Tuesday, October 27, 2015

“အစ္စလမ်ဘာသာတရားနှင့် အမျိုးသမီးအခွင့်အရေး (၅)”


အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်သည်ဆိုသော စွပ်စွဲချက်ဖြင့် အစ္စလာမ်ဥပဒေအရ ကျောက်တုံးနှင့် ဝိုင်းဝန်းပေါက်သတ်

အိမ်ထောင်ရေးမှာ အခြားအမျိုးသား တစ်ဦးနှင့် ဖောက်ပြန်တဲ့ အမျိုးသမီးတွေကို ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ခြင်းဟာ အစွန်းရောက်ဝါဒီမဟုတ်ပါဘူး။ ဒီလို အပြစ်ပေး ခြင်းဟာ အစ္စလာမ့်ဥပဒေနှင့်အညီ ဖြစ်ပါ တယ်။ ဒီဥပဒေကို တမန်တော်မိုဟာမက်၏ အနီးစပ်ဆုံးတပည့်တစ်ဦးဖြစ်တဲ့ အာရပ်နွယ်ဖွား Umar က ကုရ်အာန်မှာ မူလအတိုင်းပဲ ထားရှိပါတယ်။

နှစ်ကာလအတော်အတန်ကြာ ဖြတ်သန်း ခဲ့ပြီးတဲ့နောက် ကျမ်းမြတ်ကုရ်အာန်မှာတော့  ကျောက်တုံးနဲ့ ပေါက်သတ်ရမည့် အပိုဒ် မတွေ့ပါဘူး။ ပြီးတော့ အလ္လာအရှင်မြတ် မိန့်တဲ့ တာဝန်ဝတ္တရားကိုတော့ သူတို့ဟာ သွေဖည်ကောင်း သွေဖည်သွားနိုင်ပါတယ် လို့  လူတွေ ပြောကောင်းပြောလာမှာကိုတော့  ကျွန်ုပ်အနေဖြင့် စိုးရိမ်ကြောက်ရွံ့ပါတယ်လို့ Umar ကဆိုပါတယ်။

နောက်ထပ်လည်း တရားမဝင် လိင် ဆက်ဆံတဲ့သူကိုလည်း ကျောက်တုံးနဲ့ ပေါက်သတ်ပြီး ပြစ်ဒဏ်ပေးဖို့ဟာလည်း ခိုင်မာစွာ ပါရှိပါတယ်။ အကယ်၍ လက်ထပ် ထားရင်တောင်မှ သက်သေ (သို့မဟုတ်) ကိုယ်ဝန် (သို့မဟုတ်) ဝန်ခံချက်ဖြင့် ရာဇဝတ် မှုကို သက်သေပြရမယ်လို့ Zufyan  က ထပ်မံဖြည့်စွက်ထားပါတယ်။

ဒီနေရာမှာ ကုအာန်ကျမ်းပါ ဇာတ်ဝတ္ထုကို အာဂုံဆောင်ထားတဲ့ Umar က အလ္လာအရှင်မြတ် အမိန့် ရှိတဲ့အတိုင်း တမန်တော် မိုဟာမက်ဟာ ကျောက်တုံးနဲ့ပစ်ပေါက်သတ်တဲ့ စီရင်မှုကို ကျင့်သုံးခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုနည်း တူစွာ ကျွန်ုပ်တို့မွတ်စလင်တွေဟာ တမန်တော်ရဲ့ လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတာပါ။ 
(Bukhari 8-82-816)

ဟုတ်ကဲ့။ အလ္လာအရှင်မြတ်ရဲ့ တမန်တော် ဖြစ်တဲ့ မိုဟာမက်ဟာ ကျောက်တုံးနဲ့ ပစ်ပေါက်မှုကို အမှန်တကယ် လုပ်ဆောင်ခဲ့ တာပါ။ ဒီနေရာမှာပဲ စုဝေးကြတယ်။ အဲ့ဒီ နေရာမှာပဲ တမန်တော်ဟာ ဂျူးဓမ္မဆရာတွေ ကို ကျောက်တုံးနဲ့ပစ်ပေါက်ပြီး စီရင်တာနဲ့ ပတ်သက် စိန်ခေါ်ခဲ့ပါတယ်။ အဲနေရာဟာ ရက်စက်ကြမ်းကြုတ်မှုနှင့်အတူ လူမဆန်မှုတွေ ရှိကြတယ်။ နောက်ဆုံး မြင်တွေ့ရတာက တော့ ချစ်ခြင်းမေတ္တာနှင့် သနားစရာပဲ ကြွင်းခဲ့တာပေါ့။

ဂျူးတွေက တမန်တော် မိုဟာမက်ထံ လာပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဟာ ကာမဖောက်ပြန်မှုကို ကျူး လွန်တယ်လို့ တမန်တော်ကို ပြောလာတော့-''ကျောက်တုံး နဲ့ပေါက်ပြီး အပြစ်ပေးတာနဲ့ ပတ်သက်လို့ ဟီဘရူ Bible မှာ တွေ့ရှိပါသလား''လို့ တမန် တော်က မေးတော့ ဂျူးတွေက ''ကျွန်တော် တို့ဟာ ဒါကို ရာဇဝတ်မှုသတ်မှတ်ပြီးကြိမ်ဒဏ် ပေးဖို့ ထုတ်ပြန်ကြေညာထားပါတယ်''လို့ ဂျူးတွေက ပြန်ဖြေပါတယ်။

Abdullan bin Salam က ''ဒါဟာ ခင်ဗျားတို့ လိမ်ပြောနေတယ်''လို့ ဆိုပါတယ်။ ဟီဘရူကျမ်းစာမှာ ကျောက်တုံးနဲ့ ပေါက်ပြီး အပြစ်ပေးရမယ်လို့ အမိန့်ထားတယ်လို့ဆိုပြီး ကျမ်းစာကို ယူပြီး ဖွင့်ပြပါတယ်။ သူတို့ထဲက တစ်ဦးဟာ ကျောက်တုံးနဲ့ ပစ်ပေါက်ပြီး အပြစ်ဒဏ် စီရင် ရမည့်စာပိုဒ်အပေါ် သူ့လက်ကို ထောက်ပြပြီး ဖတ်ပြတယ်။ အဲ့ဒီ အတိုင်းပဲ ကျွန်ုပ်တို့လိုက်နာရမယ်လို့ ဆိုပါတယ်။

Abdullan bin Salam ကသူရဲ့ လက်ကို မြှောက်ထားဖို့ရန်နှင့် သူ့လက် မြှောက်ထားတဲ့အချိန်မှာ အဲ့ဒီနေရာမှာ စာပိုဒ်ကိုရေးမှတ်ထားဖို့ ပြောလိုက်ပါတယ်။ တမန် တော်ဟာ  အမှန်တရားကို ပြောခဲ့တာလို့ သူတို့က ဆိုပါတယ်။ The Toran မှာ လည်း ကျောက်တုံးနဲ့ပေါက်ပြီး စီရင်ရမယ့် စာပိုဒ် ပါရှိတယ်။

အဲ့ဒီနောက်မှာတော့ တမန်တော် မိုဟာ မက်ဟာ သူတို့နှစ်ဦးလုံးကို ကျောက်ခဲနဲ့ ပစ်ပေါက်သတ်ရမယ်လို့ အမိန့်ပေးခဲ့တယ်။  အဲဒီအချိန်မှာပဲ ကျောက်တုံးတွေဒဏ်မှ သူမကို အကာအကွယ် ပေးဖို့ အမျိုးသမီးအပေါ်ကနေ ကာကွယ် ပေးထားသော အမျိုးသားကို ကျွန်ုပ်တွေ့မြင် ခဲ့ရပါတယ်လို့ အဒူလာဘင်အူမာက ဆိုပါ တယ်။           (Bukhari 4-56-829)

အခြားသော့ hadith အရ မျောက်တွေ တောင်မှ ခဲနဲ့ပေါက်သတ်ခြင်းကိုကျင့် သုံးမှု ရှိခဲ့ပါတယ်။ကျင့်ဝတ်ကို နားမလည် မှုနဲ့ပတ်သက်ပြီး ရှေးယခင်တုန်းက မျောက်မ တစ်ကောင်ကို မျောက်တွေက ဝိုင်းအုံထားတာ ကို မြင်တွေ့ခဲ့ရဖူးပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အဲ့ဒီမျောက်မဟာ အခြားမျောက် တစ်ကောင်နဲ့ ဖောက်ပြန်တဲ့အတွက် ¤င်း မျောက်မကို မျောက်အားလုံးက ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့တာပါ။ ထိုနည်းတူစွာပဲ တမန်တော်ဟာ ကျောက်တုံးနဲ့ပစ်ပေါက်ပီး သေဒဏ်ပေးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ 
(Bukhari 4-58-188)
ထိုအစ္စလာမ် ဘာသာရေးခေါင်းဆောင်ဟာ  သူမအသနားခံနေတာတောင် လင်ငယ်နေ ပါတယ်ဆိုကာ စွပ်စွဲပြောဆိုနေတာပါ။ ဒါ့အပြင် ထိုအမျိုးသမီးဟာ သူမအဖေဘက် ကို လှည့်ပြီး သူမကို ခွင့်လွှတ်ပေးဖို့ အနူး အညွတ်တောင်းပန်ပြန်ပါတယ်။ ဒါပေမဲ့ သူမ အဖေကတော့ အလ္လာအရှင်မြတ်ရဲ့ ဂုဏ်ကျေးဇူးတွေကို တိုင်တည်ရွတ်ဆိုလျက်  အေးဆေးစွာငြင်းပယ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့သမီးကို ကျောက် ခဲနဲ့ စတင်ပစ်ပေါက်ဖို့ရန် သူ့အတွက် ခဲတစ်လုံးပေးဖို့ ခဲနဲ့ဝိုင်းပေါက်သတ်မည့် လူအုပ်ကြီးထံ ပြန်လှည့်လာပါတယ်။ မိနစ် အနည်းငယ်မှာပဲ သူမအဖေဟာ ကြီးမားတဲ့ ကျောက်တုံးကြီးနှင့် ရှေ့သို့လှမ်းလာပါတယ်။  အဲ့နောက်မှာတော့ ခိုကိုးရာမဲ့နေတဲ့ သူမအပေါ် လူအုပ်ကြီးက ဝိုင်းပစ်ပေါက်တဲ့ ကျောက်တုံး၊ ကျောက်ခဲတွေ တဝေါဝေါကျလာရင်း ထိုဗီဒီယို ဖိုင်ဟာ မဲပြီး အရောင်မှိန်သွားပါတယ်။ 

သူ့သမီးဟာ သူ့အပေါ်နှင့် သူ့ဘာသာ တရားအပေါ် သစ္စာဖောက်တယ်လို့ ယုံကြည် ထားသူပါ။ ဒါ့ကြောင့် သူ့သမီးကို ဂုဏ် သိက္ခာအတွက် သတ်ဖြတ်ခြင်းကို သဘောတူ ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

သူမအဖေ အပါအဝင် အမျိုးသားတွေက အုပ်စုလိုက် ဝိုင်းအုံပြီး ဆီးရီးယားသူ အမျိုး သမီးတစ်ဦးကို ကျောက်ခဲနဲ့ပေါက်သတ်ခဲ့သော စက်ဆုပ်ဖွယ်ရာ ကောင်းတဲ့ ဗီဒီယိုကို အစ္စ လာမ္မစ်ဝါဒီတွေက ထုတ်လွှင့်ပြသခဲ့ပါ တယ်။

ဂျွန်ဟော

Daily Mail, 21, Oct, 2015
အီရတ်နှင့် ဆီးရီးယားမှာ တိုက်ခိုက်နေတဲ့ အကြမ်းဖက်အစွန်းရောက်သူတွေဟာ သူမ အဖေပါ အမျိုးသားအုပ်စုဟာ  အမျိုးသမီး တစ်ဦးကို ကျောက်တုံးနဲ့ပေါက်သတ်ခဲ့တဲ့ အံ့သြနှလုံးနာစရာ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ ပါတယ်။

Hama မြို့မှ စိတ်ခြောက်ခြားစရာ ကောင်းတဲ့ ဒီဖိုင်ကို ရိုက်ကူးထားတယ်ဆိုတာ သိရှိရပါတယ်။ ပြီးတော့ ဒီအာရပ် အမျိုးသမီးနားတွင် အာပေါင်အာရင်းသန်သန် နဲ့ ပြောနေသော မုတ်ဆိတ်မွှေးနှင့် ဘာသာရေး ခေါင်းဆောင်ကို  ဆီးရီးယားပြည်တွင်းစစ်နဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံ အကြမ်းဖက်မှု တွေကို ခြေရာခံစောင့်ကြည့်နေတဲ့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

၂ဝ၁၁ခုနှစ် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားမှာ အဘက်ဘက် ချွတ်ခြုံကျလာ ကတည်းက အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးတစ်ဦးကို ကျောက်ခဲနဲ့ပေါက်သတ် ပြီး အပြစ်ပေးတာဟာ ဒါပထမဆုံးမှတ်တမ်း တစ်ခုဖြစ်ပါတယ်။ အစိုးရထိန်းချုပ်မှု လျော့ နေတဲ့နေရာမှာ အားကောင်းသော လှုပ်ရှားသူ တွေအဖြစ် အစ္စလာမ္မစ်အုပ်စုတွေဟာ ထွက်ပေါ် ခဲ့ပါတယ်လို့ Obsevatorv က ပြောကြားပါတယ်။

ယခုမနက်မှာပဲ တဖန် လူမှုမီဒီယာတွေအပေါ် မှာ အစ္စလာမ္မစ်ဝါဒီတွေနဲ့ ပတ်သက်လို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ငါးမိနစ်စာ  ဗီဒီယိုဖိုင်တစ်ခု ပေါ်ထွက်လာပြန်ပါတယ်။  ဒီဖိုင်ဟာ အတိုလေးဖြစ်ပြီး မရှင်းလင်းပါဘူး။ ဒါ့ကြောင့် ဒါကို အတည်ပြုလို့ မရသေးပါဘူး။  ဗီဒီယိုဖိုင် အပိုင်းလေးအစမှာ ပေါ်လာသော အစ္စလာမ် ဘာသာရေး ခေါင်းဆောင်ဟာ သူမကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ စွပ်စွဲသော်လည်းပဲ တိကျသောစွပ်စွဲချက်ဟာ အပေါ်ယံ မည်ကာမတ္တမျှဖြစ်ပါတယ်။

မူဆလင်ခေါင်းဆောင်ဟာ ကျောက်တုံး နဲ့ ပေါက်သတ်ခံရမည့် သူမကို ကြည်ကြည်ဖြူဖြူနဲ့ ကျေနပ်စွာလက်ခံဖို့ သူမအား ပြောဆို မှာကြားနေပါတယ်။ အဘယ့်ကြောင့်ဆိုသော်  ဒီလိုအပြစ်ဒဏ်ပေးခြင်းဟာ အလ္လာ့ရှင်မြတ် အမိန့်ဖြစ်လို့ပါပဲတဲ့။ ဒါ့ကြောင့် ဒီလို အပြစ်ပေးအရေးယူမှုဟာ အစ္စလာမ်ဥပဒေအရ  သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။

သူမကို ခွင့်လွှတ်ဖို့ သူမအဖေအား အသနားမခံမီ အလ္လာအရှင်မြတ်ထံမှာ အညံ့ခံဖို့နှင့် ကျောက်ခဲနဲ့ ပေါက်သတ်ဖို့ သူမကို ခွင့်တောင်းခံလျက်-

(အစ္စလာမ်ဝါဒီတွေဟာ ကနဦးအစမှာ သူမကို မသိကျိုးကျွံ ပြုပြီးနောက်မှာတော့ ခေါင်းဆောင်ဖြစ်သူက ဖြေကြားဖို့ အမျိုးသားတစ်ဦးကို စေ့ဆော်ခိုင်း ခဲ့ပါတယ်။)

သူမအတွက် ဆုတောင်းပေးဖို့ သူမအဖေကို ငိုယိုပြီး မေတ္တာရပ်ခံနေသော်လည်း သူ့အဖေက မင်းငါ့ကို အဖေလို့ မခေါ်နဲ့လို့ သမီးကို ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမအဖေဟာ ကျောက်တုံးနဲ့ ပေါက်သတ်မည့်နေရာသို့ သူ့သမီး လည်ပင်းကို ကြိုးနဲ့ဆွဲသွားသော အစ္စလာမ္မစ်တိုက်ခိုက်ရေးသမားတွေထံ ပြေး သွားပါတယ်။

ဒီဗီဒီယိုဖိုင်လေးဟာ သူမ အိမ်ထောင်ရေး ဖောက်ပြန်နေတယ်လို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်ဟာ စွပ်စွဲပြောဆိုနေသော်လည်း တိကျခိုင်လုံသော အထောက်အထားသက်သေ ပြနိုင်ခြင်းမရှိခဲ့ပါဘူး။

ဖခင်ဟာ သူ့သမီးကို ကျောက်တုံးနဲ့ မထုခင် ကျောက်ခဲတွေဟာ အကာအကွယ်မဲ့နေတဲ့ သူမအပေါ် တဝေါဝေါကျနေတဲ့  အတွက်ကြောင့် သူမအဖေဟာ ရှေ့သို့ထွက်လာပြီး အကြီးဆုံးကျောက်တုံးနဲ့ သမီးကို ပေါက်ချလိုက်ပါတော့တယ်။  သူမကို ကျောက်ခဲနှင့် မပစ်ပေါက်ခင် ကင်မရာရိုက်ချက်ဟာ အနက်ရောင်မှိန်သွားတာကြောင့် သူမသေတာနဲ့ ပတ်သက်လို့ ကင်မရာဟာ တိကျစွာ မရိုက်မိလိုက်ပါဘူး။

အစ္စလာမ္မစ်တွေဟာ မကြာခဏဆိုသလို အိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ စွပ်စွဲပြီး အမျိုးသမီးတွေကို ကျောက်ခဲနဲ့ ပေါက်သတ်လေ့ရှိပါတယ်။ ဒီနှစ်အစောပိုင်းမှာလည်း အစ္စလာမ္မစ်ဝါဒီ တွေဟာ လက်မထပ်ဘဲ ကာမဆက်ဆံတယ် လို့ စွပ်စွဲပြီးတဲ့နောက်ျွဆေဆေ  မှာရှိတဲ့ အမျိုးသမီး နှစ်ဦးကို ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ခဲ့ ကြပါသေးတယ်။ ဒီအမျိုးသမီးနှစ်ဦးကို ကြီးမားတဲ့ ကျောက်တုံးတွေနဲ့ မပစ်ပေါက်ခင်  ကျောက်ခဲတွေသယ်လာတဲ့ ထရပ်ကား ရောက် မလာမီမှာတော့ မြေကြီးတွင်းထဲမှာ ထိုအမျိုးသမီးနှစ်ဦးကို ထည့်ထားလိုက်ပါတယ်။ အဲဒီနောက် ကျောက်ခဲတွေနဲ့ ဝိုင်းဝန်း ပေါက်သတ်ခဲ့ပါတော့တယ်။ အစ္စလာမ်ဝါဒီတွေ အနေနဲ့ ဒီလိုအပြစ်ပေး စီရင်ခြင်းဟာ သူတို့မှာ အပြစ်မရှိပါဘူး။ အစ္စလာမ်ဥပဒေနှင့်အညီ အပြစ်ပေးရပါတယ်လို့ အခိုင်အမာ ပြောဆိုလျက် ရှိနေပါတော့သည်။

ဝီရမော့ဆက်
အတုမရှိဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၁၃)




No comments:

Post a Comment