၁၈.၁၀.၂၀၁၅
ည ၇း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မောက်ကြိုးရွာ၊ ပြည်ခေမာစာကြည့်တိုက်
ဓမ္မာရုံ၊ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာနှင့် အမျိုးဘာသာ သာသနာ တရားပွဲ။
တရားပွဲပင့်သူက
မောက်ကြိုးရွာဇာတိ သစ္စဝေဒဂူ မိုးကုတ်ရိပ်သာဆရာတော် ဦးခေမာစာရပါ။
ထုံးစံအတိုင်း
စာရေးသူမလာခင် ပွစိပွစိလေးတွေတော့ ရှိတာပေါ့။
ဆွယ်တရားဟောတယ်
ဘာညာပေါ့။
ဟောပြီးသွားတော့လည်း
အထင်နှင့်အမြင် တစ်ခြားစီ ဖြစ်ကုန်ပါလေရော။
အမျိုးစောင့်ဥပဒေတရားပဲ
ဟောပါတယ်။ တရားပွဲအပြီးမှာ မေးခွန်းတွေ ဖြေပေးပါတယ်။ တောသူတောင်သားတွေ ဆိုပေမယ့် အတော်မေးတတ်သား။
တစ်လင်တစ်မယားစနစ်နှင့်ပတ်သက်တာတွေ၊
မဘသကို ဆွမ်းမလောင်းဘူး
ဆိုတာတွေ၊
အမျိုးစောင့်ဥပဒေကို
ကန့်ကွက်ကြရခြင်းအကြောင်းတွေ စုံနေတာပါပဲ။
တရားပွဲမစခင်က
တရားပွဲမသွားဖို့ တားမြစ်သူတွေကြောင့် လူမရှိလောက်ဘူး ထင်ကြပေမယ့် အတော်စည်တဲ့ တရားပွဲတစ်ခု
ဖြစ်ခဲ့ပါတယ်။

No comments:
Post a Comment