ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ
၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်
(၄၈)
၁၃၇၇ ခု၊ ဝါခေါင်လဆန်း ၁၁ ရက် (၂၆-၈-၂ဝ၁၅)
ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးခဲ့။
အခန်း (၆)၊ ပုဒ်မပေါင်း (၂၇)ခုပါဝင်။
တားမြစ်ချက်
ပုဒ်မ (၁၄)
မည်သူမျှ မည်သည့်ဘာသာ သာသနာကိုမဆို စော်ကားရန်၊
အကြည်ညိုပျက်စေရန်၊ သို့မဟုတ် တလွဲအသုံးပြုရန် အကြံဖြင့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း
မပြုရ။
(မှတ်ပုံတင်လိုချင်၍ဖြစ်စေ၊ အလုပ်ရလို၍ဖြစ်စေ၊
မိန်းမလိုချင်၍ ဖြစ်စေ၊ ရာဇဝတ်မှုကို ရှောင်လွှဲလို၍ဖြစ်စေ၊ ပူးသတ်လို၍ ဖြစ်စေ ဟန်ဆောင်ကူးပြောင်းမှု
မှန်သမျှကို တားမြစ်ထားသော ဥပဒေဖြစ်သည်။)
ပြစ်ဒဏ်
မည်သူမဆို ပုဒ်မ(၁၄)ပါ တားမြစ်ချက်ကို
ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် (ဤပုဒ်မ ၁၇ အရ) ထိုသူကို
နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်လည်း
ချမှတ်နိုင်သည်။
(ဟန်ဆောင်ကူးပြောင်းကြောင်းထင်ရှားလျှင်
ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်နိုင်သည်။ အမြင့်ဆုံး ပြစ်ဒဏ်သည်(၂)နှစ်ဖြစ်ပြီး (၂)နှစ်အောက်လည်း
ချမှတ်နိုင်သည်။ ငွေဒဏ် (၂)သိန်း ထပ်ဆင့် ချမှတ်နိုင်သည်။)
တားမြစ်ချက်
ပုဒ်မ(၁၅)။
မည်သူမျှ သူတစ်ဦးတစ်ယောက်ကို ကိုးကွယ်ရာဘာသာ
ကူးပြောင်းရန်ြေ<ွကးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊
မလျော်သြဇာသုံးခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း မပြုရ။
(ကာမဖြင့်ဖြစ်စေ၊ ဓနဖြင့်ဖြစ်စေ၊ လာဘဖြင့်ဖြစ်စေ၊
အကြပ် ကိုင်၍ ဖြစ်စေ၊ မိဘအုပ်ထိန်းသူများ မသိလိုက်ရဘဲ မိန်းကလေးက မတတ်သာ၍ ဝင်ရသည့်ပုံစံမျိုးဖြစ်စေရန်
အတင်းအဓမ္မ ဘာသာ သိမ်းသွင်းမှု မှန်သမျှကို တားမြစ်ထားသော ဥပဒေဖြစ်သည်။)
ပြစ်ဒဏ်
မည်သူမဆို ပုဒ်မ(၁၅)ပါ တားမြစ်ချက်ကို
ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် (ဤပုဒ်မ ၁၈ အရ) ထိုသူကို
နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်လည်း
ချမှတ်နိုင်သည်။
(မိဘဆွေမျိုးသားချင်းများ မသိလိုက်ရဘဲ
လူမသိသူမသိ ခိုးကြောင်ခိုးဝှက် ဘာသာကူးပြောင်းပေးတာမျိုး ကျူးလွန်ပါက ကူးပြောင်းသွားသူကို
အရေးယူတာမျိုးမဟုတ်ဘဲ ကူးပြောင်းခိုင်းသူ၊ ကူးပြောင်းပေးသူများကိုသာ အရေးယူခြင်းဖြစ်သည်။
အမြင့်ဆုံး ပြစ်ဒစ်မှာ နှစ်နှစ်ဖြစ်ပြီး၊ ငွေဒဏ် သုံးသိန်းလည်း ချမှတ်နိုင်သည်။)
တားမြစ်ချက်
ပုဒ်မ(၁၆)။
မည်သူမျှ ကိုးကွယ်ရာ ဘာသာကူးပြောင်းနိုင်ခွင့်ရှိသူ
တစ်ဦး တစ်ယောက်၏ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းကို ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း သို့မဟုတ်
နှောက်ယှက်ခြင်းမပြုရ။
(မယား ဘာသာကူးပြောင်းခြင်းကို လင်က၊ သားသမီး
ဘာသာ ကူးပြောင်းခြင်းကို မိဘက၊ တပည့် ဘာသာကူးပြောင်းခြင်းကို ဆရာက တားမြစ်ခွင့်မရှိစေရ။
မတားမြစ်ရ၊ မနှောင့်ယှက်ရဟု သတ်မှတ်ထားသော ဥပဒေဖြစ်သည်။ အရွယ်ရောက်သူမှန်သမျှကို လွတ်လပ်စွာ
ရွေးချယ်၊ ကိုးကွယ်ခွင့်ပေးထားသော ဥပဒေဖြစ်သည်။ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝပေးထားသော
ဥပဒေဖြစ်သည်။)
ပြစ်ဒဏ်
မည်သူမဆို ပုဒ်မ (၁၆)ပါ တားမြစ်ချက်ကို
ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် (ဤပုဒ်မ ၁၉ အရ) ထိုသူကို
ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ချမှတ်ရမည်။
(ကူးပြောင်းသွားလျှင် အမွေဖြတ်မည်၊ ဆွေဖြတ်မျိုးဖြတ်
ဖြတ်တောက်မည် စသည်ဖြင့် အကြပ်ကိုင် တားမြစ်သူ၊ မကူးပြောင်း ဖြစ်စေရန် ရိုက်နှက်နှိပ်စက်သူ
မှန်သမျှကို အမြင့်ဆုံး ထောင်ဒဏ် ခြောက်လ၊ အမြင့်ဆုံးဒဏ်ငွေ ငါးသောင်းကျပ် (သို့မဟုတ်)
ထောင်ဒဏ်နှင့်ငွေဒဏ် တွဲလျက်လည်း ချမှတ်နိုင်သည်။)
ပုဒ်မ (၂ဝ) အထူးပြစ်ဒဏ်
ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှား
စီရင်ခြင်းခံရ သူသည် ယခင်က ယင်းပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ ရလျှင် ထပ်မံကျူးလွန်သော
ပြစ်မှုအတွက် မူရင်းပြဋ္ဌာန်းသော အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။
(ပုဒ်မ(၁၄) ဟန်ဆောင်ကူးပြောင်းမှုဖြင့်
ပြစ်ဒဏ် တစ်ကြိမ် ချမှတ်ခံရဖူးသူ၊ ပုဒ်မ (၁၅) မတရားသောနည်းလမ်းဖြင့် ဘာသာရေး နယ်ချဲ့မှုဖြင့်
ထောင်ဒဏ်တစ်ကြိမ်ချမှတ်ခံရဖူးသူ၊ ပုဒ်မ (၁၆) လွတ်လပ်စွာ ကူးပြောင်းခွင့်ကို ချိုးဖောက်မှုဖြင့်
တစ်ကြိမ် ပြစ်ဒဏ် ချခံရဖူးသူဖြစ်လျှင် အမြင့်ဆုံး ထောင်ဒဏ် (၂)နှစ် ချမှတ်ရမည်။ လုံးဝမလျှော့ရ။)
အနှစ်သာရများ
အရွယ်ရောက်ပြီးသူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်
ရရှိစေမည်။
ဘာသာတရားတိုင်း တန်းတူအခွင့်အရေးရရှိစေမည်။
ဘာသာတရား တစ်ခုနှင့်တစ်ခု အနိုင်ကျင့်ခွင့်
လုံးဝ မရှိစေရ။
ကာမ၊ ဓန၊ လာဘ စသည့် အဓမ္မနည်းဖြင့် စည်းရုံးခွင့်
မရှိ တော့သောကြောင့် ဘာသာတရားတိုင်း လုံခြုံရေး ရရှိစေမည်။
ဘာသာတရားတစ်ခုကို ဖျက်လိုဖျက်ဆီးလုပ်လို၍
ဘာသာ ကူးပြောင်းမှုများ ကင်းဝေးသွားမည်။
ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ကူးပြောင်းလိုလျှင်
မှတ်ပုံတင်အဖွဲ့ထံ တရားဝင်တင်ပြခွင့် ရရှိမည်။ အခမ်းအနားဖြင့် ကူးပြောင်းခွင့်ရရှိမည်။
လူသိရှင်ကြား တရားဝင်ဘာသာကူးပြောင်းခွင့် ရရှိမည်။
ဝီရသူ (မစိုးရိမ်)
“ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ
အဘယ်ကြောင့် လိုအပ်သနည်း”
------------------------------------------------------------------------------------
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင်
ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းရန် အဘယ့်ကြောင့် လိုအပ်သနည်းဆိုသည်ကို ၂ဝ၁၄ခုနှစ်က
ရေးသားခဲ့သော ဆရာတော်ဦးဝီရသူ(မစိုးရိမ်)၏ ''အမျိုးစောင့်ဥပဒေ''စာအုပ်တွင် ဖော်ပြချက်များအား
ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ (အယ်ဒီတာအဖွဲ့၊ အတုမရှိဂျာနယ်)
အဘယ့်ကြောင့် လိုအပ်သနည်းဆိုလျှင် ဘေးအန္တရာယ်
ကျရောက်လာသောကြောင့်ပင် ဖြစ်လေသည်။
မိန်းကလေးဆန္ဒမပါဘဲ လင်ဖြစ်သူနှင့် လင်ဖြစ်သူ၏
အသိုက်အဝန်းကို မလွန်ဆန် နိုင်သောကြောင့် မိခင်ဘာသာတရားကို စွန့်လွှတ်လိုက်ရသည့် အန္တရာယ်မျိုးပင်
ဖြစ်လေသည်။ မိန်းကလေးက ကျေနပ်လျှင် ကိစ္စမရှိသော်လည်း မိန်းကလေးက မိခင် ဘာသာကို မစွန့်လွှတ်ဘဲ
တင်းခံနေလျှင် သို့တည်းမဟုတ် မိခင်ဘာသာကို မစွန့်လွှတ် နိုင်၍ လင်မသိအောင် ခိုးကြောင်ခိုးဝှက်
ကျင့်သုံးနေလျှင် ပြဿနာ ရှိလာလေသည်။ ထို့အပြင် မိန်းကလေး ဆန္ဒပါသည့်တိုင် ထိုမိန်းကလေး၏
မိဘ အုပ်ထိန်းသူများ မသိလိုက်ရဘဲ လူမသိသူမသိ တိတ်တိတ်ပုန်း ဘာသာကူးပြောင်း လိုက်ရခြင်းသည်
အန္တရာယ် တစ်ရပ်ပင် ဖြစ်လေသည်။ ထိုသို့သော အန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေလိုအပ်လာခြင်း ဖြစ်လေသည်။
ဥပမာ - လင်ကိုကြောက်၍ အစ္စလာမ် ဘာသာသို့
ကူးပြောင်းခဲ့ရသော မဝါဝါမြင့်၊ ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်း ဘုန်းကြီး ကျောင်းသွား၍ ဥပုသ်စောင့်သည်ကို
လင် ဖြစ်သူ အစ္စလာမ်ဘာသာဝင် ရန်မဇန်း သိသွားသောကြောင့် ကိုယ်ဝန်ခြောက်လ ပျက်ကျသည်အထိ
ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရပေသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှ
မဇင်နွယ်ဝင်းလည်း လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုမည်ဟူသော ကတိစကားကြောင့် လင်ဖြစ်သူနောက်
လိုက်သွားခဲ့သည်။ ကိုယ်ဝန်ရသည့်အခါမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလိုက်ရသည်။ ခေါင်းမြီးခြုံလိုက်
ရသည်။
ကျောက်မဲမြို့မှ သူနာပြုဆရာမလေး မင်္ဂလာဦးညမှာပင်
လားရှိုးဗလီထဲ၌ နေကာဟ်ဖတ်မှု ခံယူလိုက်ရသည်။ မိခင် ကျောင်းဆရာမကြီး လိုက်လာသည့်အခါ သမီးဖြစ်သူကလည်း
ထွက်မတွေ့။ ဗလီ ထဲလည်း ဝင်ခွင့်မရ။ ဗလီဆရာကြီးပြသော လက်ထပ်စာချုပ်ကို ကြည့်လိုက်သည့်အခါ
သမီးဖြစ်သူသည် အစ္စလာမ်ဘာသာဝင် ဖြစ်သွားခဲ့လေပြီတည်း။ ထိုသို့ သတို့သမီး ဖြစ်သူ အစ္စလာမ်ဘာသာသို့
ကူးပြောင်းသွား သည်ကို မိဘများ လုံးဝမသိရှိလိုက်ရပါ။ မောင်ညီမများ လုံးဝ မသိရှိလိုက်ရပါ။
သူငယ်ချင်းများ၊ အိမ်နီးချင်းများ မဆိုထားဘိ မိန်းကလေးဘက်မှ အဖော်သက်သေဟူ၍ တစ်ယောက်တလေမျှပင်
မရှိပါ။ ထိုမိန်းကလေး၏ မိသားစု အဘယ်သို့ ခံစားရပါမည်နည်း။ ဤဖြစ်ရပ်မျိုးကို အခြား ဘာသာများဖြစ်သည့်
ခရစ်ယာန်နှင့် ဟိန္ဒူများလည်း တွေ့ကြုံနေရလေသည်။ ဤသို့သော အန္တရာယ်မျိုး ကျရောက်လာ သောကြောင့်
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ် လိုအပ်လာခြင်း ဖြစ်ပါသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ပေါ်ပေါက်လာလျှင်
မိန်းကလေးများ ထိုသို့ အနိုင်ကျင့်မခံရတော့ပေ။ မိန်းကလေးက ပြောင်းချင်လျှင်လည်း လွတ်လပ်စွာကူးပြောင်း
ခွင့်ရှိပါသည်။ မိကောင်းဖခင် သားသမီး ပီသစွာ လူမှုရေးအသိရှိသူများ ပီသစွာ မိဘအုပ်ထိန်း
သူများထံ အသိပေး အကြောင်းကြားပြီး တရားဝင် ကူးပြောင်းဖို့သာ လိုအပ်ပါသည်။ ဘာသာတစ်ခုမှ
အခြားဘာသာတစ်ခုသို့ ကူးပြောင်းခြင်းကို တားမြစ်ခြင်း လုံးဝမရှိပါ။ လွတ်လပ်စွာ ကူးပြောင်းခွင့်
ရှိပါသည်။
အမျိုးသားက အမျိုးသမီးကို ဖိအားပေး ကူးပြောင်းခိုင်းခြင်း၊
အမျိုးသမီးက အမျိုးသား ကို အကြပ်ကိုင်ကူးပြောင်းခိုင်းခြင်း၊ ချမ်းသာ သူက ဆင်းရဲသူကိုလာဘ်လာဘဖြင့်စည်းရုံး
သိမ်းသွင်းခြင်း၊ အားကြီးသူက အားနည်း သူကို အင်အားသုံးအနိုင်ကျင့်၍ ဘာသာ ကူးပြောင်းခြင်တို့သည်
အဓမ္မနည်းဖြင့် ထူထောင်ရာ ရောက်ပါသည်။
ဘာသာတရားဟူသည် စိတ်ပြဋ္ဌာန်းသော အရာဖြစ်ပါသည်။သဒ္ဓါတရားသာ
အဓိက ဖြစ်ပါသည်။ တစ်စုံတရာ ဖိအားအပေးခံရ၍ မိခင်ဘာသာကို စွန့်လွှတ်လိုက်ရခြင်းအတွက် ကာယကံရှင်မှာ
ထိခိုက်နစ်နာမှု များပြား တတ်ပါသည်။ ကျူးလွန်သူများမှာ လူ့အခွင့် အရေး ချိုးဖောက်ရာ
ရောက်ပါသည်။ ထိုသို့ အကာအကွယ်မဲ့နေသော မြန်မာ တိုင်းရင်းသူ မိန်းကလေးများအတွက် ဘာသာကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေ ရေးဆွဲ ခြင်းဖြစ်ပါသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ပေါ်ပေါက်လာလျှင်
တိုင်းရင်းသူ တိုင်းရင်းသား များသာမကဘဲ နိုင်ငံသူ နိုင်ငံသားတိုင်းပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိမည်ဖြစ်ပါသည်။
မည်သည့်ဘာသာ၊ မည်သည့်လူမျိုးကိုမျှ အခွင့်အရေး ပိုပေးထားခြင်း မရှိပါ။အားလုံး တန်းတူခံစားခွင့်ရရှိမည့်
ဥပဒေတစ်ရပ် ဖြစ်ပါသည်။
ဝီရသူ(မစိုးရိမ်)
၂၇.၁၁.၂ဝ၁၄


No comments:
Post a Comment