11.12.2015
(တန်ဆောင်မုန်းလကွယ်နေ့) ည 8:00 တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သရေခေတ္တာရာဆွမ်းလောင်းအသင်းနှင့်
ဝံသာနုရက္ခိတအဖွဲ့၊ ၂၉ နှစ်မြောက် ဆွမ်းလောင်းအောင်ပွဲ တတိယအကြိမ် ဓမ္မပူဇာသဘင်။
ဓုတ်စာမမိစေနဲ့
တရားတော် ဟောကြားခဲ့ပါတယ်။ တစ်လင်တစ်မယားစနစ်ကို ဝေဖန်ပုတ်ခတ်နေတဲ့ အသိုင်းအဝိုင်းစကား
နားမယောင်မိစေဖို့ သုတ္တနိပါတ်ပါဠိတော် ပရာဘဝသုတ္တန် လာ ဂါထာ ၂၅ ခုထဲက သောက်စား ပျော်ပါး
လောင်းကစား ဆိုင်ရာ နှစ်ဂါထာကိုမူတည်ပြီး ဟောတာပါ။
ဣတ္ထိဓုတ်
- အပျော်အပါးလိုက်စားသူ
သုရာဓုတ်
- အသောက်အစား လွန်ကျူးသူ
အက္ခဓုတ်
- လောင်းကစားလွန်ကျူသူတို့ရဲ့ ဒဏ်ရာမထင်သော ဓုတ်စာများ ဖုံးဖိမရ ဖုံးကွယ်မရ ဖျက်ဆီးမရသော
ဓုတ်ရာများအကြောင်း ဖြစ်ပါတယ်။
“ဓုတ်စာမမိစေနဲ့
တရားတော်”
အပျော်အပါး
လိုက်စားသူတွေ၊
ခုရောနောင်ရော
ပျက်စီးကြမလေ။
အိမ်ထောင်လည်းပျက်
ဘဝပျက်အထွေထွေ၊
တရားမလိုက်
မှားမိုက်နောင်တပွေ။
မူးယဇ်သောက်စား
မှောက်မှားသူတွေ၊
ခုရောနောင်ရော
ပျက်စီးကြမလေ။
နာမည်လည်းပျက်
ဘဝပျက်အထွေထွေ၊
တရားမလိုက်
မှားမိုက်နောင်တပွေ။
အလောင်းအစား
အပေါင်းမှားသူတွေ၊
ခုရောနောင်ရော
ပျက်စီးကြမလေ။
စီးပွားလည်းပျက်
ဘဝပျက်အထွေထွေ၊
တရားမလိုက်
မှားမိုက်နောင်တပွေ။
No comments:
Post a Comment