Tuesday, November 17, 2015

“အမျိုးသားရေးလှုပ်ရှားသူများ အထူးအစည်းအဝေး ဖိတ်ကြားလွှာ”


မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်အတူ အခွင့်အရေးတောင်းဆိုရန်သာ တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းများက သမိုင်းအစဉ်အလာတွင်မရှိသည့် လူမျိုး၊ နိုင်ငံတော်မှ တရားဝင်သတ်မှတ်ထားသည့်အထဲတွင် မပါဝင်သည့် ရိုဟင်ဂျာလူမျိုးကို တိုင်းရင်းသားပြည်သူများနှင့် တန်းတူအခွင့်အရေးရရှိရန် လုံ့လထုတ် ကြိုးပမ်းနေမှုများကို တွေ့မြင်နေရပါသည်။
ယခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဂျာနယ်ထုတ်ဝေခွင့်ရယူ၍ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရေး ရေးသားဖော်ပြမှုများ၊ မော်ကွန်းအမည်ရှိ ပြက္ခဒိန်ကို ထုတ်ဝေ၍ ရိုဟင်ဂျာသမိုင်းဖော်ထုတ်ခြင်း စသည်ဖြင့် လုပ်ဆောင်လျက်ရှိသည်ကို တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လျှစ်လျှူရှုထားခဲ့ပါသည်။
တိုင်းရင်းသားမဟုတ်သူတို့၏ မျက်နှာပြောင်တိုက် စိန်ခေါ်နေမှုများအား ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်သွားနိုင်ရန်အတွက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပဆောင်ရွက်မည့် အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြည်သူ ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက်- ၂၂.၁၁.၂၀၁၅ (တနင်္ဂနွေနေ့)
အချိန်- နေ့လည် (၁း၀၀)နာရီ
နေရာ- မကွေးပရိယတ္တိစာသင်တိုက်၊ (၅၀)ကွေ့၊ မြောက်ဒဂုံ

No comments:

Post a Comment