အဝါရောင်
အလယ်ခေါင်မှာပဲ
နေတဲ့သူ
အနီနှင့်
အစိမ်းကို ထိန်းညှိဖို့။
နီချိန်တန်ရင်
အစိမ်းကို
သတိပေးတယ်။
စိမ်းချိန်တန်ရင်
အနီကို အသိပေးတယ်။
နီချင်သူက
အဝါကို မျှော်ကြတယ်။
စိမ်းချင်သူက
အဝါကိုတောင့်တကြတယ်။
စိမ်းနေချင်သူက
အဝါလာမှာ
ကြောက်ကြတယ်။
နီနေချင်သူက
အဝါလာမှာ မလိုလားဘူး။
ကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ
အဝါရောင်ကတော့
ဝါမြဲ ဝါနေမျာပါပဲ။
ဝီရသူ (မစိုးရိမ်)
1.11.2015

No comments:
Post a Comment