2.11.2015
ည ၈း၀၀ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ ရာဇမုနိစာသင်တိုက်၊
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)မှ စီစဉ်ကျင်းပအပ်သော အမျိုးသားရေးတရားပွဲ
ဓမ္မသဘင်။
မန်း
မဘသ အဖွဲ့က မသွားစေချင်။ တရားပွဲလက်ခံထားပြီးမှ မသွားလို့လည်း မကောင်း၊ ပရိသတ်လာမှာ
မဟုတ်ဘူး ဟု ဆိုသည်။ ဘုရားတောင် ပဉ္စဝဂ္ဂီ ငါးပါးတည်းနှင့် ဟောခဲ့သည်ဟု ပြန်ပြောလိုက်သည်။
သံပုံးတီး ဆန္ဒပြမည်ဟု ကြားနေကြောင်း တင်ပြသည်။ သံပုံးတီးတော့ နားထောင်လို့ကောင်းတာပေါ့။
ပိုတောင်မြိုင်သွားသေးသည်ဟု ပြန်ဖြေသည်။
စာရေးသူ
၂၀၀၁ ခုနှစ်မှာ အမျိုးသားရေးတရား စဟောသည်။ ထိုစဉ်က စာရေးသူဓာတ်ပုံလေးတွေ လက်ဆောင်ပေးသည့်အခါ
ဓာတ်ပုံနောက်ကျောမှာ “ကျောက်ပန်းတောင်းသွေး မွေးရမယ်”ဟု အော်တိုရေး ပေးလေ့ရှိခဲ့၏။
၂၀၀၂
မှာ ကျောက်ပန်းတောင်း လူငယ်များ တရားပွဲ လာပင့်သည်။ ကုလားမရှိ၍ မလိုက်ဖြစ်။ အဆိုပါ
လူငယ်က “ဘုန်းကြီးတရားပွဲရဖို့အတွက် ကုလားတောင်ခေါ်ထားရမလို ဖြစ်နေပြီ”ဟု လျှောက်သွားခဲ့သေး၏။
ပြီးခဲ့သည့်
၂၀၁၄ မှာ ကျောက်ပန်းတောင်းမြို့နယ် ရွာတစ်ရွာမှာ ဟောခဲ့ဖူးသည်။ ကျောက်ဆည်အခြေချ ကျောက်ပန်းတောင်းဒကာကြီးတစ်ဦး
ပင့်သောကြောင့် ဖြစ်၏။ ထိုဒကာ၏ မိခင် အသက် ၉ဝ ကျော် အမယ်အိုကြီးက ရှေ့ဆုံးမှ တရားနာသည်။
အမေအိုကြီးက သူ့တစ်သက် ကုလားမမြင်ဖူးဘူးဟု ဆိုသည်။ ကမ္ဘာ့ကံအကောင်းဆုံး လူသားတစ်ဦးပင်။
အခုတော့
ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ရှိလာခဲ့ပြီ။
ရာဇမုနိစာသင်တိုက်
ဆရာတော်ဆီရောက်တော့ စိတ်မချမ်းသာ။ ဝီရသူနှင့်တွဲရင် အနည်းဆုံး အဆဲခံရမည်ဟု လျှောက်ကာ
လက်ဖဝါးပေါ်က ကံကြမ္မာ စာအုပ်လေး လှူဒါန်းခဲ့၏။
မလိုလားသူများက
ဆရာတော်ကို လာလျှောက်ကြ၏။ တရားပွဲ လက်မခံဖို့ ဖြစ်၏။ ကိုယ်တိုင်လျှောက်၍ မရသည့်အခါ
ဆရာကြီးများကို လျှောက်ခိုင်း၏။ ဆရာကြီးများက ဆရာတော်ထံ ဖုန်းဆက်လျှောက်၏။
၎င်းနောက်
သံဃနာယကထံ ခွင့်ပြုမိန့်ချမပေးဖို့ သွားလျှောက်၏။ ပွဲပိတ်ခံထားရသူတွေ မဟုတ်ဘူးလို့
မိန့်ကြ၏။
မြို့နယ်အုပ်ချုပ်ရေးမှူးဆီ
ဖုန်းဆက်တားမြစ်၏။ ဗေလုဝလို အရက်သမားတော့ ခွင့်ပြုပြီး ဘုန်းကြီးတရားပွဲကျ ခွင့်မပြုရင်
မကောင်းဘူးဟု အဖြေထပ်ရ၏။
ထိုအခါ
ကထိန်ဒကာထံ ရောက်သွား၏။ ကထိန်ဒကာက ဖုန်းဆက်ပြီး ကထိန်ပြန်ရုပ်သွား၏။
အသံချဲ့စက်သမားလည်း
ပြင်ဆင်နေရင်း စက်တွေအားလုံး ပြန်သိမ်းသွား၏။
ဖျာတွေလည်း
ငှားမရ၊ မဏ္ဍပ်၊ ပလ္လင်၊ အသံချဲ့စက် အားလုံး မန္တလေးမှ စီစဉ်ရ၏။
ဆွမ်းအုပ်ပို့နေကျ
ဒကာ ဒကာမများလည်း ဆွမ်းချိုင့်မှောက် (သပိတ်မှောက်)သွားကြ၏။
တော်တန်ရုံ
ဆရာတော်ဆိုလျှင်ကား စိတ်ရှုပ်သည်နှင့်ပင် ကျင်းပဖြစ်တော့မည် မဟုတ်။ ရာဇမုနိဆရာတော်ကား
ငတ်သေရင် သေပေ့စေ။ ငါ့ဟာငါ ဆွမ်းချက်စားရ စားရ ဟု ခံယူထားသူဖြစ်၏။
ရွာပေါင်း
၁၂ ရွာ တရားပွဲ မလာနိုင်အောင် ပိတ်ပင်ထားကြ၏။ မြို့ထဲမှာလည်း ကောလာဟလ စုံနေအောင် လွှင့်ထားကြ၏။
တရားနာသူတွေလည်း
တစ်ခုခုကို ကြောက်နေပုံရသည်။ သံပေါက်တွေ ချပေးရင် မြိုင်နေအောင် လိုက်ဆိုကြသော်လည်း
တရား မထောက်ရဲကြ၊ မဖြေရဲကြ။ ရယ်စရာပြောလျှင်တောင် မရယ်ရဲကြပေ။
ဒို့ပြည်သူတွေ
ကြောက်ရမည့် လူတစ်မျိုး ပေါ်လာပြန်ပကောဟု တွေးတောမိပြန်၏။
မဘသနှင့်
အမျိုးစောင့်ဥပဒေ အကြောင်း ဟောခဲ့ပါသည်။
ကထိန်မဖြစ်ကြောင်း
သိသူများက စုပေါင်း ဘုံကထိန်ခင်းကြပါသည်။ စာရေးသူက သရုပ်ပြ သိုင်းအဖွဲ့အတွက် ဆုငွေ
တစ်သိန်း လှူဒါန်းလိုက်ပါသည်။
ကထိန်စည်ကားကြောင်း၊
ရေနံချောင်း၊ မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန် အမျိုးသားရေးသမားများ စုပေါင်းလှူဒါန်းကြကြောင်း
သိရပါသည်။ ပစ္စည်းတန်ဖိုး သိန်းလေးရာကျော်။ ငွေသား သိန်း ၈ဝ ကျော် လှူဒါန်းနိုင်ကြ၍လည်း
သာဓုခေါ်မိပါသည်။
အမျိုးသားရေးမှာ
ညီအစ်ကိုအရင်းတော်စပ်ကြသော်လည်း နိုင်ငံရေး အရောင်အသွေး ရောစပ်လာသူများက ညီအစ်ကိုရင်းကိုပင်
ရန်သူထင်လာကြသည်ကား အစဉ်အလာကောင်းကို ချိုးဖျက်လိုက်သလိုများ ဖြစ်နေရော့သလား တွေးမိ၏။
အွန်လိုင်း
ဝါဒဖြန့်သူကြီးလည်း အနိုင်ရသွားပါပြီ။ ဤသို့ဆိုလျှင် တိုင်းပြည်၏ အာဏာသည် လူကြမ်းတို့ ၏ လက်မှ လူရိုင်းတို့၏ လက်တွင်းသို့ သက်ဆင်းသွားခြင်းသာ
ဖြစ်ပါ၏။
လူရိုင်းလက်ထဲမှ
သာသနာ စောင့်ကြည့်ရပေဦးတော့မည်။
ဝီရသူ(မစိုးရိမ်)
3.12.2015
No comments:
Post a Comment