Wednesday, December 2, 2015

“ရွှေတောင်ကုန်းဆရာတော်ကြီးနဲ့ ဆရာတော်ဦးဝီရသူကို အဖူးချင်ဆုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်းမှာ တစ်နိုင်ငံကို ၀ီရသူတယောက်စီရှိသင့်တယ်ဆိုတဲ့ ဂျာမန်နိုင်ငံသူ”


ဘုရားအဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာ မဟာဗောဓိခြေတော်ရင်းမှာ ဂျာမန်နိုင်ငံသူ ဒကာမတယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံသား ရဟန်းတော်တပါးက မိတ်ဆက်ပေးလို့လို့ပါ။


ဝိပဿနာအားထုတ်ပုံနည်းစနစ်ကိုမေးလျှောက်ပါတယ်။ ဂျာမန်နိုင်ငံသူဟာ ခရစ်ယာန်မျိုးနွယ်စုကနေ မွေးဖွားလာသူပါ။ ပညာတတ်အထက်တန်လွှာက ပေါက်ဖွားလာသူဖြစ်ပါတယ်။

အမှတ်မထင် ဗုဒ္ဓစာပေကိုဖတ်မိရာကနေ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို သိမြင်ပြီး မိသားစုအသိုင်းအ၀ိုင်းကတားမြစ်နေတဲ့ကြားကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကိုအတော်လေး လေ့လာထားသူဖြစ်သလို မူဆလင်၊ ခရစ်ယာန် ဘာသာအကြောင်းလဲ ထဲထဲဝင်ဝင်သိထာသူဖြစ်ပါတယ်။ အတော်များများ စာရေးသူနဲ့အမြင်ချင်းတူပါတယ်။

မြန်မာနိုင်ငံကို ရောက်အောင်သွားပြီး ၀ိပဿနာတရားကို နည်းစနစ်ကျကျအား ထုတ်ပြီး မိခင် ဂျာမန်မြေမှာ ဗုဒ္ဓသာသနာထွန်းကားအောင်လုပ်ဖို့အထိ ရည်ရည်ထားပါတယ်။

ပဏ္ဍိတာရာမရွှေတောင်ကုန်းဆရာတော်ကြီးနဲ့ ဆရာတော်ဦးဝီရသူကို အဖူးမြင်ချင်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းမှာ တနိုင်ငံကို ၀ီရသူတယောက်စီ ရှိသင့်ကြောင်းနဲ့ နောင်တချိန်မှာ ဆရာတော်ဦးဝီရသူကို ဂျာမဏီကိုပင့်နိုင်အောင်ကြိုးစားမယ်လို့ အားတက်တရောပြောပါတယ်။

တချိန်တခါက တက္ကသီလာပြည်၊ ကမ္ဘောဇတိုင်း၊ မလ္လာယုနိုင်ငံေ တာ်၊သီ ရိဝိဇ ယနိုင်ငံတော်ဆိုတဲ့ ဗုဒ္ဓနိုင်ငံတော်တွေကနေ "အီရတ်၊ အီရန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှား" ဆိုတဲ့ မူဆလင်နိုင်ငံဖြစ် သွားတာဟာ အဲဒီနိုင်ငံတွေမှာ ၀ီရသူတွေမရှိလို့ လို့သူမက ကောက် ချက်ချပါတယ်။

မူဆလင်ရေနံသူဋ္ဌေးတွေဟာ ငွေအားကိုးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အိပ်ထောင်ထဲထည့်ပြီး သူတိုလိုသလို ကြိုးဆွဲနေတဲ့အကြောင်းနဲ့ လူ့အခွင့်အရေးကိုကာဗာယူတတ်ကြောင်း။ နောက်ပြီး NGO, INGO အမည်ခံ အဖွဲ့အစည်းတွေကို သတိထားစောင့်ကြည့်ဖို့လိုအပ်ကြောင်း သတိပေးပြောကြားပါတယ်။

ကမ္ဘာကြီးအစဉ်အမြဲ ငြိမ်ချမ်းသာယာဖို့အတွက် ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားရန်လိုသလို နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ၀ီရသူတွေ အများကြီးပေါ်ထွက်လာဖို့ လိုအပ်ကြောင်းပြောကြားသွားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

ဓမ္မ၀ီရ အရှင်တေဇနိယ


ဗုဒ္ဓဂယာ၊ အိန္ဒိယ

No comments:

Post a Comment