Saturday, December 12, 2015

“ရှမ်းကျောင်းဓမ္မစကူးလ် မှ အာစရိယပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပသွားမည်”


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အမတ်ကြီးခုံကျေးရွာ ရှမ်းကျောင်းဓမ္မစကူးလ်ကျောင်းတော်၌ အာစရိယပူဇော်ပွဲနှင့် မြန်မာ့ရိုးရာမုန့်များကိုဖော်ထုတ်သော နိဗ္ဗာန်ဈေးပွဲတော်ကို ၁၃၇၇ - ခု ပြာသိုလ်ဆန်း (၁)ရက် ( 10.1.2016)တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းအာစရိယပူဇော်ပွဲ၌ ဓမ္မသဘင်ကိုလည်း မြနန်းဆရာတော်က ည ၇ နာရီအချိန်တွင် ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည် ။

ဆက်လက်၍ နိုင်ငံကျော်ကလေးအဆိုတော်များဖြစ်သော စွမ်းထက် မေ့ချစ်သက် ခင်ပိုးပန်ချီ ဆုမြတ်ထက် နှင်းချယ်ရီတို့ကလည်း သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။


စူပါကောင်လေး

No comments:

Post a Comment