3.11.2015
ည 8:00 မင်းဘူးမြို့ အားကစားကွင်း၊ မင်းဘူး (စကု)မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
(မဘသ)အဖွဲ့ ဖွဲ့စည်းခြင်းနှင့် အမျိုးစောင့်ဥပဒေအောင်ပွဲအထိမ်းအမှတ် ဓမ္မသဘင်။
တရားမဟောခင်
ပရိသတ်တွေမရောက်သေးချိန် ခပ်စောစောကပုံတွေတင်ပြီး ဦးဝီရသူတရားပွဲ နာယူသူမရှိ ခေါင်းစဉ်တပ်ပြီး
နှောက်ယှက်ကြပါတယ်။
အချို့လည်း
အဟုတ်ထင်ပြီး စိုးရိမ်ကြပါတယ်။ အချို့လည်း ဖုန်းဆက်ပြီး မေးမြန်းကြပါတယ်။ တရားပွဲမရောက်သေးလို့
မသိရသေးကြောင်း ဖြေခဲ့ရပါတယ်။
တရားပွဲရောက်တော့
ဘောလုံးကွင်းကြီး ပြည့်လျှံလုနီးပါး တွေ့ရပါတယ်။
မင်းဘူးမြို့မှာ
2012 ခုနှစ်မှာ နောက်ဆုံးဟောခဲ့တာပါ။ အဲဒီနောက်ပိုင်း အခုမှ ပြန်ဟောခွင့်ရတာပါ။
မော်စကိုကျောင်းဆင်းခါစတုန်းကတော့
မိုးကုတ်ဝိပဿနာရိပ်သာမှာ တည်းပြီး ဟောခဲ့ပါတယ်။
အခုတော့ မိုးကုတ်ဝိပဿနာရိပ်သာ
ဂေါပကဒကာကြီးများက နိုင်ငံရေးဘုန်းကြီး ထောင်ထွက်ဘုန်းကြီးကို လက်ခံရင် နှင်ထုတ်ပစ်မယ်
ခြိမ်းခြောက်ထားလို့ မတည်းဖြစ်တော့ပါဘူး။
၂၀၀၁ ခုနှစ်
အမျိုးသားရေးစဟောတော့ ဝိပဿနာသမားအချို့ ပြောတာလေးတွေ မှတ်မိနေပါသေးတယ်။ ကုလားလည်း ရုပ်နှင့်နာမ်၊
ဗမာလည်း ရုပ်နှင့်နာမ် တရားသဘောနှင့်ကြည့်ရင် ဖြစ်+ပျက် ဒုက္ခသစ္စာပါပဲ တဲ့။
အခုကျတော့
ဘုန်းကြီးလည်း ရုပ်နှင့်နာမ်၊ လူလည်း ရုပ်နှင့်နာမ်၊ အနီလည်း ရုပ်နှင့်နာမ်၊ အစိမ်းလည်း
ရုပ်နှင့်နာမ် တရားသဘောကို ဆင်ခြင်ရကောင်းမှန်း သိပုံမရကြတော့ပါဘူး။
ရိပ်သာဆရာကြီးတွေ
ဝိပဿနာသမားတွေလည်း နိုင်ငံရေးအရောင်အသွေးဝင်လာတော့ ဖြစ်ပျက်မြင်အောင်တောင် မရှုနိုင်တော့တာကိုကား
နားလည်ပေးရမှာပဲ မဟုတ်လား။
No comments:
Post a Comment