Sunday, December 6, 2015

“အညတရအလှူတော်”


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းမှ ဦးပဉ္စင်း ဦးဉာဏိက ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

အူမကြီးကင်ဆာဖြစ်လို့ ခွဲစိတ်ကုသထားပါတယ်။ ဆေးသွင်းတာလည်း ဆယ်ကြိမ်ရှိပါပြီ။ လူနာစောင့်လည်းမရှိ ဆေးဖိုးလည်းမရှိလို့ ကျောင်းကို လာအလှူခံပါတယ်။ ဆေးဖိုး တစ်သိန်းခွဲ လိုအပ်နေကြောင်း သိရလို့ ဒီနေ့ (6.12.2015)မှာ တပည့်လေးတွေလွှတ်ပြီး လှူခိုင်းလိုက်ပါတယ်။
ကာယကံမေတ္တာအဖွဲ့က ငါးသောင်းကျပ် စာရေးသူက တစ်သိန်းကျပ် လှူလိုက်တာပါ။

လတ်တလော ဆေးဖိုးပြည့်စုံသွားသော်လည်း အခြား လိုအပ်ချက်တွေ အများကြီးရှိသေးတာမို့ သတင်းသုံးဖော်များ ကျောင်းတိုက်အတွင်းမှ သံဃာတော်များ အခြားဘုရားသားတော်များ ထောက်ပံ့လှူဒါန်းနိုင်ပါကြောင်း။
ဆက်သွယ်ရန်
ဦးဉာဏိက - 09797554779






No comments:

Post a Comment