မူဆယ် နိုဝင်ဘာ
၂၀
သွေးသစ်
လက်တွေ့အသုံးချဥပဒေနှင့်
အွန်လိုင်းမီဒီယာသင်တန်းကို နိုဝင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းဝေးပွဲကို
ရှမ်း/မြောက် မူဆယ်မြို့ ဇေတဝန်ကျောင်း၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း
သတင်းရရှိသည် ။
အဆိုပါအခမ်းနားသို့
ဌာနဆိုင်ရာများ ပရဟိတအသင်းဖွဲ့များ၂၃ ဦးခန့်တက်ရောက်ခဲ့ကြပြီး အခမ်းနားကိုနမောတဿသုံးကြိမ်
ရွတ်ဆိုဖွင့်လှစ်ကာ မူဆယ်မြို့ မ ဘ သ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောဘနအရှင်မြတ်က '' ရှမ်းပြည်နယ်မြောက်ပိုင်း၁၆
မြို့နယ် အာလုံးကြွကြမယ် ၊ တစ်မြို့နယ် ၁၅ ယောက်ကြွမယ် ၊ ၃၀၀ လောက်လာမယ်လို့ ခန့်မှန်းထားတယ်
၊ ဥပဒေက ၃ ရက် မီဒီယာက ၃ ရက်ဆိုတော့ သင်ကြားရက်က
၆ ရက်ဖြစ်မယ် ၊ သင်တန်းဆင်းလက်မှတ်ကိုတော့ ဗဟိုကပေးသွားမှာပါ ၊ ဥပဒေစိုးမိုးရေးကို
အစိုးရတိုင်းလိုလိုကဆောင်ရွက်ခဲ့ကြတယ် ရပ်ရွာထဲမရောက်ခဲ့ဘူး ။ ရပ်ကွက်ကျေးရွာတစ်ခုချင်း
ဥပဒေစိုးမိုးမယ်ဆိုရင် အစိုးရအတွက်လည်းအထောက်အကူ ဖြစ်သွားမယ် ၊ အများကလည်း နာလည်ဗဟုသုတ
ရလောက်မယ်လို့ ရည်ရွယ်ထားတယ် ၊ ရေမီးကိစ္စကိုတော့ ကျောင်းကဂေါပကအဖွဲ့ကတာဝန်ယူမယ် ၊ ကျန်းမာရေးကိစ္စကိုတော့
ဌာနဆိုင်ရာတွေက ဆရာဆရာမတွေခေါ်မယ် ၊ လုံခြုံရေးကိုအတွင်းပြင်ထားရမယ်” စသည်ဖြင့် အဖွင့်သြဝါဒမိန့်ကြားပါသည်။
သင်တန်းဆရာများလက်ဆောင်ပစ္စည်းကိုလည်း
အနည်းဆုံး သိန်း ၃၀ ခန့်အကုန်ကျခံမည်ဟု ခန့်မှန်းထားကြောင်း ၄င်းဆရာတော်မှ ဆက်လက်မိန့်ကြားသည်
။
ဆက်လက်၍ သင်တန်းကိုအောင်မြင်စွာ
ကျင်းပနိုင်ရေး လိုအပ်သော တာဝန်များ အသီးသီးခွဲဝေကာ စည်းဝေးဆွေးနွေးခဲ့ကြပါသည် ။
ဓာတ်ပုံ မင်းစည်သူ
No comments:
Post a Comment