မြန်မာနိုင်ငံ၌
လူမျိုးရေး ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုများ ဖြစ်စေသည့် သွေးထိုးလှုံ့ဆော်သူများကို
ငွေကြေးတစ်စုံတစ်ရာထောက်ပံ့ခြင်းမပြရန် အမေရိကန်လွှတ်တော်နှစ်ရပ်၏ မဲခွဲပွဲ၌ အရှင်ဝီရသူကို
လေ့လာသုံးသပ်စောင့်ကြည့်ရန် ဆိုသည့်အချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့ကြောင်း
သတင်းရရှိသည်။
အဆိုပါ အမေရိကန်လွှတ်တော်နှစ်ရပ်၏
မဲခွဲပွဲကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခြင်းဖြစ်ပြီး ယင်းသတင်းများကို နိုင်ငံတကာသတင်းဌာနမျိုးစုံနှင့်
ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနအချို့က ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ဖော်ပြလာသည်။
အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက မဲခွဲမှု၌ အတည်ပြုကြေညာခဲ့သည်မှာ မြန်မာနိုင်ငံတွင်း၌
လူများရေး ဘာသာရေးပဋိပက္ခများကို ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ကြသော လူမှုအဖွဲ့အစည်းနှင့်
ပုဂ္ဂိုလ်များကို ငွေကြေးဆိုင်ရာ အကူအညီများ ထောက်ပံ့ခြင်း လုံးဝမပြုလုပ်ရန်ဆိုသည့်အချက်ပင်ဖြစ်ကြောင်းလည်း
သိရသည်။
သို့သော်လည်း
ယင်းကဲ့သို့ မဲခွဲမှုကို လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့်တိုင် အမေရိကန်သမ္မတ မစ္စတာအိုဘားမားက
အတည်ပြုလက်မှတ်ထိုးရဦးမည် ဖြစ်ကာ အိုဘားမားအနေဖြင့် ယခုတစ်ပတ်အတွင်းမှာပင် လွှတ်တော်နှစ်ရပ်၏အလိုကျ
လက်မှတ်ထိုးသွားရန် ရှိနေသည်ဟု သိရသည်။
အဆိုပါမဲခွဲပွဲ၌
ထူးခြားမှုအဖြစ် မြန်မာနိုင်ငံမှ သံဃာတော်တစ်ပါးဖြစ်သူ အရှင်ဝီရသူအား လေ့လာစောင့်ကြည့်ရန်
လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်၌ အသိပေးပြောကြားခဲ့သည်ဟု သိရသည်။
ကန်လွှတ်တော်နှစ်ရပ်၏ မဲခွဲခဲ့သည့်ဥပဒေမှာ ၂၀၁၆ ခုနှစ်အတွက် အမေရိကန်၏ နိုင်ငံတော်သုံးစွဲငွေဆိုင်ရာ
ဥပဒေမူကြမ်းဖြစ်ပြီး ယင်းဥပဒေထဲ၌ မြန်မာနိုင်ငံမှ အဆိုပါအကြောင်းအရာမှာ ဥပဒေသတ်မှတ်ချက်တစ်ခုအဖြစ်
ထည့်သွင်းခံရခြင်းလည်း ဖြစ်သည်။
ဒီဇင်ဘာ ၂၀
ရက် သတင်းအရ သမ္မတအိုဘားမားအနေဖြင့် ယခုတစ်ပတ်အတွင်းမှာပင် လက်မှတ်ထိုး၍ နိုင်ငံတော်ဥပဒေတစ်ရပ်အဖြစ်
အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းသတင်းဌာနတစ်ခု၏ဖော်ပြချက်တွင် အရှင်ဝီရသူကလည်း
၎င်းကို အမေရိကန်က လေ့လာသုံးသပ်စောင့်ကြည့်မည့်ဆိုပါက ၂၄ နာရီလုံး စောင့်ကြည့်နေသင့်ကြေင်း
ပြောကြားထားသည်ကို တွေ့ရသည်။
21.12.2015
- ပြည်မြန်မာ


No comments:
Post a Comment