Saturday, December 5, 2015

“ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့ (5.12.2015)ရက်၊ မွန်းလွဲ (3:00)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက) အရှင်ဉာဏိဿရ(ဟောပြောတာဝန်ခံ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်တင်ဆန်း(စာရင်းစစ်)တို့ တက်ရောက်ကြပြီး အရှင်ဉာဏိဿရနှင့် ဒေါ်တင်ဆန်းတို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် အသင်းဝင် (၇၀)ဦးတို့အား စုဘူးငွေ တစ်သိန်းကျပ်စီထုတ်ပေးခဲ့ပါသည်။

ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် (၄)ခုမြောက်စုဘူးဖြစ်ပါသည်။ ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခု အသင်းဝင်ဦးရေ (၇၀)ဦးရှိပြီး (၇၀)လုံး တစ်သိန်းတွေချည်းဖြစ်သည်ဟု သိရသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
ဝီရသူ (မစိုးရိမ်)





No comments:

Post a Comment