Tuesday, December 1, 2015

“CNN သတင်းဌာနနှင့် အင်တာဗျူး”


31.10.2015 ရက်နေ့၊ မနက် 10:00 နာရီ ဟောင်ကောင် CNN သသင်းဌာန Mr. Evan Watson လာရောက်မေးလျှောက်ပါတယ်။

သူက မနေ့က လာမေးတဲ့ စပိန်သတင်းထောက်နှင့် သူငယ်ချင်းပါ။ သူတို့နှစ်ယောက်လုံး ဆီးရီးယားမှာ အဖမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။ မသေကောင်း မပျောက်ကောင်း အိုင်စစ်လက်မှ လွှတ်မြောက်လာသူတွေပါ။
မစ္စတာဝက်စန်က ထူးခြားတဲ့ သတင်းသမားပါ။ သူ့ကိုလည်း သိချင်တဲ့မေးခွန်းတွေ မေးမြန်းဖို့ ခဏဖိတ်ကြားပါတယ်။ စာရေးသူအတွက်တော့ ရှားရှားပါးပါး သတင်းသမားပါပဲ။ ဒါပေမယ့် မမေးမြန်းဖြစ်ခဲ့ပါဘူး။ အချိန်မရလို့ပါ။ သူလည်း မူဆလင်တွေအကြောင်း အတော်သိထားပုံရပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလ ခံစားချက်၊ နိုင်ငံရေးမှ အမျိုးသားရေးသို့ ကူပြောင်းခဲ့ရပုံ၊ အမျိုးစောင့်ဥပဒေ သန္ဓေအစ၊ ထောင်ထဲမှာ တွေ့ကြုံခံစားရပုံများ၊ ကျောင်းသားသပိတ်ကိစ္စ၊ အမျိုးသမီးအရေးဆောင်ရွက်နေသော အမျိုးသမီးများအကြောင်း စတာတွေ မေးပါတယ်။

လူနည်းစုတွေဖြစ်ပါတယ်၊ လူများစုကို ကြောက်နေရပါတယ် ဆိုတဲ့ မူဆလင်တွေကပဲ လူများစုကို မုဒိမ်းကျင့်နေကြတယ်။ အကြမ်းဖက် သတ်ဖြတ်နေကြတယ်။ ဦးဇင်းကိုလည်း ဆဲတယ်။ ဓားကြိမ်းကြိမ်းတယ်။ ခေါင်းဖြတ်မယ် အမြဲခြိမ်းခြောက်နေကြတယ်။


အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အမျိုးသမီးတွေက သူတို့ကို အသိမပေးလို့ ကန့်ကွက်တာလဲ ရှိပါတယ်။ သူတို့က နိုင်ငံရေးသမတွေပါ။ ဘုန်းကြီးက သူတို့ကို ဒူုးထောက်ခစားရမည့်သဘောပေါ့။ အဓိကကတော့ အမျိုးသမီးအခွင့်အရေးဆိုင်းဘုတ်တပ် နိုင်ငံတကာစပွန်ဆာယူပြီး မြန်မာအမျိုးသမီးတွေအတွက် ဘာမှလုပ်မပေးတဲ့ အဖွဲ့တွေက များပါတယ်။ 



No comments:

Post a Comment