Wednesday, November 4, 2015

“စလင်းမြို့ မဘသနှစ်ပတ်လည်တရားပွဲ”


25.10.2015 ရက်နေ့၊ ည 9:00 နာရီ၊ စလင်းမြို့၊ မြို့လယ်ဓမ္မာရုံ၊ စလင်းမြို့ အများဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည် ဓမ္မသဘင်။
ပွင့်ဖြူမြို့မှ တရားပွဲက 8:00 နာရီမှာ ပြီးပါတယ်။ စလင်းမြို့ကို 9:00 နာရီရောက်ပါတယ်။
တရားပွဲ ရက်တွက်မှားသွားလို့ နှစ်ညဟောရမှာကို တစ်ညတည်း နှစ်ပွဲဟောလိုက်ရတာပါ။
ညဥ့်နက်နေပေမယ့် ပရိသတ်က ဇွဲကြီးသား။ ဟောရတာလည်း အားရပါးရ။ ရယ်ကြတာလည်း အားရပါးရ။
စိတ်ကျန်းမားရေးမကောင်းသည့် အမျိုးသမီးတစ်ယောက်လည်း တရားလာနာပါတယ်။
အမျိုးစောင့်ဥပဒေအကြောင်းရောက်တော့ ထောက်ခံကြောင်း အော်လျှောက်ပါတယ်။
အနီကောင်လေးတွေလည်း လာကြသေးတယ်။ တရားနာတာတော့ မဟုတ်ပါဘူး။ လာကြည့်တာပါ။
မတ်တပ်ရပ် လက်ပိုက်ပြီး ရပ်ကြည့်တာပါ။
ပြည်သူတွေအားလုံး တရိုတသေနှင့် လက်အုပ်ချီနာနေချိန်မှာ သူတို့လေးတွေကတော့ မတ်တတ်ရပ်ပြီး လက်ပိုက်ကြည့်နေကြတာပါ။
11:00 နာရီမှာ ပြီးပါတယ်။
စလင်းမြို့မှာပဲ အိပ်ပါတယ်။

















No comments:

Post a Comment