Saturday, November 21, 2015

“အောင်ဇေယျတုရာပြည့်အထိမ်းအမှတ် အမျိုးသားရေးအင်အားစုများ တွေ့ဆုံပွဲဖိတ်ကြားလွှာ”



အောင်ဇေယျတုဂျာနယ် စောင်ရေ(၁၀၀)ပြည်မြောက်ခြင်း ရာပြည့်အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊
အောင်ဇေယျတုဂျာနယ်တွင် ပါဝင်ရေးသားလျက်ရှိသော စာရေးဆရာများအားလုံး တွေ့ဆုံကာ အမျိုး၊ ဘာသာ၊ သာသနာအရေးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်စေရန်အတွက်လည်းကောင်း၊
အောင်ဇေယျတုဂျာနယ်တွင် အမျိုးသားရေးအတွက် တစ်တပ်တစ်အား ပါဝင်ရပ်တည်ရေးသားခဲ့ကြသော ကလောင်ရှင် ဆရာတော်များ၊ လုပုဂ္ဂိုလ်များနှင့်လည်း ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံနိုင်ရန်အတွက်လည်းကောင်း
အောင်ဇေယျတု ရာပြည့်အထိမ်းအမှတ် အမျိုးသားရေးအင်အားစုများ တွေ့ဆုံပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် တက်ရောက်ချီးမြှင့်ကြပါရန် ရိုသေလေးစားစွာ ပင့်လျှောက် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်- ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၆)ရက်၊ (၁၃၇၇၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) အမျိုးသားနေ့
အချိန်- နံနက် ၁၁း၀၀ နာရီ

နေရာ- ဇေတဝန်ဓမ္မာရုံကျောင်းတိုက်၊ မြစန္ဒာလမ်း၊ မြသီတာရပ်ကွက် (ဘိုခြံ)၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့

No comments:

Post a Comment