ဝါရှင်တန်၊
ဒီဇင်ဘာ ၈
ကယ်လီဖိုးနီးယား
ပစ်ခတ်မှုအပြီးတွင် ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမေရိကန်သို့ မွတ်ဆလင်များ
ဝင်ရောက်မှုကို ပိတ်ပင်ရန် တိုက်တွန်းလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုအပေါ်
မွတ်ဆလင်များ၏ သဘောထားကို အာဏာပိုင်များက ပုံဖော်နိုင်သည့်အချိန်ထိ လုံးဝ ပိတ်ထားသင့်သည်ဟု
ဒေါ်နယ်ထရမ့်က မဲဆွယ်ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်
နာရီပိုင်းအကြာ တောင်ပိုင်းကယ်ရိုလိုင်းနား စုဝေးပွဲတွင် ထပ်မံပြောကြားခဲ့ရာ လက်ခုပ်သံများ
ရရှိခဲ့သည်ဟု သိရှိရသည်။
သို့ရာတွင်
ထရမ့်၏မှတ်ချက်သည် အမေရိကန်ပြည်စု၏ တန်ဖိုးများ၊ လုံခြုံရေးအစီအစဉ်များနှင့် ဆန့်ကျင်နေသည်ဟု
အိမ်ဖြူတော်က ကြေညာချက်ထုတ်သည်။
ရီပတ်ဗလစ်ကန်သမ္မတလောင်းတစ်ဦးဖြစ်သူ
ဂျက်ဘုတ်ရှ်ကလည်း နယူးယောက်မှ စီးပွားရေးသမား ဒေါ်နယ်ထရမ့်သည် စိတ်ပုံမှန်မဟုတ်တော့ကြောင်း
ဝေဖန်လိုက်သည်။
ယခင်တစ်ပတ်က
ဆန်ဘာနာဒီနို ရှိ ကျန်းမာရေးစင်တာတွင် မွတ်ဆလင်စုံတွဲက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်
၁၄ ဦး သေဆုံးခဲ့သည်။
Center
for Secturity Policy က စစ်တမ်းကောက်ယူရာတွင် အမေရိကန်ပြည်စုနေ မွတ်ဆလင် ၂၅ ရာခိုင်နှုန်းက
အကြမ်းဖက်မှုသည် တရားမျှတကြောင်း ယုံကြည်ကြသည်ကို တွေ့ရှိရသည်ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားသည်။
“စစ်တမ်းအချက်အလက်တွေကို
မကြည့်ဘဲနဲ့တောင် အမုန်းတရားတွေ အလွန်အကျွံဖြစ်နေတာ ထင်ရှားပါတယ်။ ဒီအမုန်းတရားတွေ
ဘယ်ကလာသလဲ၊ ဘာကြောင့်လဲဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်”
“ဒီပြဿနာကို
နားလည်ပြီး ဆုံးဖြတ်နိုင်ပြီ ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ လူ့ဘဝကို အလေးမထားတဲ့
ဂျီဟဒ်တွေရဲ့ တိုက်ခိုက်မှုကို မခံရနိုင်တော့ပါဘူး”ဟု ထရမ့်က ပြောကြားသည်။
ထရမ့်က သာမန်လည်ပတ်မှု
အပါအဝင် အမေရိကန်ပြည်ထောင်စုသို့ မွတ်ဆလင်ဝင်ရောက်မှု အားလုံးကို ပိတ်ပင်ရန်တောင်းဆိုသည်ဟု
သိရှိရသည်။
ဒေါ်နယ်ထရမ့်သည်
မက္ကစီကိုဘက်မှလာသော ရာဇဝတ်မှုပြဿနာနှင့် ယခုနယူးယောက် ပစ်ခတ်မှုကိစ္စတို့ကို ဝေဖန်ကာ သမ္မတလောင်း
ရွေးပွဲယှဉ်ပြိုင်မှုအတွက် မဲဆွယ်လျက်ရှိသည်။
ထရမ့်သည်
ဗလီများကို ပိတ်ပစ်ရန်နှင့် မွတ်ဆလင်များကိုစောင့်ကြည့်ရန် အကြံပြုမှုများကြောင့် ယှဉ်ပြိုင်ဘက်
သမ္မတလောင်းများ၏ ကန့်ကွက်ခြင်းခံရသော်လည်း ၎င်း၏ တင်းမာသော သဘောထားမှာ ကြီးကြီးမားမား
ထောက်ခံမှု ရရှိနေသည်ဟု ဆိုသည်။
9.12.2015
– The Voice
No comments:
Post a Comment