Wednesday, December 9, 2015

“ရမည်းသင်းမြို့ အမျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနား”


5.11.2015 ရမည်းသင်းမြို့၊ မဘသအဖွဲ့ ဦးစီးကျင်းပတဲ့ အမျိုးစောင့်ဥပဒေအောင်ပွဲပါ။
ရမည်းသင်းတစ်မြို့နယ်လုံးရှိ ကျေးရွာများအပြင် ပျော်ဘွယ်မြို့နယ် မဘသအဖွဲ့ကလည်း ယာဉ်တန်းကြီးနှင့်အတူ ပါဝင်အားဖြည့်ပါတယ်။

အခမ်းအနားက မွန်းလွဲ 2:00 မှာ စပါတယ်။ 3:00 နရီ 4:00 နာရီအထိ လူတန်းကြီးက မကုန်သေးပါဘူး။ 12:00 မှ စတင်နေရာယူကြတာပါ။
ရမည်းသင်းမြို့၊ ရန်အောင်မြင်ပရိယတ္တိစာသင်တိုက် ပဓာန မဟာနာယက ဆရာတော်ကြီးအမှူးရှိသော ဆရာတော် သံဃာတော်များ၊ မြနန်းဆရာတော်၊ ဒေါက်တာသောပါကနှင့် စာရေးသူ ဤအရှင်တို့ ကြွရောက်ချီးမြှောက်ကြပါတယ်။

ဆင်အက၊ ကချင်အက၊ ရှမ်းအက စတဲ့ တိုင်းရင်းသူ တိုင်းရင်းသား ရိုးရာအကပဒေသာများနှင့် ဦးရွှေရိုးအက တို့ဖြင့် ဖျော်ဖြေကြပါတယ်။
အမျိုးသားရေးတေးသံရှင် မေ့ချစ်သက်၊ လင်းထိုက်၊ ငြိမ်းချမ်းတို့လည်း သီဆိုဖျော်ဖြေကြပါတယ်။

စာရေးသူကတော့ ဗလောင်းဗလဲနှင့် အပြောင်းအလဲ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါတယ်။
မင်းကျောင်းဆရာတော်ကြီး သြဝါဒ မှတ်သားစရာကောင်းလို့ တင်ပြလိုက်ပါတယ်။

“မဘသဖွဲ့တာ ကြောက်လို့”
===============
တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ၊ လူမျိုးတစ်စုနှင့် တစ်စု ပဋိပက္ခဖြစ်မှာတွေ ကြောက်ရ၊ ပဋိပက္ခတွေဖြစ်ပြီး ရုံးတွေ ဂတ်တွေ ရောက်ကြမှာကို ကြောက်ရ၊ ရုံးတွေ ဂတ်တွေရောက်ပြီး ဒုက္ခရောက်ကြမှာကို ကြောက်ရ၊ အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော်ကြီး ပျက်စီးသွားမှာကိုလည်း ကြောက်တော်မူရလို့ အမြော်အမြင်ကြီးမားတဲ့ ဆရာတော်ကြီးများက မဘသအဖွဲ့ ဖွဲ့မှဖြစ်မယ်ဆိုပြီးတော့ ကြောက်လို့ ဖွဲ့ကြရတာ။
ရမည်းသင်း မဘသကိုဖွဲ့တာလည်း ကြောက်လို့ ဖွဲ့ရတာပဲ။
အကြောက်တရားတွေ သက်သာအောင် ယဉ်ကျေးမှုသင်တန်းတွေ ဖွင့်၊ စာမေးပွဲတွေကျင်းပပြီး တစ်ဖက်တစ်လမ်းကနေ အကြောက်တရားတွေ ကာကွယ်ကြရတာပဲ။

ဘဒ္ဒန္တ နန္ဒောဘာသ
ရမည်းသင်းမြို့၊

ရန်အောင်မြင်ကျောင်းဆရာတော်ကြီး


























No comments:

Post a Comment