28.10.2015
သီတင်းကျွတ်လပြည့်နေ့၊ ည 8:00 နာရီ၊ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်၊
မြောက်ဥယျာဉ်ရပ်ကွက်၊ ခန္တောပရိယတ္တိစာသင်တိုက်၊ ပညာရောင်ခြည်ပရဟိတလူငယ်အသင်း (၂)နှစ်ပြည့်
အကြိုဓမ္မသဘင်။
တရားပွဲကုသိုလ်ရှင်က
ကိုဇော်+မလွင်ဦး၊ သား- လွှမ်းထက်အောင်၊ သိန်းသန်းစိုး တို့ ဖြစ်ပါတယ်။
မလွင်ဦးက
မိဘမဲ့လေးပါ။ ပန်းသေးမူဆလင်အိမ်မှာ အိမ်ဖော်လုပ်ပါတယ်။ အရွယ်ရောက်တော့ အိမ်ရှင့်တူနှင့်
ချစ်ကြိုက်ခဲ့ပါတယ်။
အိမ်ရှင့်တူက
သားမယားရှိသူပါ။ အငယ်ရော အကြီးပါ နှစ်ယောက်လုံးနှင့် ပေါင်းဖို့ ကတိပေးပြီးသားပါ။
အိမ်ရှင်က
သဘောမတူတော့ ကိုယ်ဝန်အရင့်အမာကြီးနှင့် ဆင်းလာခဲ့ရပါတယ်။
မှတ်ပုံတင်လည်း
မပါ၊ ငွေလည်းမပါ၊ နေစရာလည်း မရှိ၊ ဆွေသဟာလည်း မရှိ ဗမာမိန်းကလေးတစ်ယောက် ဒုက္ခရောက်နေလို့
စာရေးသူထံ ရောက်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကပေါ့။
ပန်းသေးမူဆလင်
ထောင်ကျသွားပါတယ်။ ကလေးမမွေးစရိတ်တောင် မထောက်ပံ့လိုက်ရပါဘူး။ စာရေးသူလည်း ပါတော်မူသွားပါတယ်။
ထောင်ထဲမှာ
သတိတရရှိတုန်းက ဝတ္ထုလေးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ဘဝတူကျောင်းသားကြီးတွေက ကြိုက်မှကြိုက်ပါပဲ။
ပြီးခဲ့တဲ့နှစ်ကလည်း
ဒီမှာပဲ တရားဟောပါတယ်။ ကလေးမက သင်္ကန်းကပ်ရင်း “ဘုန်းဘုန်းကယ်ခဲ့တဲ့ သမီးလေ” လို့ နှုတ်ဆက်မှ
သတိပြန်ရပါတယ်။
ဒီနှစ်တော့
တရားပွဲကုသိုလ်ရှင်တောင် ဖြစ်သွားပါပြီ။ သူလေးကို လာပို့တဲ့ ဦးဇင်းလေးနှစ်ပါးထဲက တစ်ပါးပဲ
ကျန်ပါတော့တယ်။ တစ်ပါးက ပျံလွန်သွားရှာပါပြီ။
အကြီးကောင်လေးက
မူဆလင်နှင့်ရတာပါ။ အငယ်ကောင်လေးကတော့ လက်ရှိအိမ်ထောင်နှင့် ရတာပါ။
ကလေးမက ပန်းရောင်းတာ
အလုပ်ဖြစ်တယ်။ အမျိုးသားက အလူမီနီယံတွေ တပ်ဆင်တာ အလုပ်ဖြစ်ပါတယ်။ သူတို့လေးတွေကို အခုလိုမြင်ရပြန်တော့လည်း
အဆဲခံရတာတွေ ဘယ်ပျောက်သွားမှန်းတောင် မသိတော့ပါဘူး။
No comments:
Post a Comment