12.11.2015
ည 8:00 နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ၊ အထက (ခွဲ) ကျောင်းသူ ကျောင်းသားဟောင်းများ
ဦးဆောင်ကျင်းပသည့် အမျိုးသားရေး ဓမ္မသဘင်။
အောင်သုခဆရာတော်ကြီးကို
အရင်ဦးဆုံး ဖူးမြော်ပူဇော်ပါတယ်။ ဆရာတော်ကြီးက ရွာနှစ်ခြမ်းကွဲနေလို့ ညီညွတ်ရေးတရားဟောခိုင်းပါတယ်။
အမတ်ကြီး
ဒေါ်ခင်ဝိုင်းကြည်လည်း လာရောက်ဖူးမြော်ပါတယ်။ တကယ်အလုပ်လုပ်တဲ့အမတ်ကြီးတွေ ဆက်လက်လုပ်ဆောင်ခွင့်မရတာတော့
စိတ်ဒဏ်ရာတစ်ခုကို နာကျင်နေတုန်းပါ။
ပရိသတ်ကတော့
ပြည့်နှက်နေတာပါပဲ။
သာရဏီယတရား(၆)ပါး
ဟောကြားခဲ့ပါတယ်။
ပြည်သူ့အတွက်
ရည်ရွယ်တာမှန်ရင် ပုဂ္ဂိုလ်စွဲ၊ နေရာစွဲ၊ အလုပ်စွဲ မထားဖို့ ဟောကြားခဲ့တာပါ။
ဘယ်သူပါလို့
မလာနိုင်ဘူး ဆိုတာမျိုး မဖြစ်စေနဲ့။ ကြည့်မရတဲ့သူနဲ့လည်း လက်တွဲနိုင်ရမယ်။
ဘယ်နေရာမရရင်
မလုပ်နိုင်ဘူး ဆိုတာမျိုး မဖြစ်စေနဲ့။ ဘယ်နေရာမှာပဲဖြစ်ဖြစ် နေနိုင်ရမယ်။
ဘယ်အလုပ်မရရင်
မလုပ်နိုင်ဘူး ဆိုတာမျိုး မဖြစ်စေနဲ့။ ဘာလုပ်ရလုပ်ရ စိတ်ထားမျိုးနဲ့ ကျရာတာဝန် ကျေပွန်စေရမယ်။
မေတ္တာသုံးလီ၊
သီလမြဲလို့၊ မျှဝေခွဲလို့ သုံးစွဲမယ်။
ပန်းတိုင်တူရင်၊
ဗျူဟာကွဲလည်း၊ အစွဲကင်းအောင် ဆောင်ရွက်မယ်။
သာရဏီယတရား၊
လက်ကိုင်ထားမှ၊ ကမ္ဘာလောကကြီး ငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း၊
နိဗ္ဗာန်လမ်း၊ တက်လှမ်းနိုင်ဖို့ရွယ်။
No comments:
Post a Comment