိသော ရှမ်းမူဆလင်ဟူသော ဝေါဟာရကို ခါးသီးစွာ နားညီးနေကြပါသည်။ နောင်တာလောကို မူဆလင်များစီးမိထားပြီ ထင်ရလောက်အောင် တစ်စုတစ်စည်းတည်း နေကြသောကြောင့် အများပြည်သူများကလည်း အော့နှလုံးနာနေ ကြပါသည်။ ဝိုင်းမော်တစ်နယ်လုံးရှိ မူဆလင် များကလည်း နောင်တာလောသို့ အမြဲတမ်း အင်အားလာပြတတ်ကြသောကြောင့် နောင် တာလော (လှည်းဆိပ်အင်း) ရှမ်းရွာကို ကုလားရွာဟု ထင်မြင်နေကြပါသည်။
မူဆလင်များနှင့် အိမ်ထောင်ပြုမိသော တိုင်းရင်းသူများသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းကြရသည်များ ရှိသကဲ့သို့ မူဆ လင်များလည်း အစ္စလာမ်ဘာသာမှ ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းလာသူများလည်း ရှိပါသည်။

ယခုတင်ပြမည့် ဒေါ်မြမြလေး (အမည် လွှဲ) မိသားစုမှာ ဆွေကြီးမျိုးကြီး မူဆလင် မိသားစုဖြစ်ပြီး ၄င်းတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသည်မှာလည်း ဆန်းကြယ်လှပါသည်။ ၄င်းတို့သည် ယခုအခါ၌ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များထက်ပင် ဘုရားသွား ကျောင်းတက် အလွန်မြဲကြပါသည်။ ပရဟိတဆိုလျှင်လည်း ထိပ်တန်းက၊ အစည်းအဝေးဆိုလျှင်လည်း ရှေ့ဆုံးက အမြဲတက်ကြွသူများဖြစ်ပါသည်။

(၂)
နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ အခန်း ပြတင်းတံခါးမှ ပါးလွှာတဲ့ လိုက်ကာကို ဖောက်ထွင်းပြီး အလင်းရောင်ဖြာကျနေတဲ့ အချိန်မှာ ကျွန်မအိပ်ယာက နိုးထခဲ့ပါတယ်။ ကျေးငှက်ကလေးတွေရဲ့ တေးသီသံလေးတွေကို နားဆင်ရင်း နံနက်ခင်းရဲ့အလှကို စတင် ခဲ့တယ်လို့ ဆိုရပါမယ်။ အိပ်ရာ ထထချင်း နွေးထွေးတဲ့ နေရောင်ခြည် ထိုးကျနေတဲ့ ပြတင်းဆီထွက်လိုက်ရင်ပဲ စိုက်ခင်းတွေတမျှော်တခေါ်။
နောက်ပြီး အင်းနဲ့ ကျွန်းကလေးကိုလှမ်း မြင်ရပြီး နေရောင်ခြည်အောက်မှာ တလက်လက်နဲ့ စီးဆင်းနေတဲ့ ဧရာဝတီမြစ် ရေပြင်ကြီးနဲ့ တစ်ဘက်ကမ်းမှာတော့ မြစ်ကြီးနားမြို့ကို တွေ့မြင်နေရပါတယ်။
အိမ်ရဲ့ အရှေ့ဘက်မှာတော့ စိုက်ခင်းတွေကြားမှာ လူနေအိမ်ပုလေးတွေ ကျိုးတို ကျဲတဲလေးတွေနဲ့အတူ နေမင်းကြီး မေးတင်လို့ ထွက်ပြူလာရာ မြို့ပြင် ဟိုးအဝေးဆီက စိမ်းမြနေတဲ့ တောင်တန်းတောင်ကြား တစ်ခု....။

ကျွန်မတို့ ရွာလေးဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းရှိ နောင်းတာလောကျေးရွာ ဖြစ်ပါတယ်။ ကျေးရွာဟုဆိုသော်လည်း ရွာကြီး တစ်ရွာဖြစ်ပါတယ်။ ရွာရဲ့ အရှေ့ဘက်မှာတော့ သိမ်ကြီးချောင်းရှိပြီး အနောက်ဘက်မှာတော့ ဧရာဝတီမြစ်ရှိပါတယ်။ တရုတ်ပြည်သို့ ဆက်သွယ်ထားသော မင်းလမ်းမကြီးဟာ ကျွန်မရွာလယ်ကနေ ဖြတ်ပြီးဖောက်ထားပါတယ်။ ကျွန်မရွာလေးဟာ မြစ်ကြီးနားမြို့နှင့် လေးမိုင်ခန့်ဝေပြီး ဝိုင်းမော် မြို့နှင့်ကျတော့ တစ်မိုင်ကျော်ခန့်အကွာ အဝေးမှာရှိပြီး ရွာတန်းရှည် ပုံသဏ္ဌာန်ရှိတဲ့ ရွာကြီးဖြစ်ပါသည်။ ရွာရဲ့ အကျယ်အဝန်း ကတော့ ဧကသုံးထောင်ကျော် ကျယ်ဝန်းပါတယ်။ ကျွန်မတို့ရွာမှာ ရှမ်းမျိုးနွယ်စုဖြစ်တဲ့ တိုင်းလိုင်လူမျိုးတွေ အများဆုံးနေထိုင်ပြီး တိုင်းခမ်းတီနှင့် တိုင်းလေ လူမျိုးများလည်း နေထိုင်ကြပါတယ်။ အခြား မူဆလင်၊ ကချင်နှင့် ဂေါ်ရခါးလူမျိုးတွေလည်း အနည်းငယ် နေထိုင်ပါတယ်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ယုံကြည်ကြပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်သူများလည်းရှိကြပါတယ်။

ကျွန်မရဲ့ အမည်မှာ မမြမြလေးဖြစ်ပြီး ကျွန်မကို နောင်တာလော့ကျေးရွာရဲ့ အင်းထဲက ကျွန်းပေါ်မှာ ၁၃၄၃ ခုနှစ် နယုန်လဆန်း(၁၄) ရက်၊ (၁၄-၅-၁၉၈၁)ကြာသပတေးနေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘနှစ်ပါးရဲ့ အမည်က ဦးကိုကြီးနဲ့ ဒေါ်လှမေပါ။ တိုင်းလိုင်လူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။ ကျွန်မတို့ မောင်နှမ စုစုပေါင်း(၁၄)ယောက်ရှိပါတယ်။ ကျွန်မက အထွေးဆုံးသမီးပါ။ ငယ်စဉ်က မူလတန်းကို ရွာက မူလတန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အလယ်တန်းကို မြစ်ကြီးနားမြို့ အမှတ်(၃) အလယ်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အထက်တန်းကိုတော့ မြစ်ကြီးနားမြို့ အမှတ်(၃)အထက်တန်းကျောင်း မှာ တက်ရောက်ခဲ့ပါတယ်။

ငယ်စဉ် မူလတန်းပညာသင်ကြားရချိန် မှာတော့ လမ်းခရီးမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်းကနေ အင်းရေကို ဖြတ်ရတဲ့အခါ မိုးဥတုရေတက်ချိန်မှာတော့ အရမ်းကို အခက်အခဲတွေ့ရပါတယ်။ ကလေးအရွယ်ဖြစ်တဲ့အတွက် လူကြီးဒူးခေါင်း သာသာရှိတဲ့ အင်းရေ ခက်ခက်ခဲခဲနဲ့ဘဲ ဖြတ်ကျော်ပြီး ကျောင်းသွားတက်ခဲ့ရပါတယ်။ ဒီအခက်အခဲတွေကြောင့် မိဘများက မူလတန်းအောင်ပြီးနောက် အလယ်တန်းရောက် တဲ့အခါမှာတော့ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်မှာနေထိုင်တဲ့ အစ်မအိမ်မှာနေပြီး ပညာကို ဆက်လက်သင်ကြားစေခဲ့ပါတယ်။

ကျွန်မရဲ့မိဘများဟာ သားသမီးမထွန်းကားခင်အချိန်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်သူများ ဖြစ်ကြပါတယ်။ အဖေဟာ ကျေးရွာမှာရှိတဲ့ အစ္စလာမ်အသိုင်းအဝိုင်းက အားထားရတဲ့ ဘာသာရေး ဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ သားသမီးရတနာ ထွန်းကားလာတဲ့အခါ သားသမီးတွေဟာ အဖတ်မတင်ဘဲ တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးကုန်ကြပြီး လေးယောက်မြောက် သမီးလေးမွေးလာတဲ့အခါမှာလည်း သမီးလေးဟာ နာမကျန်းဖြစ်လာပါတယ်။ ကျေးရွာက မိတ်ဆွေ တချို့ကတော့ ''ဒါနတ်ကိုင်တာဟုတ်တယ် ဆေးဆရာနဲ့ကုကြည့်ပါလား'' လို့ အကြံပေးတိုက်တွန်းပြောပြကြတယ်။
အဲဒီအချိန်မှာ အဖေဟာ အယုံအကြည်မရှိပေမယ့်လည်း သားသမီးဇောကပ်နေတဲ့အတွက် ဗမာဆေးဆရာ လေးလုံးဂိုဏ်းဆရာကြီးကိုပင့်ပြီး ကုသကြည့်ပါတယ်။ ဆေးကုတဲ့အခါ တင်ရတဲ့အုန်းပွဲကိုလည်း အိမ်ဦးခန်းမှာထား ခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးကုသပြီးတဲ့အခါ သမီးကလေးဟာ ပြန်လည်ကျန်းမာနေကောင်းလာပါတယ်။ အဖေနဲ့ အမေကတော့ သမီးကလေးကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးကြပါတယ်။ ဒီလို ပြုလုပ်ခြင်းရဲ့ အကျိုးဆက်ကတော့ နောက်ပိုင်းအစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့ ပြုလုပ်တဲ့အချိန်မှာ အစ္စလာမ်ဘာသာဝင်ဆွေ မျိုးတွေနဲ့ မိတ်ဆွေအသိုင်းအဝိုင်းတွေက အိမ်ကို ဝင်ထွက်ခြင်းမပြုတော့တာပါပဲ။
ဘာကြောင့်လဲဆိုတော့ ဗမာဆေးဆရာနဲ့ ကုပြီး အုန်းပွဲကိုလည်း အပြင်မှာမထားဘဲ အိမ်ဦးခန်းမှာထားတာကြောင့်လို့ သိရပါတယ်။ အဲဒီအခါ အဖေက ကလေးအသက်အတွက် ပြုလုပ်ရတာပါ။ ဒီလိုလုပ်ခြင်းဟာ ကိုယ့်ဘာသာကို သစ္စာဖောက်တာ မဟုတ်ကြောင်း ရှင်းပြပြီး သုံးကြိမ်သုံးခါတိုင်တိုင် အစ်နေ့တွေမှာ ပင့်ဖိတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင် ဆွေမျိုးတွေဟာ လာရောက်ခြင်းမရှိတဲ့အတွက် အဖေနဲ့ အမေတို့ဟာ အဲဒီအချိန်ကစပြီး ဗုဒ္ဓ ဘာသာဘက်ကို စိတ်ရောကိုယ်ပါ ပြောင်းလိုက်ပါတော့တယ်။

ဒီလို ဘာသာရေးပြောင်းလဲလိုက်တဲ့ နောက်ပိုင်းမှာ ကျွန်မတို့ မိသားစုဟာ ဆွေမျိုးတွေရဲ့ အမျိုးမျိုးဖိနှိပ်ခြင်း၊ ပတ်ဝန်းကျင် ရဲ့ ဖိနှိပ်ခြင်းတွေကို ခံရပါတော့တယ်။ ဒါပေမဲ့ ကျွန်မတို့မိသားစုဟာ ဒီလိုဖိနှိပ်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြပါတယ်။

၁၉၉၂ ခုနှစ် ကျွန်မ ဒုတိယတန်းတက်ရတဲ့ နှစ်ဟာ ကျွန်မတို့မိသားစု ကံဆိုးမိုးမှောင်ကျတဲ့ နှစ်ပါပဲ။ အဖေက သားကြီးအတွက် ချွေးမတောင်းဖို့ မော်လူးသွားနေချိန် အစ်ကိုကြီးနဲ့ အစ်ကိုလတ်က အပြင်သွားနေချိန် နေ့တစ်နေ့ရဲ့ ညနေ နေဝင်ချိန်မှာတော့ အိမ်မှာ အမေနဲ့ ကျွန်မတို့ကလေးတွေထိုင်ပြီး ဟင်းရွက်တွေ စည်းနေရင်း အစ်ကိုငယ်က အညောင်းဆန့်ချင်လို့ လှဲလိုက်တဲ့အခါမှာ အိမ်ကြီးရဲ့ အနောက်မြောက်ထောင့်မှာ မီးတွေ တောက်လောင်နေတာ တွေ့လိုက်ရတယ်။ ကျွန်မတို့နေတာက ကျွန်းပေါ်မှာဆိုတော့ မီးတွေ တောက်လောင်နေချိန် အော်ဟစ် အကူအညီ တောင်းပေမယ့်လည်း အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် အလှမ်းဝေးနေတော့ အနီးအနားက အကူအညီမရခဲ့ပါဘူး။
အိမ်မှာလည်း အမေနဲ့ ကလေးငယ်တွေပဲ ရှိတဲ့အတွက် မီးလောင်ပြီးတဲ့အခါ ဘာပစ္စည်းမှ မရခဲ့ပါဘူး။ နောက်မှ သိရတာက ကျွန်မတို့အိမ် မီးလောင်တာ ရိုးရိုးမီး၊ ပေါ့ဆမီးမဟုတ်ဘဲ ရှို့ မီးဖြစ်ကြောင်း သိလိုက်ရပါတယ်။ အဝတ်စကို ဒုတ်မှာချည်ပြီး သေချာလာရှို့တာလို့လည်း သိလိုက်ရတယ်။

အိမ်မီးလောင်ပြီးနောက် တစ်ပတ်လောက် အကြာမှာတော့ အဖေ့ အစ်မရဲ့သားဟာ အိမ်ရှေ့လာပြီး ''အခုမင်းတို့ ပျဉ်အိမ်နဲ့ တောင် နေရမှာလားဆိုတာ စောင့်ကြည့်ဦးမယ်'' ဟု ပြက်ရယ်ပြု၍ ပြောဆိုသွားခဲ့ပါတယ်။
ဘာသာရေးဆရာတွေကလည်း ''အစ္စ လာမ် ဘာသာထဲပြန်ဝင်ရင် အိမ်ဆောက်ပေး မယ်''လို့ ပြောပါတယ်။ ရန်ကုန်မြို့က ဘာသာရေးဆရာတွေကလည်း အဖေရဲ့ ခြေသလုံးကို ကိုင်ပြီး အစ္စလာမ်ဘာသာထဲ ပြန်ဝင်ဖို့ လာတောင်းပန်ကြပါတယ်။
ဒါပေမဲ့ အဖေဟာ ''ထွေးပြီးသားတံထွေးကို ပြန်မမျိုဘူး''ဆိုပြီး အစ္စလာမ်ဘာသာထဲကို ပြန်မဝင်ခဲ့ပါဘူး။ ဘာသာရေးဆရာကြီးတွေဟာ ပြောမရတဲ့ နောက်ဆုံး လက်လျှော့သွားကြ ပါတယ်။

၁၉၉၇ခုနှစ်မှာတော့ ဧရာဝတီမြစ်ရေကြီး မှုကြောင့် ကျွန်းပေါ်နေထိုင်လို့မရတော့ဘဲ ယခုနေထိုင်ရာ နောင်တာလော့ကျေးရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

၂ဝဝဝ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ်မှာတော့ နောင်းတာလောကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်ရဲ့ တိုက်တွန်းအားပေးမှုကြောင့် အေဝမ်း Day Special ယခု The Best တွင် တက်ရောက်၍ ဖြေဆိုခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း အောင်မြင်ခြင်းမရှိခဲ့ပြန်ပါဘူး။ ၂ဝဝ၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ အဖေက ရုတ်တရက် ကျန်းမာရေးဖောက်ပြန်လို့ အသက်ဆုံးရှုံးသွားတဲ့အတွက် မိသားစုအရေးကို အလေးပေး စဉ်းစားရပါတော့တယ်။

၂ဝဝ၂ ခုနှစ်မှာတော့ တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲကို ထပ်မံဖြေဆိုခြင်း မပြုနိုင်တော့ဘဲ မိသားစုကို ကူညီလုပ်ကိုင်ပြီး နေခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ် နှစ်ကုန်ပိုင်းလောက် မှာ စာမေးပွဲပြန်ဖြေချင်စိတ် ဖြစ်ပေါ်မိတဲ့ အတွက် အမေ့ကိုပြောပြပြီး မြစ်ကြီးနား LEC မှာ တက်ရောက်ခဲ့ပါတယ်။ ပထမတော့ သင်္ချာနဲ့ အင်္ဂလိပ် နှစ်ဘာသာကိုသာ ကျူရှင်ယူ ခဲ့ပါတယ်။ ကျူရှင်တွေယူရတဲ့အချိန်က မိုးအခါ တောင်သူတွေ ပိုက်ဆံအခက်အခဲ ကြုံနေရသည့်အချိန်ဖြစ်တဲ့အတွက် ကျူရှင်လခကို ပေးနိုင်ဖို့အတွက် အခက်အခဲဖြစ်ရပါတယ်။ မိသားစု စီးပွားရေးကလည်း အဖေဆုံးပါးသွားပြီးတဲ့နောက်ပိုင်း သိသိသာသာကို ယိမ်းယိုင် ကျဆင်းလာခဲ့တယ်။ ကျွန်မဟာ ဒီလို မိသားစုစီးပွားရေး အဆင်မပြေတာကို သိနေတဲ့အတွက်လည်း အမေ့ကို အတင်းမပူဆာတော့ဘဲ ဒီအတိုင်းပဲ စာမေးပွဲဖြေခဲ့ပါတယ်။ ဒီနှစ်မှာလည်း ကံဆိုးစွာနဲ့ပဲ စာမေးပွဲက အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

၂ဝဝ၃ ခုနှစ်မှာ ရွာကိုပြန်လာပြီး မိဘကို ကူညီလုပ်ကိုင်းရင်း နေထိုင်လာရာကနေ သူငယ်ချင်းတစ်ယောက်နဲ့ ဆက်သွယ်မိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သော အိမ်တွင်းမှု သင်တန်းကျောင်းကို (၆-၇-၂ဝဝ၄ ရက်နေ့မှ ၂၅-၁၁-၂ဝဝ၄ရက်နေ့အထိ) တက်ရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ အရှေ့ဘက်ရှိ လှထိပ်ခေါင် အပ်ချုပ်ဆိုင်မှာလည်း ၁၃-၁၂-၂ဝဝ၄ မှ ၁၈-၇-၂ဝဝ၅ ရက်နေ့အထိ ပြန်လည်သင်ကြားခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ် သြဂုတ်လမှစပြီး ဈေး(၁)၊ ဈေးခေါင်းရုံးအနီး အပေါ်ထပ်မှာရှိတဲ့ ''ကိုဌေး'' အဆင့်မြင့် အပ်ချုပ် လုပ်ငန်းမှာ ထပ်မံသင်ကြားရင် တစ်နှစ်ပြည့် ချိန်မှာ အမေရဲ့ လည်ဂုတ်မှာ ကျီးပေါင်းတက်လို့ အရမ်းနေမကောင်းဖြစ်နေတာနဲ့ အိမ်ကိုပြန်လာ ခဲ့ရပါတယ်။

အမေနေမကောင်းလို့ ဆေးရုံတက်နေရင်း သုံးလလောက်အကြာမှာ အမေကဆုံးပါးသွားခဲ့ပါတယ်။ အမေဆုံးပြီးပြီးတော့ သင်တန်းပြန်တက်ဖို့ မဖြစ်နိုင်တော့တာနဲ့ စက်တွေ အိမ်ကိုသယ်ယူလာခဲ့ပြီး အိမ်မှာအပ်ထည်တွေ ချုပ်ရင်း၊ မိသားစုကို ကူညီရင်း ကျွန်မရဲ့ အနာဂတ်ရည်မှန်းချက်ကို Designer တစ်ယောက်ဖြစ်အောင် ပညာသင်ပြီး မြို့ပေါ်မှာ ဆိုင်ဖွင့်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်မိတယ်ဆိုရင်ပဲ ကျွန်မရဲ့ စိတ်ကူးအတွေးတွေကနေ လက်တွေ့အကောင် အထည်ဖော်နိုင်ရန် အားမာန်အပြည့်နဲ့ ဖြစ်နေမိပါတော့သည်။

နိဂုံး
ယခုအခါ ဒေါ်မြမြအေးသည် အပျိုကြီး ဘဝဖြင့်ပင် အရိုးထုတ်လျက်ရှိပါသည်။ အိမ်ထောင်မကျသေးသော အစ်ကို၊ အစ်မများ နှင့်အတူ နောင်တာလောရွာမှာပင် စက်ချုပ် လုပ်ငန်း လုပ်ကိုင်လျက် ဘုရားတရား အမြဲ လိုက်စားသူ ဘာသာတရားကိုင်းရှိုင်း ရိုသေသူအဖြစ်သာမက လူချစ်လူခင်ပေါများသူအဖြစ် ထင်ရှားသူဖြစ်ပါသည်။
မျိုးချစ်သူ(၉၇)
3.1.2016 နေ့ထုတ် အတုမရှိဂျာနယ် အတွဲ(၂) အမှတ်(၁၈)မှ ကူးယူဖော်ပြသည်။




No comments:

Post a Comment