ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေအောင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကို အင်္ဂပူမြို့၊ ကျောက်တိုင်ကွင်း၌ ယနေ့(၂၆.၁၀.၂၀၁၅)တွင် ကျင်းခဲ့ကြောင်း သိရသည်။
အောင်ပွဲအခမ်းအနားသို့ ရဟန် ရှင် လူ ပရိသတ် သုံးသောင်းခန့် တက်ရောက်ကြပြီး
အခမ်းအနားကို
နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခြင်း၊
ဟင်္သတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ကြီးနှင့် MRTV 4 ဆရာတော် အရှင်ကဉ္စနောဘာသတို့မှ သြဝါဒကထာများချီးမြှင့်ခြင်း၊
မဘသ(ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီးပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊
ဆရာနေမျိုးဝေ (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ)မှ အမျိုးစောင့်ဥပဒေကို နိုင်ငံရေးအမြင်ဖြင့် သုံးသပ်ဟောပြောခြင်း၊
အင်္ဂပူမြို့နယ် မဘသဥက္ကဋ္ဌ ကျောင်းသစ်ကျောင်းဆရာတော် ရေးစပ်သော အမျိုးစောင့်ဥပဒေ ဂုဏ်ပြု မင်္ဂလာတေးထပ်ကို အင်္ဂပူစိန်သောင်း မင်္ဂလာဆိုင်းတော်နှင့် တွဲဖက်ရွတ်ဆိုခြင်း၊
အင်္ဂပူမြို့နယ် မဘသ ဒု ဥက္ကဋ္ဌ စိန်စီဆရာတော်မှ ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခြင်း အစီအစဉ်များဖြင့် ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။








No comments:
Post a Comment