ဆီနီဂေါနိုင်ငံတွင်
စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုအန္တရာယ်မြင့်တက်လာမှုကြောင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ
လူထုအကြားတွင် ခြေဆုံးခေါင်းဖျား ဝတ်ရုံဆင်မြန်းမှုနှင့် မျက်နှာပြည့် ခြုံပုဝါလွှမ်းမှုများကို
မပြုလုပ်ရန် ပိတ်ပင်တားဆီးရေးအတွက် စီစဉ်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက နိုဝင်ဘာ
၁၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆီနီဂေါနိုင်ငံသည်
မွတ်စလင်ဘာသာ ဓိကကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အစိုးရ၏ ယခုဆောင်ရွက်သည့်အစီအစဉ်ကို
အစ္စလာမ်ဆန့်ကျင်ရေးလုပ်ရပ်အဖြစ် မရှုမြင်ကြရန်လည်း ဝန်ကြီး အဗ္ဗဒိုအူလာယီဒါဝပ်ဒါက မေတ္တာရပ်ခံခဲ့သည်။
အကယ်၍ ယင်းအစီအစဉ်
ဥပဒေအဖြစ် အတည်ဖြစ်လာပါက ဆီနီဂေါနိုင်ငံသည် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ မျက်နှာပြည့်
ခြုံပုဝါလွှမ်းခြင်းအား ပိတ်ပင်တားမြစ်သည့် ပဉ္စမမြောက် အာဖရိကနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
ဆီနီဂေါနိုင်ငံတွင်
စစ်သွေးကြွများအား ပစ်မှတ်ထားသည့် အခြားအရေးယူဆောင်ရွက်မှုတစ်ခုမှာ တရားဝင် မှတ်ပုံတင်ခြင်းမရှိသော
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကဒ်များအားလုံး နိုဝင်ဘာလကုန်တွင် အသက်မဝင်တော့ဘဲ ရပ်ဆိုင်းသွားမည်ဖြစ်ခြင်းပင်
ဖြစ်သည်။
မွတ်ဆလင်ဘာသာဝင်တစ်ဦးဖြစ်သူ
ဆီနီဂေါသမ္မတ မက္ကီဆောလ်ကလည်း အစ္စလာမ္မစ်စစ်သွေးကြွများကို ရဲရဲဝံ့ဝံ့ သတ္တရှိရှိ တိုက်ခိုက်သွားရန်
လွန်ခဲ့သည့်သတင်းပတ်တွင် နှိုးဆော်တိုက်တွန်းခဲ့သည်။
အစၥလာမ္ဘာသာဝင္အမ်ဳိးသမီးမ်ား
လူထုအကြား သွားလာရာ၌ ခြေဆုံးခေါင်းဆုံး ဝတ်ရုံဆင်မြန်းထားမှုနှင့် မျက်နှာအပြည် ခြုံပုဝါအုပ်လွှမ်းထားမှု
မပြုလုပ်ရန် အာဖရိကတွင် ချဒ်၊ ဂါဘန်နှင့် ကွန်ဂိုဘရာဇေးဗီးလီး နိုင်ငံများက ကြေညာထားပြီး
ကင်မရွန်းနိုင်ငံကလည်း ယင်းနိုင်ငံမြောက်ဖျားဒေသများတွင် အလားတူ မပြုလုပ်ရန် ဇူလိုင်လမှ
စတင်ပြဋ္ဌာန်းထားသည်။
တင်နိုင်ဟိန်း
Ref :
Reuters
24.11.2015
– True News
No comments:
Post a Comment