၁၀.၁၀.၂၀၁၅ ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေး၊ အောင်မြေသာဇံမြို့နယ်၊ ၁၅ လမ်း၊ ၈၀×၈၁ လမ်းကြား၊ ထီးရိုးဝင်းဓမ္မာရုံမှာ ကပ်လှူတာပါ။
မန်း မ.ဘ.သ အဖွဲ့ဥက္ကဋ္ဌ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော မန်း မ.ဘ.သ ဆရာတော်များ ကြွရောက်တော်မှူကြပါတယ်။
မန္တလေးတိုင်း အမျိုးသားတိုးတက်ရေးပါတီက ဆွမ်းကပ်လှူခြင်း၊ သြဝါဒခံယူခြင်း ပြုလုပ်တာပါ။
ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီးက ငါးပါးသီလ ချီးမြှင့်ပြီး စာရေးသူက သြဝါဒတရား ဟောကြားပါတယ်။ အမျိုးသားရေးနှင့်ပတ်သက်ပြီး အားကိုးအားထားပြုနိုင်လောက်တဲ့ ပါတီ ဖြစ်စေဖို့ပါ။
ဒီမိုကရေစီခေတ်ကြီးမျာ သံဃာတော်တွေ နိုင်ငံရေးပါတီရုံးဖွင့်ပွဲ ကြွရောက်ခွင့်၊ ဆွမ်းစားခွင့်၊ ပရိတ်ရွတ်ခွင့်၊ သြဝါဒပေးခွင့် မရှိဘူးဆိုရင် ပြောပါနော်။
အဲဒီ ဒီမိုကရေစီကို ဘုရားလိုကိုးကွယ်ချင်လို့ပါ။
No comments:
Post a Comment