သာသနာပြုစွမ်းရည်မြှင့်သင်တန်း
အမှတ်စဉ်(၅)ကို ရှမ်း/မြောက် မူဆယ်ခရိုင် မူဆယ်မြို့ ဇေတဝန်ကျောင်းတိုက်ကြီးတွင်
၂၈-၁၁-၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားမှူးအဖြစ်
ဆရာတော် ဦးအင်္ကုရမှ ဆောင်ရွက်ပြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို
ဖွင့်လှစ်ပြီးနောက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥက္ကဋ္ဌ
ဆရာတော်ကြီး ဦးတိလောကာဘိဝံသ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားတင်ပြခဲ့သည်။
ထို့နောက်
ရွှေသမင်ကျောင်း ဆရာတော် ဦးစန္ဒာဝရမှ သြဝါဒစကား မိန့်ကြားရာတွင် ယခုကဲ့သို့
သင်တန်းမျိုး တစ်ခါမှ မရှိခဲ့ဖူးသေးကြောင်း ၊ တိုင်းပြည် အသီးသီးတွင် ဥပဒေ
အပိုင်းသည် အရေးပါလာသည်ဖြစ်ရာ လေ့လာသင်ယူပြီး မိမိတို့၏ အမျိုးကိုကာကွယ်ပါ။ဘာသာ
သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပါစေဟု မိန့်ကြားသွားသည်။
ဆက်လက်၍
သင်တန်းနာယကဆရာတော် ဦးပါမောက္ခမှ သင်တန်းစည်းမျဉ်း စဉ်းကမ်းများကို
ရှင်းလင်းမိန့်ကြား၍ စည်းစနစ်တကျ စည်းကမ်းရှိရှိ သင်ယူပြီး အမျိုးဘာသာ သာသနာအကျိုး
သယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း မိန့်ကြားသွားခဲ့သည်။
အခမ်းအနားကို
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးဆုံးပြီးခဲ့ပါသည်။
သင်တန်းကာလမှာ၆ရက်ဖြစ်ပြီး
နာယကဆရာတော်များအဖြစ် ဦးသောဘဏ၊ ဦးပါမောက္ခ၊
ဦးဝီရသူတို့ကဆောင်ရွက်ကာ သင်တန်းမှူးဆရာတော်အဖြစ်ဦးအကုင်္ရက ဆောင်ရွက်မှာဖြစ်ပါတယ်။
ဥပဒေသင်တန်းပထမနေ့(28-11-2015)သင်ကြားပေးမှုကို
ဦးကျော်ကျော်၊ ဦးဝင်းကိုကိုလတ်တို့က ဥပဒေဆိုတာဘာလဲ၊ အမျိုးစောင့်ဥပဒေနှင့်
၁၉၈၂ခုနှစ်တို့ကိုသင်ကြားပေးခြင်း၊
ဥပဒေသင်တန်းဒုတိယနေ့(29-11-2015)သင်ကြားပေးမှုကို
ဒေါ်မြင့်မြင့်သန်း၊ ဒေါ်ဇာနည်ဝင်းထွန်း၊ ဦးဝင်းကိုကိုလတ်တို့က ရာဇသတ်ကြီး၊ တရားမ၊
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာ
ဥပဒေတို့ကိုသင်ကြားပေးခြင်း၊
ဥပဒေသင်တန်းတတိယနေ့(30-11-2015)သင်ကြားပေးမှုကို
ဦးကျော်ကျော်၊ ဒေါ်ခင်ခင်ဋ္ဌေး၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်ဇာနည်ဝင်းထွန်း၊
ဦးဝင်းကိုကိုလတ်တို့က
လူ့အခွင့်အရေးဆိုင်ရာကြေညာစာတမ်းနှင့်အမျိုးစောက့်ဥပဒေနှိုင်းယှဉ်သင်ကြာခြင်း၊
တရားဥပဒေစိုးမိုးရေး၊ ရာဇသတ်ကြီး၊ တရားမ၊
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊
အမျိုးစောင့်ဥပဒေတို့ကိုသင်ကြားပေးခြင်းတို့ဖြင့် ဥပဒေသင်တန်းပြီးမှာဖြစ်ပါတယ်။
မီဒီယာသင်တန်းပထမနေ့(1-12-2015)ဂျာနယ်သတင်းရေးသားတည်ဆောက်ပုံကို
ကိုမိုးအောင်လင်းနိုင်က သင်ကြားပေးခြင်း၊
မီဒီယာသင်တန်းဒုတိယနေ့(2-12-2015)Facebookအွန်လိုင်းမီဒီယာကို
ကိုကျော်နန္ဒကို(သခင်ခက်ထန်)က သင်ကြားပေးခြင်း၊
မီဒီယာသင်တန်းတတိယနေ့(3-12-2015)
ဘလော့ဂါ(Blogger)အွန်လိုင်းမီဒီယာကို ကိုနောင်တော်လေးက သင်ကြားပေးခြင်းတို့ဖြင့်
(၆)ရက်သင်တန်းကို ပြီးဆုံးမှာဖြစ်ပြီး သင်တန်းအောင်ပွဲကို
(4-12-2015)နံနက်(8)နာရီမှာဖြစ်ကြောင်းနှင့် သင်တန်းသားရဟန်း သီလရှင်
လူပုဂ္ဂိုလ်စုစုပေါင်း(327)တက်ရောက်ကြောင်းသတင်းရရှိပါသည်။
(မောမြေ)
No comments:
Post a Comment