၂၀၁၅ ခုနှစ်၊
နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲမတိုင်ခင်နေ့ကပင်
ကြိုတင်၍ မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ရွေးကောက်ပွဲကြီး-
ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားသည်ကိုလည်းကောင်း၊
ပြည်သူအများ
ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပိုင်ခွင့် ရရှိသည်ကိုလည်းကောင်း၊
ပြည်သူ့ဆန္ဒနှင့်အညီ
ပွင့်လင်းမြင်သာစွာ နိုင်သင့်နိုင်ထိုက်သူများ အနိုင်ရသွားသည်ကိုလည်းကောင်း၊
ဤကဲ့သို့
အစစအရာရာ အဆင်ပြေ ချောချောမွေ့မွေ့ ပြီးစီးသွားအောင် ဆောင်ရွက်ပေးကြသူ ပုဂ္ဂိုလ်အားလုံးကိုလည်းကောင်း
မဘသအဖွဲ့ကြီးက
ကျေးဇူးတင်စွာဖြင့် ဝမ်းမြောက်ဂုဏ်ယူ ကြိုဆိုလိုက်ပါသည်။
ရှေ့ဆက်လက်လျှောက်လှမ်းရမည့်
ဒီမိုကရေစီလမ်းကြောင်းအဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီသာ လိုက်နာလျှောက်လှမ်းကြပါဟုလည်း
အထူး အလေးအနက်ထား တိုက်တွန်းလိုက်ပါကြောင်း အဘသအဖွဲ့ကြီး(ဗဟို)က သဘောထားထုတ်ပြန်လိုက်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့
(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊
နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊
အင်းစိန်
စာအမှတ်။
၀၀၄၅/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ။ ၁၃၇၇-ခု၊
တန်ဆောင်မုန်းလဆန်း ၁ ရက်၊ (နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၅) ကြာသပတေးနေ့
No comments:
Post a Comment