၂၀.၁၀.၂၀၁၅
ရက်နေ့၊ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့၊ မဟာချူလာလောင်ကွန်းတက္ကသိုလ်၌ မြန်မာရဟန်းတော်များ
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကို အခမ်းအနားအစီစဉ်(၁၃)ရပ်ဖြင့်
ထိုင်းစံတော်ချိန် နေ့ (၁း၀၀)မှစတင်၍ ကျင်းပပြုလုပ်ပြီး ညနေ(၄း၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။
အခမ်းနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး ဒေါက်တာနာယကာလင်္ကာရာဘိဝံသမှ
မဘသ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ကြီး၏ သြဝါဒကထာကို ရွတ်ဖတ်ခြင်း၊ ဆက်လက်ပြီး သဝဏ်လွှာများ ဂုဏ်ပြုကဗျာများ
ရတုများဖြင့် အခန်းအနားကို ဝေဝေဆာဆာကျင်းပနိုင်ခဲ့ကြပါသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံ
စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းနားပြီးမြောက်ကြောင်း ကြေငြာပြီး ထိုအခမ်းနားမှ
မြန်မာရဟန်းတော်များ၏ သဘောထားကြေငြာချက် (၄)ရပ်ကို ထုတ်ပြန်ကြေငြာခဲ့ကြပါသည်။
“သဘောထားကြေညာချက်”
၁။ဤအမျိုးစောင့်
ဥပဒေလေးရပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းပြုပြည်ပြု ဥပဒေများဖြစ်သည်ဟု
နိုင်ငံရေးပါတီစွဲကင်းရှင်းစွာဖြင့် လက်ခံကြသည်။
၂။ကမ္ဘာတဝှမ်းရှိ
အမျိုးစောင့်ဥပဒေဂုဏ်ပြုကြိုဆိုပွဲကို ကျင်းပပြုလုပ်ကြသောအဖွဲ့အစည်းများနှင့် ကာယသာမဂ္ဂီ၊
စိတ္တသာမဂ္ဂီ တစ်သွေးတည်း တစ်သားတည်းရှိကြသည်။
၃။ဤအမျိုးစောင့်ဥပဒေလေးရပ်ကဲ့သို့ပင်
အခြားသော ပညာရေး၊ ကျမ္မာရေး၊ စီးပွားရေး အစရှိသော အရေးအရာများနှင့်စပ်လျဉ်း၍ တိုင်းပြုပြည်ပြု
ဥပဒေများပေါ်ပေါက်လာလျှင်လည်း ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုမည်ဖြစ်သည်။
၎။တိုင်းပြုပြည်ပြု
ဥပဒေများပြဋ္ဌာန်းလိုက်နာသည်ဖြစ်၍ တရားမျှတ ချမ်းသာကြွယ်ဝသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ်
မြင်တွေ့လိုကြသည်။
အမျိုစောင်ဥပဒေအောင်ပွဲဖြစ်မြောက်ရေးအဖွဲ့
မဟာချူလာလောင်ကွန်းတက္ကသိုလ်
အယုဒ္ဓယမြို့၊
ထိုင်းနိုင်ငံ













No comments:
Post a Comment