ရိုဟင်ဂျာလူမျိုးနှင့်ပတ်သက်သည့်
ရှင်းလင်းချက်များနှင့် ဓာတ်ပုံများပါရှိသည့် ပြက္ခဒိန်တစ်ခုထွက်ပေါ်လာခြင်းအပေါ် အမျိုးသားရေးအင်အားစုများက
ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားရေးကွန်ရက်ထံမှ သိရသည်။
အဆိုပါကန့်ကွက်မှုကို
ပြုလုပ်နိုင်ရန် အမျိုးသားရေးအင်အားစုများက အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ ၂၂ ရက်တွင်
မကွေးကျောင်းတိုက်၌ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးမှတစ်ဆင့် ကန့်ကွက်မှုများပြုလုပ်ရန်
ဆုံးဖြတ်ချက်များ ချမှသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က
ပြည်မြန်မာကို ပြောသည်။
“အဲဒီအထဲမှာက
ရိုဟင်ဂျာလူမျိုး တကယ်ရှိတယ်ဆိုပြီးတော့ ဓာတ်ပုံတွေရော သမိုင်းမှတ်တမ်းဆိုတာတွေရော
ရေးထားတာရှိတယ်။ ဒီလိုမျိုး တကယ်မရှိတဲ့ လူမျိုးတစ်မျိုးကို ရှိတယ်ဆိုပြီး ရေးထားတာဟာ
အချုပ်အခြာကို စော်ကားတယ် ဆိုပြီး ယူဆတယ်။ ပိုင်နက်တောင်းတယ်ဆိုပြီး ယူဆတယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါပြက္ခဒိန်မှာ
၂၀၁၆ ခုနှစ်အတွက် ရည်ရွယ်ကာ ပုံနှိပ်ထားခြင်းဖြစ်သည့်အတွက် အစိုးရအပြောင်းအလဲကာလတွင်
ပဋိပက္ခဖြစ်စေနိုင်ကြောင်း၊ ထိုပြက္ခဒိန်ထုတ်ဝေခြင်းကို တားမြစ်နိုင်ရန်အတွက်လည်း အစည်းဝေးရလဒ်အပေါ်
မူတည်ကာ နိုင်ငံတော်အစိုးရထံသို့လည်း တောင်းဆိုသွားရန်ရှိကြောင်း ဦးဝင်းကိုကိုလတ်က
ထပ်မံပြောသည်။
ထက်အောင်ဖြိုး
18.11.2015
ပြည်မြန်မာ န့စဉ်သတင်းစာ
No comments:
Post a Comment