27.10.2015
ရက်နေ့၊ မနက် 10:00 ဓမ္မသဟာယကျောင်းမှာ တွေ့ဆုံဖြေကြားပါတယ်။
ဦးခင်မောင်စိုးနှင့်
ဖုန်းမှတစ်ဆင့် ရင်းနှီးနေတာကြာပါပြီ။ လူကိုယ်တိုင်တော့ အခုမှပဲ တွေ့ဆုံဖြစ်တာပါ။ သူက
ဒီမိုကရေစီခရီးကြမ်းစာအုပ်လေး လက်ဆောင်ဆက်ကပ်သွားပါတယ်။
မြန်မာနိုင်ငံရေးအခြေအနေ၊
ဗုဒ္ဓဘာသာရဲ့ ရှေ့ရေး၊ မဘသ ဆောင်ရွက်ချက်များ၊ ပါတီကြီးနှစ်ခု အခြေအနေ၊ မဲထည့်သင့်သောပါတီ၊
ပြည်သူ့အပေါ်တိုက်တွန်းချက်၊ စတာတွေကို မေးလျှောက်ပါတယ်။
နိုင်ငံတကာနှင့်
မူဆလင်အသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲမတိုင်ခင် ပဋိပက္ခတွေဖြစ်လာနိုင်တယ် ယူဆပြီး
စိုးရိမ်နေကြတာပါ။ တကယ်စိုးရိမ်ရမှာက ပါတီဆိုင်းဘုတ်ဖျက်ဆီးခံတာတွေ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့
အားပြိုင်ရင်းနဲ့ ရွေးကောက်ပွဲနီးလာလေ ပြဿနာကြီးထွားလာတာတွေကသာ စိုးရိမ်စရာပါ။
ဦးဇင်းတို့
ထောင်မှထွက်လာစဉ်ကလည်း ဒီချုပ်ကို ဝန်းရံခဲ့တယ်။ နိုင်စေချင်တယ်။ ဒီကနေ့အနေအထားအရ ပါတီကြီးနှစ်ခုလုံးမှာ
အားနည်းချက်ကိုယ်စီရှိနေတာကြောင့် ဘယ်ပါတီကိုမှ ပုံအပ်လို့မဖြစ်တော့တဲ့ အခြေအနေမျိုး
ဖြစ်နေပါပြီ။ ဒါကြောင့် ပါတီသေးသေးလေးတွေထဲက ကောင်း၊ တော်၊ မှန် အမတ်လောင်းတွေကို ရွေးချယ်နိုင်မှ
လွှတ်တော်လည်း တည်ငြိမ်သွားမယ်၊ အနာဂတ်နိုင်ငံတော်ကြီးလည်း ဒီမိုကရေစီ စံချိန်စံနှုန်းမီမီ
ပြုပြင်ပြောင်းလဲလာနိုင်လိမ့်မယ်လို့ အောက်မေ့ပါတယ်။
ဦးဇင်းကို
အစွန်းရောက်လို့ ပြောကြတာတွေကို ထိုက်သင့်သလောက်တော့ လက်ခံပါတယ်။ ဦးဇင်းကိုယ်တိုင်
တစ်ခါတလေမှာ အဲလိုတွေးမိတာမျိုး ရှိတယ်။ အချိန်တွေကုန်တယ်၊ လူကလည်း ပင်ပန်းတယ်။ စိတ်တွေလည်း
ရှုပ်တယ်။ ဦးနှောက်လည်း ခြောက်တယ်။ ပိုက်ဆံလည်း စိုက်ရသေးတယ်။ အကျိုးအမြတ်တွေလည်း ဘာမှမရှိဘူး။
အဆဲခံရတာနဲ့ အမုန်းခံရတာပဲရှိတယ်။ ဒါကိုပဲ ဒီလုပ်ငန်းကြီးကို တစ်စိုက်မတ်မတ်လုပ်နေနိုင်တယ်။
ဒါက လူတွေက ဦးဇင်းကို အစွန်းရောက်လို့ ပြောနေကြတာကို လက်ခံတဲ့အပိုင်းပေါ့။
ဦးဇင်းမူဆလင်တွေကို
မမုန်းပါဘူး။ လူသားတိုင်းကို မမုန်းပါဘူး။ အလုပ်လုပ်နေတာတွေကလည်း အမုန်းတရားကို အခြေမခံပါဘူး။
သို့သော်လည်း အကြမ်းဖက်အန္တရာယ်ကိုတော့ ကြောက်ပါတယ်။ အကြမ်းဖက်အန္တရာယ်ဆိုတာကလည်း မူဆလင်ဦးရေများလာရင်
သေချာပေါက် ပေါ်ပေါက်လာမှာပါ။ အခု မများခင်တောင်မှ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ တော်တော်ကြီးကို
ထိခိုက်နစ်နာနေရပြီ။ ဒါကြောင့် ဒီဥပဒေကို တောင်းဆိုတာပါ။
ပြည်တွင်းပြည်ပ
မူဆလင်တွေကို ပြောချင်ပါတယ်။ ဦးဇင်းတို့ကတော့ အမျိုးစောင့်ဥပဒေဆိုတဲ့ အုတ်တံတိုင်းကြီး
ကာရံနိုင်ခဲ့ပါပြီ။ နိုင်ငံတည်ငြိမ်အောင်နှင့် လုံခြုံအောင်လည်း တည်ဆောက်နိုင်ခဲ့ပါပြီ။
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်ချမ်းချမ်း နေထိုင်ချင်ပါတယ်။
ဦးဇင်းတို့နှင့် လက်တွဲပြီးတော့ မြန်မာပြည်ကြီး သာယာလှပအောင် ငြိမ်းချမ်းစိုပြေအောင်
ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
No comments:
Post a Comment