Saturday, October 17, 2015

ရှမ်း/မြောက်(မဘသ)နှင့်အမေရိကန်သံအမတ်တွေ့ဆုံခြင်း အပိုင်း(၄)


အမေရိကန်သံအမတ်-
သံအမတ်ကြီးဖြစ်တဲ့ အတွက် အလုပ်ကတော့နားထောင်တဲ့အလုပ်ပါဘဲ။ အများကြီးနားထောင်ချင်ပါတယ်။ အခုရွေးကောက်ပွဲ အကြောင်း၊ လူမှုဆိုင်ရာစိန်ခေါ်မှုတွေအကြောင်း၊ အဲဒီဟာတွေအားလုံးကိုကြားချင်ပါတယ်။ ဒီလူ့အသိုင်းအ၀ိုင်းတွေမှာ ဒီရွေးကောက်ပွဲ လူမှုစိန်ခေါ်မှုတွေက ဘယ်လို အကျိုးသက်ရောက်မှုရှိကြောင်း ကြားချင်ပါတယ်။ ဒီမှာရှိတဲ့ အရှင်ဘုရားတို့က ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဒီဘာသာရေးခေါင်းဆောင်တွေရဲ့ သတင်းစကားတွေကို 
ကို ကြားချင်ပါတယ်။ လားရှိုးမြို့ရဲ့အခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှု့ အခြေအနေများကို နားထောင်ချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေသိသင့်လဲ သံအမတ်အနေနဲ့ ဘာတွေသိသင့်လဲကြားချင် ပါတယ်။
================================

အမေရိကန်သံအမတ်-
ဆရာတော်မိန့်ကြားသလို ထင်ယောင် ထင်မှားတွေဖြစ်မယ်၊ ကောလဟလ တွေဖြစ်မယ်၊ ရွေးကောက်ပွဲနီးတော့ တနေရာမဟုတ် တနေရာကနေထွက်မှာဘဲ အဲဒီ အရာတွေ လွှမ်းခြုံနိုင်ဖို့ ဘာသာ လူမျိုး လူ့အသိုင်းအ၀ိုင်း တစ်ခုနှင့်တစ်ခုကြားထဲမှာ တရားမျှတမှုအတွက် သီးခံဖို့အတွက် ညီမျှမှု ညီညွတ်မှုစတဲ့ အရှင်ဘုရားတို့ရဲ့စစ်မှန်သော မှန်ကန်သောအသံတွေ ကျယ်လာမယ်ဆိုရင် ကောလဟလတွေကို လွှမ်းခြုံနိုင်မယ်လို့ ယူဆပါတယ်။ အရှင်ဘုရားတို့မိန့်သလိုမျိုး အဲလိုအမှန်တွေလဲ လက်တွေ့လုပ်ဆောင်ပြီး အသံတွေလဲ မှန်တဲ့အသံတွေထွက်ရမယ်။ 
ဒီကောလဟလတွေကို လွှမ်းခြုံနိုင်တဲ့ လက်တွေ့လုပ်ဆောင်မှုများလဲလိုအပ်ပါသည်ဘုရား။ လူ့အသိုင်းအ၀ိုင်း တခုနဲ့တခု၊ ဥပမာ- ဗုဒ္ဓဘာသာတွေနဲ့ မူဆလင်တွေကြားမှာ တွေ့ဆုံမှု ပြောဆိုဆွေးနွေးမှု၊ ယုံကြည်မှုကို တည်ထောင်မှု၊ ကောလဟလတွေကိုကျော်လွှားနိုင်မှု ဥပဒေ(၄)ခုအသက်ဝင်မှု၊ အရှင်ဘုရားမိန့်သလို ဥပဒေ စိုးမိုးမှုရှိမှသာ တကယ်အမှန်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လုပ်ဆောင်မှုလဲ လိုအပ်တယ်လို့ ထင်မြင်သုံးသပ်လျှောက်ပါတယ်။

ဦးအကုၤရ- (၄)
လားရှိုးအစရှိတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီးမှ အဲတုန်းကလဲ မ.ဘ.သ အဖွဲ့အစည်းကလည်း မပေါ်သေးဘူး။ အဲဒီလိုအကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ အသိပညာပေးစည်းရုံးဖို့ဆိုတဲ့ အပိုင်းလည်းမရှိသေးဘူး။ ဒါကြောင့် သူတို့ဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားတာပေါ့။ မ.ဘ.သအနေနဲ့ ဒီလို ပဋိပက္ခတွေမဖြစ်ဖို့ရယ်၊ ကိုယ့်တိုင်းရင်းသားအမျိုးတွေ မကွယ်ပျောက်အောင် အမျိုးစောင့်ဥပဒေပေါ်ပေါက်ဖို့ရယ်တွေကြောင့် မ.ဘ.သ အဖွဲ့ကြီးပေါ်ထွန်းလာပါတယ်၊ ပဋိပက္ခနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောရရင် ဖွတဲ့မီဒီယာက ဦးသွားတယ်။ မီဒီယာတွေက သတင်းအမှန်မရဘူးဘဲ ဓါတ်ပုံမှတ်တမ်းတင်ပြီးမှ အင်တာနက်ကို တိုက်ရိုက်ဖြန့်လိုက်တော့ ပြဿနာတွေကတွေက ကြီးကြီးကုန်တယ်။ ပြီးခဲ့တဲ့ (၈)လလောက်ကဖြစ်တဲ့ကိစ္စဆိုရင် ပဋိပက္ခဖြစ်လောက်တဲ့ အနေအထားပါ ကိုရင်လေးသပိတ်လုတာ ကုလားကလုတာ လားရှိုးမြို့ ရပ်ကွက်(၇)မှာဖြစ်တာပါ။ ဒါကလည်း ဖြစ်လာနိုင်တဲ့အနေအထားမှာရှိတယ်။ ဒီလိုအခြေအနေမှာ မ.ဘ.သပေါ်ပြီ သက်ဆိုင်ရာတွေရုံးကိုလာကြတော့ ဦးဇင်းကပြောလိုက်တယ် ဦးဇင်းတို့မ.ဘ.သအနေနဲ့လဲ ဒီလိုဖြစ်လာမှာကို ထိန်းမယ်။ မင်းတို့ကလဲ ဥပဒေဘောင်တွင်းကအမြန်ဆုံးအရေးယူပါ။ သတင်းအမှန်ကို အချိန်နဲ့တစ်ပြေးညီ အင်တာနက်တင်မယ်။ ဒါဆိုရင် ပြဿနာမဖြစ်တော့ဘူးပေါ့လို့ပြောလိုက်တယ်။ သက်ဆိုင်ရာတွေကလဲ ပုဒ်မ ၂၉၅နဲ့ (၂)နှစ် ချက်ချင်းဘဲ နေ့ချင်းပြီး ညနေ (၃)နာရီကျော်လောက် အမိန့်ချလိုက်တော့ ဘာမှမဖြစ်တော့ဘူး။ ဒီသတင်းတွေကိုလဲ ဦးဇင်းတို့သတင်းတင်တယ်။ တင်တဲ့နေရာမှာ ဖွတဲ့အနေနဲ့မဟုတ်ဘဲ ဒီကိစ္စ ဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်။ အရေးယူနေပါတယ်လို့ တင်တယ်။ ဒီက dataချက်ချင်းရတော့ သူ့ဥပဒေအတိုင်း (၂)နှစ်ချလိုက်တယ်။ ဆိုလိုချင်တာကတော့ အဓိကပြဿနာက ဒီမကြေနပ်မှုကို ဆွပေးတဲ့ သူတွေက ရှိနေတယ်ဆိုတာဘဲ။ မဘသရှိတော့ သူတို့အကွက်ထဲမဝင်သွားဘူးပေါ့။
ဆက်လက်၍ အပိုင်းများစွာဖော်ပြပေးပါမည်။

ဦးအကုၤရ(လားရႈိး)


1 comment:

  1. စာ​တွေက ထပ်​ ​နေ​တော့ ဖတ်​ရတာ မကွဲပါ ဘုရား

    ReplyDelete