ရီယဒ်၊ အောက်တိုဘာ
၁၀
အမျိုးသမီးအခွင့်အရေး
တက်ကြွလှုပ်ရှားသူတွေတော့ တော်တော်လေး စိတ်ဆိုးမယ့်သတင်းပါပဲဗျာ။
ဆော်ဒီအမျိုးသမီးတစ်ယောက်ဟာ
သူ့ယောက်ျားက နောက်ကွယ်မှာ ဖောက်ပြန်နေတာကို ဗီဒီယိုဖိုင်နဲ့တကွ ဖော်ထုတ်တင်ပြဖို့
ကြိုးစားတာကို အသရေဖျက်မှုနဲ့ ထောင်ကျမလို ဖြစ်နေပါတယ်။
အိမ်က မီးဖိုချောင်ထဲမှာ
အိမ်အကူနဲ့ဖောက်ပြန်ဖို့ ကြိုးစားနေတဲ့ယောက်ျားကို အမျိုးသမီးက ဗီဒီယိုရိုက်ခဲ့တာ ဖြစ်ပါတယ်။
အိမ်အကူအမျိုးသမီးကို
အမျိုးသားက ဆွဲခေါ်နေတာ အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။
ဒီလိုယောက်ျားမျိုးကို
အရှက်ခွဲပစ်မယ်လို့ အမျိုးသမီးကရေးပြီး အင်တာနက်ပေါ် တင်ထားတာဖြစ်ပါတယ်။
ယောက်ျားက
ဖောက်ပြန်တာကို မိန်းမက အပြစ်ပေးခံရသတဲ့လား ဆိုပြီး လူမှုကွန်ယက်မီဒီယာမှာ ဝိုင်းဝန်းဝေဖန်နေပါတယ်။
၁၁.၁၀.၂၀၁၅
The Voice သတင်းစာ

No comments:
Post a Comment