Sunday, October 18, 2015
ရှမ်း/မြောက်(မဘသ)နှင့်အမေရိကန်သံအမတ်တွေ့ဆုံခြင်း အပိုင်း(၅)
အမေရိကန်သံအမတ်-
မှန်လှပါဘုရား။ လျှောက်ထားရမယ်ဆို ဒီနှစ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲကို အရှင်ဘုရားတို့အားလုံးလည်း သတိမူမိကြမှာပါဘုရား။ အဲဒီမှာ ပါတီကြီးတွေ ပါကြီးတွေပြောရမယ်ဆိုတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ NLDပါတီ သူတို့နှစ်ပါတီလုံးက အစ္စလာမ်ကိုးကွယ်တဲ့ မူဆလင်ဘာသာဝင်တွေကို ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ မရွေးဘူး မရွေးတဲ့အခါကြတော့ ဒီတိုင်းပြည်မှာလည်း မူဆလင်နိုင်ငံသားတွေကရှိတယ် ရှိတဲ့အခါကြတော့ သူတို့တွေက ဘယ်လိုဖြစ်တယ်ဆိုတာ ကွဲပြားမှုကို ခံစားရတယ်။ အဲဒါတွေကို လေ့လာသိရှိရပါတယ်ဘုရား။ ကမ္ဘာကြီးမှာ ဘာဖြစ်နေလည်းဆိုတော့ တချို့လူတွေကယုံကြည်ကြတယ်၊ မူဆလင်တွေဆို မူဆလင်အားလုံး အကြမ်းဖက်သမားတွေပဲ အခုလဲ အရှေ့အလယ်ပိုင်းဒေသတွေမှာ အကြမ်းဖက်တာတွေတွေ့နေရတယ်။ အဲဒီ´´ဟတ်´´လိုင်းလို့ခေါ်တဲ့ သတင်းတွေမှာတွေ့နေရတယ်။ ဒီနေ့ဘယ်နိုင်ငံမှာ ဘယ်သူ့ကိုအကြမ်းဖက်လိုက်တယ်။ ဘာညာပေါ့။ အဲဒီဟာတွေကို တချို့တွေက မူဆလင်အားလုံး အကြမ်းဖက်သမားတွေလို့မှတ်ယူကြတယ်။ အဲလိုယုံကြည်ကြတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း အမေရိကန်ပြည်ထောင်စုကိုယ်တိုင်ပင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတယ်။ သို့သော်လည်း အကြမ်းဖက်သမားတွေက သူတို့ကိုယ်တိုင်က မူဆလင် မူဆလင်လို့ပြောတယ်။ ဒါပေမဲ့ မူဆလင်တိုင်း အားလုံးအကြမ်းဖက်သမားမဟုတ်ဘူး ဆိုတာကိုလည်း လေ့လာသိရှိရပါတယ်။ နောက်ဒီမူဆလင်တွေမှာ သာမန်မူဆလင်ရှိပါတယ်ဘုရား။ မကောင်းတဲ့မူဆလင်တွေလဲရှိပါတယ်ဘုရား။ မကောင်းတဲ့မူဆလင်တွေက မကောင်းတာတွေလုပ်တယ်ပေါ့ဘုရား။ အကြမ်းဖက်မှုတွေလဲလုပ်တယ်ပေါ့။ သာမန်မူဆလင်တွေသည် မကောင်းတဲ့မူဆလင်ရဲ့သားကောင်းပဲ သူတို့မူဆလင်အချင်းချင်းကိုပဲ သာမန်မူဆလင်သည် မကောင်းသောမူဆလင်ရဲ့ သားကောင်စဖြစ်ရပါတယ်ဘုရား စဖြစ်ပြီးတော့ ကျန်တဲ့တခြားသော ကမ္ဘာ့နေရာတွမှာလဲ သားကောင်တွေဖြစ်ရတာပေါ့ဘုရား။ အကြမ်းဖက်မှုတွေဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ အမေရိကန်နိုင်ငံသူ/သား အမေရိကန်ကိုယ်၌ကပဲ ဒီမကောင်းတဲ့အကြမ်းဖက်မှုကို အခုထိရင်ဆိုင်ဖြေရှင်း တိုက်ခိုက်နေရတုန်းပဲဖြစ်ပါတယ်။ ဒီတော့ပြဿနာတွေ ပဋိပက္ခတွေ ဖန်တီးချင်တဲ့ လုပ်ချင်တဲ့လူတွေကလည်း ကမ္ဘာပေါ်မှာရှိသလို ဒီမှာလည်းရှိတယ်ပေါ့ဘုရား။ ရှိတဲ့အခါကြတော့ အဲဒီလူတွေက ခွဲခြားချင်တယ်။ ပြဿနာတွေ ပဋိပက္ခတွေဖြစ်စေချင်တယ် အဲဒီ ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်စေချင်တဲ့လူတွေ မအောင်မြင်စေချင်ဘူးပေါ့ဘုရား။ အရှင်ဘုရားတို့အနေနဲ့လည်း စစ်မှန်သော မ.ဘ.သအနေနဲ့ ခုနတုန်းကပြောတဲ့အတိုင်း စစ်မှန်ကောင်းမွန်သော ရည်ရွယ်ချက်တွေလည်းရှိပြီးသား ``အိုင်ဒီယာ´´လို့ခေါ်တဲ့ အတွေးအမြင် ရည်ရွယ်ချက်တွေရှိသားဆိုတော့ လျှောက်ထားခွင့်ရှိရင် လျှောက်ထားချင်တာကတော့ ခုနကပြောသလို မတူညီတဲ့လူ့အသိုင်းဝိုင်းတွေအားလုံးတွေ့ဆုံပြီးတော့ ခုနကကောလဟလတွေ မသိမှုတွေကို ကျော်လွှားနိုင်ပြီးတော့ ``ဘီကောလက်စ်တီ´´ပေါ့ဘုရား။ ပိုပြီးတော့ စွမ်းအားနဲ့လုပ်နိုင် ထိစပ်မှု၊ တွေ့ဆုံမှု၊ ဆွေးနွေးမှုတွေလုပ်နိုင်ရင် ပိုပြီးတော့ ငြိမ်းချမ်းရေးအတွက်ဆိုကောင်းပါကြောင်း ထင်မြင်ယူဆပါကြောင်းလျှောက်ထားအပ်ပါသည်ဘုရား။
ဦးအကုၤရ- (၅)
ဦးဇင်းကိုယ်၌ မူဆလင်ပဲ အဲဒီကိစ္စကို ဦးဇင်နည်းနည်းပြောမယ်။ ဒါနဲ့ပတ်သတ်ပြီးမှ သူတို့ရဲ့အဓိက ပြဿနာက ကိုယ်ရမ်ကျမ်းကဖြစ်တာ ကိုယ်ရမ်ကျမ်းမှာက အခြားဘာသာတွေနဲ့ ပတ်သတ်လို့ ဒီလိုပြဿနာတွေဖြစ်လာအောင် ဘာသာမတူရင် ရန်သူဆိုတဲ့ပုံစံမျိုး သတ်မှတ်ဖို့ညွန်ကြားချက်ရှိတယ်။ ဘာသာမတူရင်လဲ ရန်သူလို့သတ်မှတ်ရုံမကဘူး သတ်ဖြတ်ဖို့လိုအပ်လာရင် သတ်ဖြတ် အဲဒီလိုသတ်ဖြတ်ရင် လည်း အပြစ်မရှိကြောင်း ညွှန်ကြားချက်ရှိတယ်။ ဒီလိုမျိုးနောက်တခု တခြားဘာသာတွေနဲ့ အမြင်စောင်းစရာကိစ္စတွေ တခြားဘာသာတွေကို ဒီလိုတိုက်ရိုက်မဟုတ်ရင် သွယ်ဝိုက် တိုက်လည်းရှိတယ် သွယ်ဝိုက်လည်းရှိတယ် အဲဒါတွေကို လုပ်ဆောင်နေတဲ့ကိစ္စတွေ ညွန်ကြားနေတဲ့ကိစ္စတွေ ခိုင်းစေနေတဲ့ကိစ္စတွေ ရိုက်သွင်းနေတဲ့ကိစ္စတွေ သင်ကြားနေတဲ့ကိစ္စတွေအများကြီးရှိတယ်။ ကိုရမ်ကျမ်းမှာညွန်ကြားထားတယ်။ ဒီလိုသူတို့စာသင်ကျောင်းတွေစသဖြင့် သင်ကြားနေတဲ့အပိုင်းတွေက သင်းကြားမှုက ငြိမ်းချမ်းဖို့သင်ကြားမှုသတ်ရောက်ပါ့မလား။ ဒါတွေမေးစရာရှိတယ်။ အဲလိုငြိမ်းချမ်းဖို့သင်ကြားမှု မသတ်ရောက်တဲ့ကျောင်းတွေ ဒီလိုဟာတွေ အစိုးရအနေနဲ့ ဘာလုပ်ပေးမလဲ။ ငြိမ်းချမ်းချင်ပါတယ်ဆိုတဲ့ နိုင်ငံတကာနဲ့တကွ အခုအမေရိကန်သံအမတ်ကြီးတို့ဘာလုပ်ပေးမလဲ ဘာလုပ်ပေးနိုင်သလဲ။
ဦးအကုၤရ(လားရႈိး)
Subscribe to:
Post Comments (Atom)



No comments:
Post a Comment