Thursday, January 7, 2016

“အထက်​မြန်​မာပြည်​ မ.ဘ.သ မှ ​ပေးပို့​သော စာများအား ထိုင်းသံရုံးသို့ ​​​ပေးပို့”


မတရားသဖြင့်​​သေဒဏ်​ အမိန့်​ကျခံရ​သော မြန်​မာနိုင်​ငံသားနှစ်​ဦးဖြစ်​သည့်​ ​ဇော်​လင်းနှင့်​ ဝင်း​ဇော်​ထွန်း တို့လွတ်​​မြောက်​​ရေးအတွက်​ အထက်​မြန်​မာပြည်​ မ.ဘ.သ မှ ဆရာ​တော်​ကြီး ငါးပါး မြန်​မာနိုင်​ငံဆိုင်​ရာထိုင်းနိုင်​ငံသံရုံးအား လက်​မှတ်ရေးထိုးထား​သော စာ(၄)​စောင်​အား မ​ကွေး​ကျောင်းဆရာ​တော်​ ဦးပါ​မောက္ခ က ထိုင်းသံရုံးအ​ရှေ့တွင်​ ​ဒဂုံမြို့နယ်​ရဲတပ်​ဖွဲ့ မှူး ဝင်း​ရွှေ ထံ​ပေးအပ်​ခဲ့ပါတယ်​။

 (၅-၁-၂၀၁၅) ရက်​​နေ့မှ (၈-၁-၂၀၁၅)ရက်​​နေ့အထိ ပိတ်​ထားမည်​ဖြစ်​​ကြောင်း ​ကြေညာထားပါတယ်။

ပေးပို့​သောစာများမှာ
၁။ ထိုင်းဘုရင်​မင်းမြတ်
၂။ ထိုင်းနိုင်​ငံဝန်​ကြီးချုပ်
၃။ ထိုင်းအစိုးရအဖွဲ့
၎။ မြန်​မာနိုင်​ငံဆိုင်​ရာထိုင်းနိုင်​ငံ သံအမတ်​ကြီး
တို့ထံ လိပ်​မူထားတာဖြစ်​ပါတယ်​။

လက်​မှတ်​​ရေးထိုး​ပေးပို့​သောဆရာ​တော်​ကြီးများမှာ
၁။ ဘဒ္ဒန္တတိက္ခ
ဥက္ကဋ္ဌ၊ မ.ဘ.သအဖွဲ့(အထက်​မြန်​မာပြည်​)
နိုင်​ငံ​တော်​ဗဟိုသံဃာ့ဝန်​​ဆောင်
အဂ္ဂမဟာပဏ္ဍိတ၊
မဟာဓမ္မကထိကဗဟုဇနဟိတဓရ
တောင်​စလင်းတိုက်​သစ်​၊ မန္တ​လေးမြို့။

၂။ ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)
အတွင်း​ရေးမှူးချုပ်​ဆရာ​တော်
မ.ဘ.သအဖွဲ့(အထက်​မြန်​မာပြည်​)

၃။ ဘဒ္ဒန္တပညာသာမိ
ဒုတိယအတွင်း​ရေးမှူးချုပ်​ဆရာ​တော်
မ.ဘ.သအဖွဲ့(အထက်​မြန်​မာပြည်​)

၎။ ဦးဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်​)
မ.ဘ.သ ဗဟိုဦး​ဆောင်​ဆရာ​တော်

၅။ ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ
မ.ဘ.သ ဗဟိုဦး​ဆောင်​ဆရာ​တော်
တို့ဖြစ်​ကြပါတယ်​။

ပေးစာ ​ခေါင်းစဉ်​က “မေတ္တာရပ်​ခံချက်​” ဖြစ်​ပြီး (၁-၁-၂၀၁၆)ရက်​စွဲဖြင့်​​ ပေးပို့ခြင်းဖြစ်​ပါသည်​။

ပေးစာတွင်​ မြန်​မာ- အင်္ဂလိပ်​ နှစ်​ဘာသာဖြင့်
ထိုင်းနိုင်​ငံ ​ကော့​တောင်​ကျွန်း(ခ)လိပ်​ကျွန်းတွင်​ ဖြစ်​ပွားခဲ့​သော ဗြိတိသျှနိုင်​ငံသားနှစ်​ဦး​သေဆုံးမှုနှင့်​ ပတ်​သက်​၍ မြန်မာနိုင်ငံသား ​မောင်​​ဇော်​လင်းနှင့်​ ​မောင်​ဝင်း​ဇော်​ထွန်းတို့အား ၂၀၁၅ ခုနှစ်​၊ ဒီဇင်​ဘာလ(၂၄)ရက်​​နေ့က ​ကော့စမွီခရိုင်​တရားရုံး(Kho Samui) က ​သေဒဏ်​ချမှတ်​ခဲ့ခြင်းအတွက်​ အမှုအား စစ်​​ဆေးစဉ်​နှင့်​ တရားစီရင်​မှု ဆုံးဖြတ်​ချက်​များနှင့်​ ပတ်​သက်​၍

၁။ DNA စစ်​​ဆေးမှုများ ပြည့်​စုံလုံ​လောက်​မှုမရှိခြင်း၊
၂။ လူသတ်​မှုဖြစ်​စဉ်​နှင့်​ ပတ်​သက်​​သော CCTV မှတ်တမ်း​ဖော်​ပြချက်​များအရ မြန်​မာနိုင်​ငံသားနှစ်​ဦးနှင့်​ ကွဲလွဲ​နေခြင်း၊

၃။ မှုခင်းစစ်​​ဆေးချက်​ မှတ်​တမ်းများအရ စွပ်​စွဲခံရ​သော မြန်​မာနိုင်​ငံသားနှစ်​ဦးအား သံသယဖြစ်​ပွားဖွယ်​ သက်​​သေအ​ထောက်​အထား မ​တွေ့ရှိခြင်း၊

၎။ ​သေဆုံးသူ ဗြိတိန်​နိုင်​ငံသား၏လက်​ဝယ်​တွင်​ ​တွေ့ရှိခဲ့ရ​သော ​ရွှေဝါ​ရောင်​အ​မွှေးအမျှင်​များမှာ မြန်​မာနိုင်​ငံသားနှစ်​ဦးနှင့်​ လုံးဝပတ်​သက်​မှုမရှိခြင်း၊

၅။ အဓိကသက်​​သေများ ထုတ်​​ဖော်​စစ်​​ဆေးမှု အားနည်းခြင်းနှင့်​ မြန်​မာနိုင်​ငံသားနှစ်​ဦးအ​ပေါ် စွပ်​စွဲခံရမှုနှင့်​ ပတ်​သက်​၍ မျက်မြင်​သက်​​သေ မပြနိုင်​ခြင်း၊

၆။ ယင်းအမှုနှင့်​ပတ်​သက်​၍ ထိုင်းနိုင်​ငံရဲတပ်​ဖွဲ့၏ စုံစမ်းစစ်​​ဆေးမှုအပိုင်းတွင်​ နည်းစနစ်​ကျနမှု အားနည်းချက်​များစွာရှိခြင်း၊

၇။ ယင်းအမှုနှင့်​ပတ်​သက်​​သော စုံစမ်းစစ်​​ဆေးမှုနှင့်​ ဆုံးဖြတ်​ချက်​များအား နိုင်​ငံတကာ​ရှေ့​နေအဖွဲ့အစည်းနှင့်​ လူ့အခွင့်အရေးစောင့်​ကြည့်​မှု အဖွဲ့ အစည်းများ၏ ​ဝေဖန်​မှုများခံ​နေရခြင်း၊
စသည်​တို့ကို ပြည်​တွင်းနှင့်​ နိုင်​ငံတကာသတင်း​တွေမှာ ​ဖော်​ပြလျက်​ရှိ​ကြောင်း၊

ထိုကိစ္စနှင့်​ပတ်​သက်​၍ မြန်​မာပြည်​သူများအထူးပင်​ စိတ်​မ​ကောင်းဖြစ်​​နေရ​ကြောင်း၊

အပြစ်​ရှိသူ တစ်​ရာ လွတ်​​မြောက်​ခြင်းထက်​၊ အပြစ်​မဲ့သူ တစ်​ဦးအား မှားယွင်း အပြစ်​​ပေးခြင်း ပြုမိလျှင်​ ထိုင်းတရားစီရင်​​ရေး မဏ္ဍိုင်​အတွက်​ ဂုဏ်​သိက္ခာညှိုးနွမ်း​စေ​ကြောင်း၊

သေဒဏ်​ချမှတ်​ခံရ​သော မြန်​မာနိုင်​ငံသားနှစ်​ဦး၏ အနာဂတ်​သည်​ ထိုင်းဘုရင်​မင်းမြတ်​နှင့်​ ထိုင်းအစိုးရတို့၏  ​မေတ္တာကရုဏာတရား၊ အရှည်​​မြော်​မြင်​ ဆင်​ခြင်​တုံတရားတို့အ​ပေါ်တွင်​ အဓိက မူ​တည်​​နေ​ကြောင်း၊ မှန်​ကန်​မျှတ​သော တရားစီရင်​​ရေးဖြစ်​​စေလို​ကြောင်း၊

လူမျိုး​ရေး၊ နိုင်​ငံ​ရေး​တောင်းဆိုမှုမဟုတ်​ဘဲ တရားမျှတ​သော တရားစီရင်​​ရေး ​တောင်းဆိုချက်​သာဖြစ်​​ကြောင်း၊

အ​ကောင်းဆုံးကူညီ​ဆောင်​ရွက်​​ပေးရန်​ အမျိုးဘာသာ သာသနာ​စောင့်​​ရှောက်​​ရေးအဖွဲ့(အထက်​မြန်​မာပြည်​) က အထူးအ​လေးအနက်​ ​မေတ္တာရပ်​ခံခြင်းဖြစ်​​ကြောင်းနှင့်

ထိုင်းဘုရင်​မင်းမြတ်​ နှင့်​တကွ ထိုင်းပြည်​သူ ပြည်​သားများ ကျန်းမာ ချမ်းသာပါ​စေ​ကြောင်းများ ပါရှိပါတယ်​။


ဝင်းကိုကိုလတ်






No comments:

Post a Comment