Saturday, November 14, 2015

အမျိုးစောင့်ဥပဒေ ဈေးဦးပေါက်ပြီ (ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ ပွဲဦးထွက်ကလေးပါ)



ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွှေညောင်ပင်ကျောင်းတိုက်၌ 13.11.2015 ရက်နေ့၊ မွန်းလွဲ 2:00 နာရီတွင် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူပြောင်းခံယူခြင်းအခမ်းတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

ဘာသာကူပြောင်းသူများမှာ ကြံခင်းမြို့၊ မင်းသီရိ(၂)၊ ဘိုးရာဇာလမ်းနေ ဒေါ်စန်းလွင် (၅၂)နှစ်နှင့် သားဖြစ်သူ မောင်စန်းလင်းဦး(၁၉)နှစ်၊ (တတိယနှစ်-သင်္ချာ)တို့ သားအမိနှစ်ဦးဖြစ်ပါသည်။
ဒေါ်စန်းလွင်သည် မူလက ဗုဒ္ဓဘာသာဖြစ်ပြီး ခင်ပွန်းဖြစ်သူ အစ္စလာမ်ဘာသာဝင် ဦးတင်ဦးနှင့်ညားပြီးမှ အစ္စလာမ်ဘာသာခံယူထားသူဖြစ်ကြောင်း၊ ယခုဗုဒ္ဓဘာသာသို့ပြန်လည်ကူးပြောင်းခြင်းအတွက် ခင်ပွန်းဖြစ်သူ ဦးတင်ဦးမှ ကျေကျေနပ်နပ်ခွင့်ပြုပြီး မိမိသဘောဆန္ဒအလျှောက် ကူးပြောင်းခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ သံဃနာယက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆရာတော်များနှင့် မဘသအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆရာတော်များအမှူးပြုသော သံဃာတော် (၂၃)ပါး၊ ထွေအုပ် ဒုဦးစီးမှူး၊ လဝကဦးစီးမှူး၊ အမျိုးသမီးရေးရာအဖွဲ့အပါအဝင် လူပုဂ္ဂိုလ် (၃၅)ဦးတို့ တက်ရောက်ကြပြီး ပရိသတ်ရှေ့မှောက်တွင် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ လက်မှတ်ရေးထိုးကာ တရားဝင်ကူးပြောင်းခဲ့ကြောင်း သိရသည်။
မဘသ တိုင်းဝန်ဆောင်ဆရာတော် ဦးဓမ္မဉာဏမှ ပရိသတ်ရှေ့မှောက်တွင် စိစစ်မေးမြန်းကာ သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးဝါယမ မှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလချီးမြှင့်ပြီး သြဝါဒများ မိန့်ကြားဆုံးမခဲ့ကြောင်း သိရသည်။

11.11.2015 ရက်နေ့တွင်လည်း ခင်ပွန်းဖြစ်သူ ဦးတင်ဦး၏ခွင့်ပြုချက်ဖြင့် ၎င်းတို့နေအိမ်၌ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ (ဘုရားအနေကဇာတင်)ပွဲ ကျင်းပပြုလုပ်ခဲ့သေးကြောင်း သိရသည်။

















No comments:

Post a Comment