၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီကို လှိုက်လှဲပျူငှာ ကြိုဆိုပါတယ်ဗျာ။
မင်္ဂလာရှိသော ရွေးကောက်ပွဲကြီး ဖြစ်ပါစေ။
ပါတီစုံမှ အမတ်လောင်းများနှင့် တစ်သီးပုဂ္ဂလအမတ်လောင်းများထဲမှ အကောင်းဆုံး၊ အတော်ဆုံး၊ အမှန်ကန်ဆုံး အမတ်လောင်းများ အားလုံး မဲခိုး၊ မဲလိမ်၊ မဲဓားပြအပါအဝင် မသမာမှုအားလုံး ကင်းဝေးစွာ အရွေးချယ်ခံရပါစေဗျာ။
ရွေးကောက်ပွဲရလဒ်ကို ကျေကျေနပ်နပ်ကြီးခံယူနိုင်ပြီး ကြည်ကြည်ဖြူဖြူနှင့် ရှောရှောရှူရှူ လွှဲပြောင်း ခွဲဝေ ယူနိုင်ကြပါစေဗျာ။
အောင်နိုင်သူများအားလုံး ဒေါသ အာဃာတကင်းစွာနှင့် တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်နိုင်ကြပါစေဗျာ။
ဒီအပတ် အောင်စာရင်းမှာ ကံမကောင်း အကြောင်းမလှသူများအားလုံး ကြးဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်နိုင်ပါစေ၊ အရွေးချယ်ခံရနိုင်ပါစေဗျာ။
အားလုံး အပြုံးလည်းမပျက်၊ အမုန်းလည်းမဖက်ဘဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးကို ထမ်းရွက်သယ်ပိုးနိုင်ပါစေဗျာ။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
7.11.2015
PM- 4:45

No comments:
Post a Comment