Saturday, October 17, 2015

“ရွှေပန်းကုန်းရွာ တရား”


၇.၁၀.၂၀၁၅ ရက်နေ့၊ ည ၇း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးစံပြကျေးရွာ၊ စိမ်းလဲ့ဝါခန်းမ၊ ဝဏ္ဏသုခလူမှုရေးအသင်း (၃)နှစ်ပြည်အထိမ်းအမှတ် အထူးတရားပွဲဓမ္မသဘင်။
တရားပွဲပြီးခါနီးမှာ မိုးရွာပါတယ်။ သဲသဲမဲမဲရွာလို့ ခန်းမအပြင်ဘက်မှပရိသတ်တွေ ခန်းမထဲတိုးဝင်သူကဝင် အိမ်တွေထဲပြေးဝင်သူကဝင်နှင့် ပြီးအောင်နာယူကြပါတယ်။
အမတ်လောင်းများကို ခေါင်းခေါက်ရွေးချယ်နည်း သင်ကြားပေးခဲ့တာပါ။

“ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါ တရားတော်”
လွှတ်တော်အမတ်ဆိုသည်မှာ၊
နိုင်ငံ့ခေါင်းဆောင်တစ်ပါးပါ။

သေချာကျနရွေးချယ်မှ၊
ယုံကြည်စိတ်ချရ။

အရွေးခံမည့် အမတ်လောင်းတွေ၊
သံခမောင်သာ ဆောင်းထားလေ။

ဒို့ပြည်သူများ လက်ကိုင်ထား၊
ခေါင်းခေါက်ပြီးမှ ရွေးချယ်သွား။

အိုးကောင်းမကောင်းသိချင်ရင်၊
ခေါက်ကြည့်ပြီးမှ စမ်းကြအစဉ်။

အမတ်လောင်းဆို ပိုအရေးကြီး၊
နာနာခေါက်ပြီး ရွေးစေသတည်း။











No comments:

Post a Comment