Thursday, January 7, 2016

“ပုသိမ်ကြီးမြို့နယ် ရွာရှည်ရွာတရားပွဲ”

17.12.2015 (နတ်တော်လဆန်း ၆ ရက်) ည 7:30 နာရီ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ရွာ၊ အလှူဒါယကာ ဦးမောင်စိုး+အလှူဒါယိကာမ ဒေါ်သီတာဦး မင်းထက်ကြွယ် နို့စိမ်းရောင်းဝယ်ရေးမိသားစု ရှင်ပြုနားသအလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။

ရွာရှည်ရွာက မန္တလေးနှင့် အနီးလေးပါ။ ရွာရှည်ရွာ (ဧ)ကျောင်းဆရာတော် ဘဒ္ဒန္တခေမာနန္ဒမထေရ်က စာရေးသူနှင့် သီတင်းသုံးဖော် (သူငယ်ချင်း)ပါ။ မကြာမကြာတွေ့ကြရပေမယ့် ကြာကြာစကားပြောဖြစ်တာကတော့ အခုမှပါပဲ။

အလှူအကြိုတရားပွဲလို့သာ သိရပြီး သူငယ်ချင်းကျောင်းမှန်း ရောက်မှသိရတာပါ။
ရွာသူရွာသားတွေကတော့ အလုပ်ပြီးတာနဲ့ အဘိဓမ္မာသင်တန်း တက်တော့တာပါပဲ။ သူငယ်ချင်းက လူကြီးလူငယ်မရွေး အဘိဓမ္မာတရားတွေ သင်ကြားပို့ချပေးနေလို့ပါ။

သမ္မာဒိဋ္ဌိဆယ်ပါး (အခြေခံယုံကြည်ချက်ဆယ်ပါး) တရားတော် ဟောကြားခဲ့ပါတယ်။ 













No comments:

Post a Comment