Friday, November 13, 2015

“ဘကြီးတော်ဘုရား ဈာပနပွဲ”



ဒီနေ့ 13.11.2015 ရက်နေ့မှာ ကျင်းပပါတယ်။ မနက် 8:00 မှာ ရုပ်ကလာပ်တော်ပင့်ဆောင်တဲ့အခမ်းအနား ကျင်းပပါတယ်။
ဘကြီးတော်ဘုရားသီတင်းသုံးရာ ရွှေလှံထောင်ကျောင်း ဓမ္မာရုံပေါ်မှ လေးမျက်နှာကွင်း ဝေဇယန္တာခန်းမသို့ ပင့်ဆောင်အပြီးမှာ စာရေးသူရဲ့ ပရိယတ္တိဆရာရင်း ဘဒ္ဒန္တဓမ္မပါလာဘိဝံသ (မဟန ဒုဥက္ကဋ္ဌ)ဆရာတော်က သံဝေဂတရား ဟောကြားကာ ရေစက်ချ အမျှဝေပါတယ်။ မနက် 10:00 မှာ ပြီးပါတယ်။

အဲဒီနောက် သစ်လွင် သာလောင် မန္တလေးအငြိမ့်ဆိုင်းနှင့် ရွှေမန်းသူ မြင့်မြင့်သန်းတို့က ဧယဉ်ကြူး ပူဇော်ကြပါတယ်။
မွန်းလွဲ 2:00 မှာ ကရဝိက်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်ပြီး မင်းမွေးတောင်သုသာန်မှာ အန္တိမအဂ္ဂိဈာပန (နောက်ဆုံးမီးပူဇော်ပွဲ) သဂြိုဟ်ပူဇော်ပါတယ်။

နယ်ခံဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ မန်း မဘသအဖွဲ့ ဝိုင်းတော်သားများ၊ တပည့်ဒကာ ဒကာမများ လိုက်ပါပို့ဆောင် ပူဇော်ကြပါတယ်။




























No comments:

Post a Comment