ရက်စွဲ။ ။ ၁၃၇၇ ခု၊ တော်သလင်းလဆန်း(၃)ရက်
၂၀၁၅ခုနှစ်၊
စက်တင်ဘာလ(၁၆)ရက်။
အကြောင်းအရာ။ ။ အစ်နေ့၌ နွားများကို သတ်ဖြတ်ခြင်းမှ တားမြစ်ကာကွယ်ပေးရန်
မေတ္တာရပ်ခံခြင်း။
ယခုအခါ
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင်များသည်
အစ်နေ့ရောက်သောအခါတိုင်း ခိုင်းနွားအပါအဝင် နွားကောင်ရေများစွာကို မေတ္တာ ကရုဏာ ကင်းမဲ့စွာဖြင့်
ရက်ရက်စက်စက် လည်လှီးခေါင်းဖြတ် အသက်ကြီးသတ်နေသည်ကို စိတ်မချမ်းမြေ့စွာ မြင်တွေ့နေရပါသည်။
ထိုသို့
သတ်ဖြတ်ခြင်းကြောင့် တောင်သူလယ်သမားများနှင့်အတူ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ လူသားများ၏
ကျေးဇူးရှင် အစစ်လည်းဖြစ်သော နွားကောင်ရေများစွာမှာ နှစ်စဉ်နှစ်စဉ် လွန်စွာဆုံးရှုံးလျက်ရှိပါသည်။
ယခုနှစ် ရေဘေးသင့်မှုကြောင့် ကျွဲနွား တိရစ္ဆာန်များ ဆုံးရှုံးမှု ပမာဏမှာလည်း အလွန်တရာကြီးမားလှပါသည်။
ဤသည်မှာလည်း အကြောင်းတစ်ချက်။
လာမည့်
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့၌ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅နိုင်ငံတွင်
တိရစ္ဆာန်များ၏ အခွင့်အရေး၊ တိရစ္ဆာန်များကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ကာကွယ်စောင့်ရှောက်ရေးအတွက်
အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များနေ့ ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။ ဤသည်မှာလည်း အကြောင်း
တစ်ချက်။
ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီးရှိစဉ်ကလည်း
ကျေးဇူးရှင်နွားများကို မသတ်ဖြတ်၊ မညှဉ်းဆဲ ရေး၊ နွားသား မစားရေးအတွက် နွားမေတ္တာစာ၊
သံဝေဂစာများ ရေးသားလျက် ဟောပြောညွှန်ပြဆိုဆုံးမ တော်မူခဲ့ပါသည်။ ဤသည်မှာလည်း အကြောင်းတစ်ချက်။
ဘုရားရှင်လက်ထက်တော်အခါကတည်း
လောဟကုမ္ဘီဇာတ်တော်နှင့် အဋ္ဌဆန္ဒဇာတ်တော်ဟောကြားရာ နိဒါန်း၌လည်း ပညာမဲ့ ပသေနဒီကောသလမင်းကြီးနှင့်
အစားရမက်ကျူးပုဏ္စားယုတ်တို့က လူ၊ နွား၊ ဆင်၊
မြင်း၊ ကြက်၊ ငှက် စသောသတ္တဝါများကို လေးစုစီပြုလုပ်၍ သတ်ဖြတ် ယာဇ်ပူဇော်ခြင်း “သဗ္ဗစတုက္က”ယာဇ်ကြီး
ပြုလုပ်မည်ရှိရာ ဘုရားရှင်က အပါယ်လားကြောင်း မကောင်းမှုအဖြစ် ဟောပြောညွှန်ပြတော်မူ၍ သတ္တဝါများကို
လွတ်ငြိမ်းချမ်းသာစေတော်မူသော “”ထုံးသာဓက”လည်း ရှိခဲ့ပါသည်။ ဤသည်မှာလည်း အကြောင်းတစ်ချက်။
ဤဆိုခဲ့ပြီး
လောက၊ ဓမ္မ နှစ်ဌာနသော အကြောင်းများကြောင့် တောင်သူလယ်သမားများနှင့် လူသားများ၏ ကျေးဇူးရှင်
အစစ်ဖြစ်သော နွားသတ္တဝါများကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ကာကွယ်စောင့်ရှောက်ပေးသော ဥပဒေများ
ထုတ်ပြန်၍ “မဟာ အဘယဒါန”ကြီး ပေးလှူပါရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမင်းများ
အား အထူးအားဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)
မန္တလေးတိုင်းဒေသကြီး
ဘဒ္ဒန္တကုသလ(အတွင်းရေးမှူးချုပ်ဆရာတော်)
ဘဒ္ဒန္တပညာသာမိ(ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)(ဗဟိုဦးဆောင်ဆရာတော်)
ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ(ဗဟိုဦးဆောင်ဆရာတော်)


No comments:
Post a Comment