12.9.2015
ဝါခေါင်လ္ဆုပ်(၁၃)ရက် ည 8:00 စစ်ကိုင်းတိုင်း၊ ကသာခရိုင် ကောလင်းမြို့ ကျော်ဇေယျမြောက်
ကျောင်းမှာ ဟောကြားပါတယ်။
ကျော်ဇေယျာမြောက်ကျောင်းဆရာတော်ကြီးက
မဘသဥက္ကဋ္ဌပါ။ ကောလင်း မဘသ နှစ်ပတ်လည်အထိမ်း အမှတ် တရားပွဲပါ။
ဥက္ကဋ္ဌဆရာတော်ကြီးက
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဟောစေချင်လို့ လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တရားဟောကြားခဲ့ပါတယ်။
“ညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေး:”(လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း)
မေတ္တာသုံးလီ၊
သီလမြဲလို့၊ မျှဝေခွဲလို့ သုံးစွဲမယ်။
ပန်းတိုင်တူလျှင်
ဗျူဟာကွဲလည်း၊ အစွဲကင်းအောင် ဆောင်ရွက်မယ်။
သာရဏီယတရား
လက်ကိုင်ထား၊ ငြိမ်းချမ်းကြစေကွယ်။
၁။ ကာယကံမေတ္တာ
ကိုယ်စီထားမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ
ညီညွတ်ကြမှ၊ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၂။ ဝစီကံမေတ္တာ
ကိုယ်စီထားမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ
ညီညွတ်ကြမှ၊ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၃။ မနောကံမေတ္တာ
ကိုယ်စီထားမှ အဖွဲ့အစည်းများညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ
ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၎။ ညီတူမျှတူ
ခွဲဝေသုံးမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ
ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၅။ ကိုယ်ကျင့်တရားကို
တန်ဖိုးထားမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ
ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၆။ ရည်မှန်းချက်တွေ
တူညီကြမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ
ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း
နိဗ္ဗာန်လမ်း၊ တက်လှမ်းနိုင်ဖို့ရွယ်။













No comments:
Post a Comment