Monday, November 2, 2015

“ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါ အစီအစဉ် စတင်ပါပြီ”


ဒီနေ့ 2.11.2015 ရက်နေ့ မနက် 10:00 နာရီမှာ DVD မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
ကင်းဝန်မင်းကြီးတိုက်၊ သာသနပါလကျောင်းမှာပါ။
ကြံ့ခိုင်ရေးနှင့် ဒီချုပ်မှလွဲပြီး ကျန်တဲ့ပါတီအားလုံးနှင့် တစ်သီးပုဂ္ဂလအမတ်လောင်းတွေ တက်ရောက်ပါတယ်။
အမတ်လောင်းတိုင်းကို ဆယ်စုံလက်ဆောင်ပေးပြီး တက်ရောက်သူတိုင်းကို တစ်စုံစီ လက်ဆောင်ပေးပါတယ်။
တက်ရောက်သူ အားလုံးကတော့ ဝမ်းသာမဆုံး ကျေးဇူးတင်မဆုံးပါပဲ။
မန္တလေး ခုနစ်မြို့နယ်လုံးမှာ ဓမ္မဒါန ဖြန့်ဝေမှာပါ။ လောလောဆယ် DVD အချပ်ပေါင်း နှစ်သောင်းနီးပါး ကူးပြီးထားပါပြီ။
ပြည်သူတွေက ထပ်မံတောင်းဆိုလာရင် အခမဲ့ ထပ်မံဖြန့်ဖြူးနိုင်ဖို့ အချိန်မီ အရောက်ပို့နိုင်ဖို့ စီစဉ်ထားပါတယ်။
အားလုံး ကုန်ကျငွေ အိတ်စိုက်ပါပဲ။
အာဏာအတွက် ရာထူးအတွက် ဆုတံဆိပ်အတွက်မဟုတ်ဘဲ အိတ်စိုက်လုပ်တာပါ။
သိပ်မိုက်တဲ့ အိတ်စိုက်သမားပေါ့ဗျာ။

ဝီရသူ (မစိုးရိမ်)
2.11.2015
PM- 3:00
















No comments:

Post a Comment