Monday, November 30, 2015

“ပြင်သစ် စပိန် သတင်းသမားများနှင့် အမေး အဖြေ”

 

EL MONDO (စပိန်သတင်းစာ)နှင့်
LE FIGARO (ပြင်သစ်သတင်းစာ) သတင်းသမားတွေဖြစ်ပြီး ဦးဆောင်မေးသွားတဲ့ စပိန်သတင်းထောက် Mr. JAVIER က အိုင်စစ်လက်ထဲကနေ လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

30.10.2015 ရက်နေ့ မနက် 10:00 မှာ ဓမ္မသဟာယကျောင်းမှာ တွေ့ဆုံဖြေကြားပါတယ်။
ရွေကောက်ပွဲ DVD (ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါ)တွေ ဖြန့်ချိရခြင်း၊ အာဏာရှင်ဆန်သော ဒီချုပ်ပါတီအကြောင်း၊ သံဃာအများစု ဒီချုပ်ကိုကျောခိုင်းသွားရပုံ၊ အစ်နေ့သားသတ်ပွဲ၊ မူဆလင်အမျိုးသမီးတွေ ပုဝါ (ဘူရ်ခါ)ခြုံကိစ္စ၊ အယ်လ်ဂျာဇီးယားရုပ်သံက လွှင့်နေတဲ့ စာရေးသူအကြောင်း၊ အမျိုးစောင့်ဥပဒေအကြောင်း၊ မူဆလင်အရေးနှင့် ဒေါ်စုရပ်တည်ချက် စတာတွေ မေးပါတယ်။

ဦးဇင်းတို့ကတော့ သမ္မတကြီးဦးသိန်းစိန်ကိုပဲ လိုလားတာပေါ့။ တိုင်းပြည်ရဲ့ကံကြမ္မာပဲ။ ဒီမိုကရေစီကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ပုံဖော်သွားနိုင်မယ့် ကံပါရင် ဦးသိန်းစိန်ထပ်ရမှာပေါ့။

မြို့နယ်အသီးသီးမှာရှိတဲ့ ဒီချုပ်ပါတီတွေဟာ မူဆလင်တွေကို မလွန်ဆန်နိုင်ဘူး။

မြန်မာဘင်လာဒင်၊ နာဇီလက်သစ်၊ နာဇီကတုံး စတာတွေက FB တွေမှာ ကုလားတွေရေးသားကြတဲ့ အမည်ပြောင်တွေပါ။ ဒါကို Reuters သတင်းဌာနက မြန်မာဘင်လာဒင်အမည်တပ်ပြီး ရေးထည့်လိုက်တာကနေ အခုလို ပျံ့နှံ့သွားတာပါ။

သူတို့တွေက မီဒီယာနှင့် ပြည်သူတွေကို အလုပ်အကျွေးပြုနေသူတွေမဟုတ်ဘူး။ မီဒီယာပညာနှင့် လုပ်စားနေတဲ့ စီးပွားရေးသမားတွေ။ ပထမတော့ ခြင်္သေ့ကို မြေခွေးအခေါ်ခံလိုက်ရသလို မင်းသားကို ဗီလိန်သတ်မှတ်ခံလိုက်ရသလို ခံစားရပေမယ့် နောက်ပိုင်းတော့ သူတို့အပေါ် နားလည်ပေးနိုင်ခဲ့တာ သူတို့သဘာဝကို သိခဲ့ရလို့ပါ။ 



No comments:

Post a Comment