(ငြိမ်းချမ်းရေးလိုလို
ချစ်ကြည်ရေးလိုလို အင်တာဖေ့သ်လိုလို ဒိုင်ယာလော့လိုလို ဘာလိုလို နှာလိုလို လုပ်မနေနဲ့။
တကယ်ငြိမ်းချမ်းရေးကို လိုလားရင် ဒီလောက်လေးတော့ သတ္တိရှိရမယ်။ မလုပ်နိုင်ရင် နေရာဖယ်ပေးလိုက်။
ဖယ်မပေးနိုင်ရင် ဂျိုးလိုလို မိုးလိုလို လျှောက်မပြောနဲ့။ ဒါပဲ)
ဝီရသူ (မစိုးရိမ်)
20.12.2015
------------------------------------------------------------------------------------------------------------------------------
“ISIS သည်
အစ္စလာမ်၏ ရန်သူဖြစ်ကြောင်း အိန္ဒိယမွတ်ဆလင်များ ကြေညာ”
နယူးဒေလီ၊
ဒီဇင်ဘာ ၇
အိန္ဒိယနိုင်ငံအနှံ့
မြို့ကြီးများတွင် မွတ်ဆလင်များသည် လှည့်လည်ချီတက်ပွဲများပြုလုပ်ကာ အကြမ်းဖက်ဝါဒကိုကိုင်စွဲသော
ISIS သည် အစ္စလာမ်၏ ရန်သူများဖြစ်ကြောင်း ကြေညာခဲ့သည်ဟု VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
IS စစ်သွေးကြွအဖွဲ့က
၎င်းတို့၏လှုပ်ရှားမှုများကို အိန္ဒိယနိုင်ငံတွင် ချဲ့ထွင်မည်ဟု ကြေညာခဲ့ပြီးနောက် ဖော်ပြပါအတိုင်း
မွတ်ဆလင်များက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
IS ကထုတ်ပြန်ခဲ့သော
ကြေညာချက်တစ်စောင်တွင် ၎င်းတို့၏လှုပ်ရှားမှုများသည် အီရတ်နှင့် ဆီးရီးယားကိုကျော်လွန်ပြီး
အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် အခြားနိုင်ငံများသို့ ရောက်ရှိနေပြီဟု
ပြောကြားထားသည်။
ဟိန္ဒူအမျိုးရေးဝါဒီ
အစိုးရဦးဆောင်နေသည့် အိန္ဒိယနိုင်ငံကို ဂျီဟဒ်စစ်ပွဲဆင်နွှဲမည်ဟု ယင်းကြေညာစာတမ်းတွင်
IS က ပြောကြားထားသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး
ဟီရိဘိုင်ပါသစ်ဟိုင်းချောင်ဒရီက IS၏ ခြိမ်းခြောက်မှုကို အစိုးရအနေနဲ့ အလေးထားကာကွယ်သွားမည်ဟု
ပြောကြားထားသည်။
ပြီးခဲ့သည့်လကတည်းက
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသည် ပြည်နယ်တိုင်းကို သတိပေးမှုများ ပြုလုပ်ထားသည်။
အိန္ဒိယမွတ်ဆလင်များက
နယူးဒေလီနှင့် အခြားမြို့ကြီးများတွင် IS ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုများပြုလုပ်ကာ
အစိုးရ၏ ကြမ်းဖက်ဝါဆန့်ကျင်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။
ရှီးယိုက်နှင့်
ဆွန်နီနှစ်ဖွဲ့လုံး စုစည်းကာ ယင်းသို့ကန့်ကွက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား၊
အီရန်၊ အီရတ်၊ ရုရှားနှင့် အခြားဘာသာများမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ဒီဇင်ဘာ ၃
ရက်နေ့ကို အကြမ်းဖက်ဝါဒဆန့်ကျင်ရေးနေ့အဖြစ် အိန္ဒိယတွင် သတ်မှတ်ထားသည်ဟု ဆိုသည်။
အစ္စလာမ်နိုင်ငံတော်
ISIS အဖွဲ့သည် မွတ်ဆလင်များ၏သွေးကိုသောက်သုံး မြူးထူးနေသည်ဟု ကာလကတ္တားတွင်ပြုလုပ်သော
မူဆလင်စီတန်းလှည့်လည်ပွဲတစ်ခု ရှုတ်ချထားသည်။
8.12.2015
– The Voice

No comments:
Post a Comment